အမှတ်တရနေ့လေးမှာ ခင်ပွန်းကို သိန်း (၄၀) ကျော်တန် လက်ဆောင်နဲ့ Surprise လုပ်ခဲ့တဲ့ ရွှေမှုန်ရတီ
အမှတ်တရနေ့လေးမှာ ခင်ပွန်းကို သိန်း (၄၀) ကျော်တန် လက်ဆောင်နဲ့ Surprise လုပ်ခဲ့တဲ့ ရွှေမှုန်ရတီ
[UNICODE FONT]
ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ အဆိုတော်ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့နှစ်ဦးကတော့တစ်ဦးနဲ့တစ်ဦးအပေါ်တစ်ဦး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေအပြည့်ပေးပြီး အခက်အခဲတွေကို အတူကျော်ဖြတ်ရင်း နှစ်ကိုယ်တူ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို ပုံဖော်နေကြတာပါ။ ချစ်တတ်လွန်းသူကြီး ရွှေထူးကတော့ အမြဲလိုလို ဇနီးချာလးကို ဘယ်လောက်ချစ်ကြောင်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးလေ့ရှိပါတယ်။ ရွှေမှုံလေးကလည်း ချစ်ရတဲ့ခင်ပွန်းကို မကြာခဏဆိုသလို တန်ဖိုးကြီးလက်ဆောင်တွေ ပေးလေ့ရှိပါတယ်။ လတ်တလောမှာတော့ ရွှေမှုံလေးက သူတို့ဇနီးမောင်နှံရဲ့ အမှတ်တရနေ့လေးမှာ ခင်ပွန်းဖြစ်သူကို Gucci အဝတ်အစားတွေ လက်ဆောင်ပေးခဲ့တာ တွေ့ရပါတယ်။
ရွှေမှုံရတီကတော့ သူတို့ဇနီးမောင်နှံရဲ့ အမှတ်တရနေ့လေးမှာ ခင်ပွန်းကို သိန်း (၄၀) ကျော် တန်ဖိုးရှိတဲ့ နာမည်ကြီး Gucci အဝတ်အစားတွေကို လက်ဆောင်ပေးခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ တင်ထားခဲ့တာပါ။
ချစ်ပရိသတ်တွေအတွက် ရွှေမှုံရတီရဲ့ Surprise ကြောင့် ပျော်သွားတဲ့ ရွှေထူးရဲ့ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။
ရွှေမှုံရတီရဲ့ Surprise ကြောင့် ပျော်သွားတဲ့ ရွှေထူးရဲ့ ဗီဒီယို
ရွှေထူးကတော့ လတ်တလောမှာ နယ်ရှိုးပွဲဆိုရင်းနဲ့ တစ်ခြားသော အနုပညာ အလုပ်တွေဆက်တိုက် လုပ်ဖြစ်နေတာဖြစ်ပြီး ရွှေမှုံလေးကလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတာ တွေ့ရပါတယ်နော်။ ခရီးသွားရတာ ဝါသနာပါတဲ့ ရွှေထူးနဲ့ ရွှေမှုံလေး တို့နှစ်ဦးကတော့ မကြာခဏဆိုသလို ခရီးထွက်လေ့ရှိပါတယ်။ ချစ်ပရိသတ်တွေလည်း အိမ်ထောင်ပြုပြီးမှ ပိုပိုပြီးချစ်လာကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံနှစ်ဦးကိုချစ်ရင် share သွားကြဖို့မမေ့ပါနဲ့နော်။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Comments are closed.