ရဟတ္ယာဥ္ေမာင္းႏွင္သူ Pilot ကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေက်းဇူးတင္

ရဟတ္ယာဥ္ေမာင္းႏွင္သူ Pilot ကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေက်းဇူးတင္

စီးလာသည့္ ရဟတ္ယာဥ္ ျပန္တက္စဥ္ ဟိုက္ဒေရာလစ္ ဆီယိုသျဖင့္ မိုင္းတုံၿမိဳ႕တြင္ ျပန္ဆင္းခဲ့ရေသာ ဆုံးျဖတ္ခ်က္သည္ မွန္ကန္စြာ ခ်မွတ္ေပးခဲ့ေသာေၾကာင့္ ရဟတ္ယာဥ္ေမာင္းႏွင္သူ Pilot ကို ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေက်းဇူးတင္ စကား ေျပာဆိုခဲ့ေၾကာင္း သိရသည္။“ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကလည္း ရဟတ္ယာဥ္စီစဥ္ေပးတဲ့ တပ္မေတာ္ကိုေရာ၊ ဆုံးျဖတ္ခ်က္ မွန္ကန္စြာ ခ်မွတ္ခဲ့တဲ့ pilot ကိုေရာ ေက်းဇူးတင္ေၾကာင္း ေျပာပါတယ္”ဟု ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံး၏ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ဧရာဝတီသို႔ ေျပာ သည္။

အတိုင္ပင္ခံပုဂၢိဳလ္အတြက္ မည္သည့္ စိုးရိမ္စရာမွ မရွိေၾကာင္း၊ ယင္းရဟတ္ယာဥ္ႏွင့္ က်န္ရဟတ္ယာဥ္ ၂ စီးလုံး နမ့္ဆန္ၿမိဳ႕ သို႔ ျပန္သြားၿပီး ျဖစ္ေၾကာင္း၊ အဆိုပါ အေျခအေနမ်ိဳးတြင္ စိတ္ခ်ရမႈ ရွိ၊ မရွိ ဆိုသည္မွာ Pilot ၏ ဆုံးျဖတ္ခ်က္ ျဖစ္ေၾကာင္း ၫႊန္ၾကား ေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာသည္။“ဒီလို အေျခအေနမ်ိဳးမွာ စိတ္ခ်ရျခင္း ရွိ-မရွိက Pilot ရဲ႕ ဆုံးျဖတ္ခ်က္ ျဖစ္ပါတယ္။ ဆုံးျဖတ္ခ်က္ မွန္ပါတယ္။ ခရီးစဥ္လည္း လ်ာ ထား စီစဥ္တဲ့အတိုင္း အဆင္ေျပပါတယ္”ဟု ၎က ဆက္လက္ ေျပာၾကားသည္။ေဒၚေအာင္ဆန္းစုၾကည္ လိုက္ပါလာသည့္ တပ္မေတာ္ ရဟတ္ယာဥ္သည္ ဟိုက္ဒေရာလစ္ ဆီယို သျဖင့္ မိုင္းတုံၿမိဳ႕ မွ အတက္ ျပန္ဆင္းခဲ့ရေသာ္လည္း အျခားရဟတ္ယာဥ္တဦးျဖင့္ အစားထိုး ထြက္ခြာႏိုင္ခဲ့ေၾကာင္း၊ ရွမ္းျပည္နယ္ အေရွ႕ ပိုင္းရွိ မိုင္းတုံတာဆန္း တံတားကို ပႏၷက္႐ိုက္ပြဲ အခမ္းအနားသို႔ တက္ေရာက္အၿပီး မိုးဆတ္ၿမိဳ႕သို႔ ဆက္လက္ ထြက္ခြာစဥ္ ယခုလို ျဖစ္စဥ္ ျဖစ္ပြားျခင္း ျဖစ္ေၾကာင္း မိုင္းတုံၿမိဳ႕နယ္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ ခ်ဳပ္ (NLD) ထံမွ သိရသည္။

မိုင္းတုံ NLD ဥကၠဌ ဦးတင္ခိုင္က“ရဟတ္ယာဥ္ တက္ၿပီး မၾကာဘူး၊ ဟိုက္ဒေရာလစ္ဆီယိုလို႔ ခဏေတာ့ ျပန္ဆင္းလိုက္ရတယ္။ ၿပီးရင္ ေနာက္တစီး ေျပာင္းစီးၿပီးေတာ့ ျပန္ထြက္သြားေတာ့ အဆင္ေျပသြားတယ္”ဟု ေျပာသည္။အတိုင္ပင္ခံပုဂၢိဳလ္သည္ ယခုအခါ မိုင္းဆတ္ၿမိဳ႕ သို႔ လုံၿခဳံစြာ ေရာက္ရွိသြားၿပီး လူထု ေတြ႕ဆုံပြဲ ဆက္လက္ ျပဳလုပ္လ်က္ရွိသည္ကို ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံးက Facebook မွ တိုက္႐ိုက္ထုတ္လြင့္ျပသခဲ့သည္။လက္ရွိ အခ်ိန္တြင္ အစိုးရတြင္ ကိုယ္ပိုင္ ရဟတ္ယာဥ္ မရွိဘဲ လိုအပ္ပါက တပ္မေတာ္မွ ငွားရမ္း အသုံးျပဳေနရသျဖင့္ စိတ္သြား တိုင္း ကိုယ္ပါရန္ အစိုးရပိုင္ ရဟတ္ယာဥ္တစီး လိုခ်င္ေၾကာင္း အစိုးရဝန္ႀကီးတဦးျဖစ္သူ ေဒါက္တာ ဝင္းျမတ္ေအးက မီဒီယာမ်ားသို႔ ထုတ္ေဖာ္ေျပာဆိုဖူးသည္။

၂၀၁၈ ခုႏွစ္ ၾသဂုတ္လက အတိုင္ပင္ခံပုဂၢိဳလ္သည္ ၎၏ ပခုကၠဴ ခရီးစဥ္တြင္ တပ္မေတာ္ ရဟတ္ယာဥ္ မသုံးဘဲ ထူးကုမၸဏီမွ ရဟတ္ယာဥ္မ်ားကို ငွားရမ္းသုံးစြဲခဲ့ဖူးၿပီး တပ္မေတာ္ ရဟတ္ယာဥ္ မသုံးျခင္းမွာ ပုဂၢိဳလ္ေရး ကိစၥမ်ား ပါေန၍ဟု သမၼတ႐ုံး အရာရွိက ေျပာဆိုခဲ့ဖူးသည္။အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ရွမ္းျပည္နယ္အတြင္းသို႔ လွည့္လည္ သြားလာလ်က္ရွိၿပီး မၾကာမီတြင္ တနသာရႌ တိုင္းသို႔ သြားေရာက္ရန္ ရွိေၾကာင္း ေနျပည္ေတာ္ သတင္းရပ္ကြက္မွ သိရသည္။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

စီးလာသည့် ရဟတ်ယာဉ် ပြန်တက်စဉ် ဟိုက်ဒရောလစ် ဆီယိုသဖြင့် မိုင်းတုံမြို့တွင် ပြန်ဆင်းခဲ့ရသော ဆုံးဖြတ်ချက်သည် မှန်ကန်စွာ ချမှတ်ပေးခဲ့သောကြောင့် ရဟတ်ယာဉ်မောင်းနှင်သူ Pilot ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင် စကား ပြောဆိုခဲ့ကြောင်း သိရသည်။“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ရဟတ်ယာဉ်စီစဉ်ပေးတဲ့ တပ်မတော်ကိုရော၊ ဆုံးဖြတ်ချက် မှန်ကန်စွာ ချမှတ်ခဲ့တဲ့ pilot ကိုရော ကျေးဇူးတင်ကြောင်း ပြောပါတယ်”ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဧရာဝတီသို့ ပြော သည်။

အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် မည်သည့် စိုးရိမ်စရာမှ မရှိကြောင်း၊ ယင်းရဟတ်ယာဉ်နှင့် ကျန်ရဟတ်ယာဉ် ၂ စီးလုံး နမ့်ဆန်မြို့ သို့ ပြန်သွားပြီး ဖြစ်ကြောင်း၊ အဆိုပါ အခြေအနေမျိုးတွင် စိတ်ချရမှု ရှိ၊ မရှိ ဆိုသည်မှာ Pilot ၏ ဆုံးဖြတ်ချက် ဖြစ်ကြောင်း ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။“ဒီလို အခြေအနေမျိုးမှာ စိတ်ချရခြင်း ရှိ-မရှိက Pilot ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဆုံးဖြတ်ချက် မှန်ပါတယ်။ ခရီးစဉ်လည်း လျာ ထား စီစဉ်တဲ့အတိုင်း အဆင်ပြေပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် တပ်မတော် ရဟတ်ယာဉ်သည် ဟိုက်ဒရောလစ် ဆီယို သဖြင့် မိုင်းတုံမြို့ မှ အတက် ပြန်ဆင်းခဲ့ရသော်လည်း အခြားရဟတ်ယာဉ်တဦးဖြင့် အစားထိုး ထွက်ခွာနိုင်ခဲ့ကြောင်း၊ ရှမ်းပြည်နယ် အရှေ့ ပိုင်းရှိ မိုင်းတုံတာဆန်း တံတားကို ပန္နက်ရိုက်ပွဲ အခမ်းအနားသို့ တက်ရောက်အပြီး မိုးဆတ်မြို့သို့ ဆက်လက် ထွက်ခွာစဉ် ယခုလို ဖြစ်စဉ် ဖြစ်ပွားခြင်း ဖြစ်ကြောင်း မိုင်းတုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ထံမှ သိရသည်။

မိုင်းတုံ NLD ဥက္ကဌ ဦးတင်ခိုင်က“ရဟတ်ယာဉ် တက်ပြီး မကြာဘူး၊ ဟိုက်ဒရောလစ်ဆီယိုလို့ ခဏတော့ ပြန်ဆင်းလိုက်ရတယ်။ ပြီးရင် နောက်တစီး ပြောင်းစီးပြီးတော့ ပြန်ထွက်သွားတော့ အဆင်ပြေသွားတယ်”ဟု ပြောသည်။အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယခုအခါ မိုင်းဆတ်မြို့ သို့ လုံခြုံစွာ ရောက်ရှိသွားပြီး လူထု တွေ့ဆုံပွဲ ဆက်လက် ပြုလုပ်လျက်ရှိသည်ကို နိုင်ငံတော် အတိုင်ပင်ခံရုံးက Facebook မှ တိုက်ရိုက်ထုတ်လွင့်ပြသခဲ့သည်။လက်ရှိ အချိန်တွင် အစိုးရတွင် ကိုယ်ပိုင် ရဟတ်ယာဉ် မရှိဘဲ လိုအပ်ပါက တပ်မတော်မှ ငှားရမ်း အသုံးပြုနေရသဖြင့် စိတ်သွား တိုင်း ကိုယ်ပါရန် အစိုးရပိုင် ရဟတ်ယာဉ်တစီး လိုချင်ကြောင်း အစိုးရဝန်ကြီးတဦးဖြစ်သူ ဒေါက်တာ ဝင်းမြတ်အေးက မီဒီယာများသို့ ထုတ်ဖော်ပြောဆိုဖူးသည်။

၂၀၁၈ ခုနှစ် သြဂုတ်လက အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၎င်း၏ ပခုက္ကူ ခရီးစဉ်တွင် တပ်မတော် ရဟတ်ယာဉ် မသုံးဘဲ ထူးကုမ္ပဏီမှ ရဟတ်ယာဉ်များကို ငှားရမ်းသုံးစွဲခဲ့ဖူးပြီး တပ်မတော် ရဟတ်ယာဉ် မသုံးခြင်းမှာ ပုဂ္ဂိုလ်ရေး ကိစ္စများ ပါနေ၍ဟု သမ္မတရုံး အရာရှိက ပြောဆိုခဲ့ဖူးသည်။အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ်အတွင်းသို့ လှည့်လည် သွားလာလျက်ရှိပြီး မကြာမီတွင် တနသာင်္ရီ တိုင်းသို့ သွားရောက်ရန် ရှိကြောင်း နေပြည်တော် သတင်းရပ်ကွက်မှ သိရသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.