ကြယ္လြန္သြားတဲ့ ဖခင္ ဦးကင္းေကာင္အတြက္ သားျဖစ္သူရဲ႕ မ်က္ရည္က်ဖြယ္ ေနာက္ဆံုးစာလႊာ

ကြယ္လြန္သြားတဲ့ ဖခင္ ဦးကင္းေကာင္အတြက္ သားျဖစ္သူရဲ႕ မ်က္ရည္က်ဖြယ္ ေနာက္ဆံုးစာလႊာ

ပရိသတ္ေတြကုိ သူတတ္စြမ္းတဲ့ ဟာသဥာဏ္ရႊင္ရႊင္ေလးေတြနဲ႔ ႏွစ္အေတာ္ၾကာသည့္တိုင္ ရယ္ေမာေပ်ာ္ရႊင္ေစခဲ့သူ ဦးကင္းေကာင္တစ္ေယာက္ ပုပၸါးမွာ ဇာတ္လမ္းတြဲရိုက္ကူးေနရင္း ဇန္နဝါရီလ ၂၂ ရက္ေန႔က ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။ ကင္းေကာင္ရဲ႕ ကြယ္လြန္သြားမွုသတင္းဟာ သူခ်စ္တဲ့အႏုပညာေလာကနဲ႔ အႏုပညာေမာင္ႏွမေတြအျပင္ ပရိသတ္ေတြကိုပါ ႏွေျမာတသ ဝမ္းနည္းျဖစ္ေစခဲ့ပါတယ္။

ကင္းေကာင္ဟာ တစ္ဦးတည္းေသာ သားေလးနဲ႔အတူ ဘဝကို ေပ်ာ္ရႊင္ဖြယ္တည္ေဆာက္ေနရင္းနဲ႔ပဲ သူခ်စ္တဲ့မိသားစုကိုပါ ႏွုတ္ဆက္ထြက္ခြာသြားခဲ့တာျဖစ္ပါတယ္။ သားျဖစ္သူ ရဲမြန္ေအာင္ကေတာ့ ဖခင္ရဲ႕အၾကိဳက္ဆံုးသီခ်င္းေလးျဖစ္တဲ့ ေပ်ာက္ဆံုးေနတဲ့ နိဗၺါန္ဘံု သီခ်င္းေလးကို သီဆိုေပးမယ့္သူမရွိေတာ့ဘူးလို႔ ဖခင္နဲ႔ပတ္သက္ျပီး ဝမ္းနည္းစာေလးတစ္ေစာင္ေရးသားထားခဲ့တာ ေတြ႔ရပါတယ္။

“ေဖ​ေဖအႀကိဳက္​ဆံုးသီခ်င္​း​ေလးကို ​ေဖ​ေဖ​ေန​ေကာင္​းရင္​ ​ေဖ​ေဖကဆို သားကတီးမယ္​ ​ေမ​ေမနား​ေထာင္​မယ္​ ဆိုပီး piano ​ေပၚ သီခ်င္​းႏႈတ္​​ေလးတင္​ထားတာ ​အခုဆိုမယ္​့သူမ႐ွိ​ေတာ့ဘူး​ေဖ​ေဖ…ဆယ္​တန္​းပီးကတည္​းက အ​ေဒၚ​ေတြဦး​ေလး​ေတြ အခုအသက္​အရြယ္​အထိ အဖြားကို ​ေန႔တိုင္​းအလုပ္​သြားကာနီးတိုင္​း ထိုင္​ကန္​​ေတာ့ၾကတာကို သား အတုယူခဲ့တယ္​ ​ေဖ​ေဖ… ​ေဖ​ေဖတို႔လဲ စိတ္​ခ်မ္​းသာမယ္​ သားလဲ ကုသိုလ္​ရ​ေအာင္​ မိဘ​ေတြ ဆံုး​ေတာ့မွ ကန္​​ေတာ့လို႔မရ​ေတာ့​ေလျခင္​းဆိုတဲ့ ​ေနာင္​တမရ​ေအာင္​ ဆယ္​တန္​း​ေအာင္​လို႔ တကၠသိုလ္​ စတက္​ကတည္​းက ​ေက်ာင္​းသြားတိုင္​း ​ေဖ​ေဖနဲ႔ ​ေမ​ေမရဲ႕ ​ေျခ​ေထာက္​ကို ဦးခိုက္​ကန္​​ေတာ့တယ္​ ညအိပ္​ရာ၀င္​တိုင္​းလဲ ကန္​​ေတာ့တယ္​ အခု ​ေက်ာင္​းပီးလို႔ အလုပ္​သြားကာနီးတိုင္​းလဲ ကန္​​ေတာ့တယ္​ ညအိပ္​တိုင္​းလဲ ​ေဖ​ေဖနဲ႔​ေမ​ေမရဲ႕ ​ေျခ​ေထာက္​ကိုထိၿပီးကန္​​ေတာ့ပီးမွ အိပ္​​ေနၾက​ေလ…”

“အဲ့အ​ေၾကာင္​း​ေတြကို အရမ္​းခင္​တဲ့ သူငယ္​ခ်င္​း​ေတြကို​ေျပာျပဖူးတယ္​ သူတို႔က ျပန္​​ေျပာတယ္​ ဒီအသက္​ ဒီအရြယ္​​ေရာက္​မွ ကန္​​ေတာ့တာ ႐ွက္​စရာႀကီးတဲ့ သားမ႐ွက္​ခဲ့ဘူး​ေနာ္​​ ​ေဖ​ေဖ… ​ေဖ​ေဖ အသိဆံုးပါ သားကန္​​ေတာ့ဖို႔​ေမ့​ေနရင္​​ေတာင္​ မင္​းရဲ႕သား ကန္​​ေတာ့ဖို႔​ေမ့ပီး အ​ေပၚတက္​သြားပီလားဆိုပီး ​ေမ​ေမ့ကို ​သတိ​ေပးတတ္​လို႔ ​ေမ​ေမလာ​ေျပာရင္​ ခ်က္​ခ်င္​း ဆင္​းကန္​​ေတာ့တာပါ​ေဖ​ေဖ… သားရဲ႕ ကန္​​ေတာ့တာကိုခံခ်င္​တဲ့ အ​ေဖတစ္​​ေယာက္​ရဲ႕ ဆႏၵကို သား​ေန႔တိုင္​းျဖည္​့စီး​ေပးခဲ့ပါတယ္​​ေနာ္​… ​ေနာက္​ဆံုး ​ေဖ​ေဖအိမ္​သာတက္​​ေနတာ​ေတာင္​ အိမ္​သာနဲ႔ အိပ္​ခန္​းတြဲ​ေနတဲ့ အိပ္​ခန္​းဘက္​ကတံခါးခ်က္​မခ် တတ္​တာကို သိလို႔ ​ေက်ာင္​းသြားကာနီး အလုပ္​​ေနာက္​က်​ေနလို႔ျဖစ္​ျဖစ္​ အျမန္​သြားစရာ႐ွိလို႔ အိမ္​သာတက္​ရင္​းတန္​းလန္​းျဖစ္​​ေနတဲ့ အ​ေဖ့ကို လက္​အုပ္​ခ်ီပီး လွမ္​းကန္​​ေတာ့တာ ​ေဖ​ေဖ ျမင္​ပါတယ္​… ​ေမ​ေမက​ေတာင္​​ေျပာ​ေသးတယ္​ နင္​ထိုင္​ကန္​​ေတာ့​ေလတဲ့… စာထဲမွာ ဖတ္​ဖူးတယ္​ ​ေမ​ေမလို႔ ဘုရင္​တစ္​ပါးက ဘုရား႐ွင္​ကို ကန္​​ေတာ့ဖို႔ အဆင္​မ​ေျပတဲ့ အခါမွာ သန္​လ်က္​ကို​ေျမႇာက္​ျပတယ္​တဲ့ ဘုရား႐ွင္​က ဦး​ေခါင္​းဆတ္​ကာ ႐ွင္​ဘုရင္​သန္​လ်က္​​ေျမႇာက္​ျပတာ မထီမဲ့ျမင္​ျပဳတာမဟုတ္​ဘူး မတတ္​သာတဲ့ အ​ေျခအ​ေနမို႔ လုပ္​ရတာျဖစ္​တယ္​ သူ႔ကို ႐ို​ေသသမႈနဲ႔ ကန္​​ေတာ့တာလို႔မွတ္​ယူ​ေတာ္​မူတယ္​တဲ့… သားအခုလိုလုပ္​တာကို ​ေဖ​ေဖနားလည္​​ေပးပါတယ္​… အဲ့လိုအခ်ိန္​ကလြဲလို႔ အျမဲတမ္​း ​ေဖ​ေဖနဲ႔​ေမ​ေမ ​ေျခ​ေထာက္​ကို ​ေခါင္​းနဲ႔ ထိပီး ကန္​​ေတာ့​ေနၾကပါ​ေဖ​ေဖ…”

“​ေဖ​ေဖဆံုးပီး​တဲ့​ေန႔ကစပီး အခုခ်ိန္​ထိ ​ေအာ္​ငိုလို႔မရ​ေသးဘူး​ေဖ​ေဖ… သတိရမိတိုင္​းမွာ မ်က္​ရည္​ကလည္​တက္​လာတယ္​​ေဖ​ေဖ… ညတိုင္​းတိတ္​တဆိတ္​ငို​ေကြၽး​ေနရတယ္​… သားငိုတာသိရင္​ ​ေမ​ေမ ပိုစိတ္​ထိခိုက္​မွာ​ေပါ့…အခုလို ညဘက္​​ေရာက္​လို႔ အိပ္​ကာနီးတိုင္​း သားမွာ ကန္​​ေတာ့စရာ ​ေမ​ေမတစ္​​ေယာက္​ပဲ႐ွိ​ေတာ့တယ္​ ​ေဖ​ေဖရယ္​… ​ေမ​ေမ့ရဲ႕ ညာ​ေျခကို ​ေဖ​ေဖ့ကိုယ္စား​လို႔ သတ္​မွတ္​ပီး ဘယ္​​ေျခကို ​ေမ​ေမကို ကန္​​ေတာ့​ေနတာ ဆိုတာ ​ေဖ​ေဖသိပါ​ေစ…”

“​ေဖ​ေဖအႀကိဳက္​ဆံုး သီခ်င္​း​ေလးထဲက နိဗၺာန္​ ဘံုဟာ ​ေပ်ာက္​ဆံုး​ေန​ေပမယ္​့ ​ေဖ​ေဖကိုယ္​တိုင္​က​ေတာ့ နိဗၺာန္​ဘံုကို ​ေရာက္​႐ွိပါ​ေစလို႔ သားဆု​ေတာင္​း​ေပးပါတယ္​ ​ေဖ​ေဖ…”

လူတိုင္းကို အျမဲျပံဳးေပ်ာ္ရႊင္ေစခဲ့တဲ့ဦးကင္းေကာင္ ေကာင္းရာမြန္ရာဘံုဘဝကိုေရာက္ရွိမွာပါ။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

ပရိသတ်တွေကို သူတတ်စွမ်းတဲ့ ဟာသဉာဏ်ရွှင်ရွှင်လေးတွေနဲ့ နှစ်အတော်ကြာသည့်တိုင် ရယ်မောပျော်ရွှင်စေခဲ့သူ ဦးကင်းကောင်တစ်ယောက် ပုပ္ပါးမှာ ဇာတ်လမ်းတွဲရိုက်ကူးနေရင်း ဇန်နဝါရီလ ၂၂ ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ကင်းကောင်ရဲ့ ကွယ်လွန်သွားမှုသတင်းဟာ သူချစ်တဲ့အနုပညာလောကနဲ့ အနုပညာမောင်နှမတွေအပြင် ပရိသတ်တွေကိုပါ နှမြောတသ ဝမ်းနည်းဖြစ်စေခဲ့ပါတယ်။

ကင်းကောင်ဟာ တစ်ဦးတည်းသော သားလေးနဲ့အတူ ဘဝကို ပျော်ရွှင်ဖွယ်တည်ဆောက်နေရင်းနဲ့ပဲ သူချစ်တဲ့မိသားစုကိုပါ နှုတ်ဆက်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ သားဖြစ်သူ ရဲမွန်အောင်ကတော့ ဖခင်ရဲ့အကြိုက်ဆုံးသီချင်းလေးဖြစ်တဲ့ ပျောက်ဆုံးနေတဲ့ နိဗ္ဗါန်ဘုံ သီချင်းလေးကို သီဆိုပေးမယ့်သူမရှိတော့ဘူးလို့ ဖခင်နဲ့ပတ်သက်ပြီး ဝမ်းနည်းစာလေးတစ်စောင်ရေးသားထားခဲ့တာ တွေ့ရပါတယ်။

“ဖေဖေအကြိုက်ဆုံးသီချင်းလေးကို ဖေဖေနေကောင်းရင် ဖေဖေကဆို သားကတီးမယ် မေမေနားထောင်မယ် ဆိုပီး piano ပေါ် သီချင်းနှုတ်လေးတင်ထားတာ အခုဆိုမယ့်သူမရှိတော့ဘူးဖေဖေ…ဆယ်တန်းပီးကတည်းက အဒေါ်တွေဦးလေးတွေ အခုအသက်အရွယ်အထိ အဖွားကို နေ့တိုင်းအလုပ်သွားကာနီးတိုင်း ထိုင်ကန်တော့ကြတာကို သား အတုယူခဲ့တယ် ဖေဖေ… ဖေဖေတို့လဲ စိတ်ချမ်းသာမယ် သားလဲ ကုသိုလ်ရအောင် မိဘတွေ ဆုံးတော့မှ ကန်တော့လို့မရတော့လေခြင်းဆိုတဲ့ နောင်တမရအောင် ဆယ်တန်းအောင်လို့ တက္ကသိုလ် စတက်ကတည်းက ကျောင်းသွားတိုင်း ဖေဖေနဲ့ မေမေရဲ့ ခြေထောက်ကို ဦးခိုက်ကန်တော့တယ် ညအိပ်ရာဝင်တိုင်းလဲ ကန်တော့တယ် အခု ကျောင်းပီးလို့ အလုပ်သွားကာနီးတိုင်းလဲ ကန်တော့တယ် ညအိပ်တိုင်းလဲ ဖေဖေနဲ့မေမေရဲ့ ခြေထောက်ကိုထိပြီးကန်တော့ပီးမှ အိပ်နေကြလေ…”

“အဲ့အကြောင်းတွေကို အရမ်းခင်တဲ့ သူငယ်ချင်းတွေကိုပြောပြဖူးတယ် သူတို့က ပြန်ပြောတယ် ဒီအသက် ဒီအရွယ်ရောက်မှ ကန်တော့တာ ရှက်စရာကြီးတဲ့ သားမရှက်ခဲ့ဘူးနော် ဖေဖေ… ဖေဖေ အသိဆုံးပါ သားကန်တော့ဖို့မေ့နေရင်တောင် မင်းရဲ့သား ကန်တော့ဖို့မေ့ပီး အပေါ်တက်သွားပီလားဆိုပီး မေမေ့ကို သတိပေးတတ်လို့ မေမေလာပြောရင် ချက်ချင်း ဆင်းကန်တော့တာပါဖေဖေ… သားရဲ့ ကန်တော့တာကိုခံချင်တဲ့ အဖေတစ်ယောက်ရဲ့ ဆန္ဒကို သားနေ့တိုင်းဖြည့်စီးပေးခဲ့ပါတယ်နော်… နောက်ဆုံး ဖေဖေအိမ်သာတက်နေတာတောင် အိမ်သာနဲ့ အိပ်ခန်းတွဲနေတဲ့ အိပ်ခန်းဘက်ကတံခါးချက်မချ တတ်တာကို သိလို့ ကျောင်းသွားကာနီး အလုပ်နောက်ကျနေလို့ဖြစ်ဖြစ် အမြန်သွားစရာရှိလို့ အိမ်သာတက်ရင်းတန်းလန်းဖြစ်နေတဲ့ အဖေ့ကို လက်အုပ်ချီပီး လှမ်းကန်တော့တာ ဖေဖေ မြင်ပါတယ်… မေမေကတောင်ပြောသေးတယ် နင်ထိုင်ကန်တော့လေတဲ့… စာထဲမှာ ဖတ်ဖူးတယ် မေမေလို့ ဘုရင်တစ်ပါးက ဘုရားရှင်ကို ကန်တော့ဖို့ အဆင်မပြေတဲ့ အခါမှာ သန်လျက်ကိုမြှောက်ပြတယ်တဲ့ ဘုရားရှင်က ဦးခေါင်းဆတ်ကာ ရှင်ဘုရင်သန်လျက်မြှောက်ပြတာ မထီမဲ့မြင်ပြုတာမဟုတ်ဘူး မတတ်သာတဲ့ အခြေအနေမို့ လုပ်ရတာဖြစ်တယ် သူ့ကို ရိုသေသမှုနဲ့ ကန်တော့တာလို့မှတ်ယူတော်မူတယ်တဲ့… သားအခုလိုလုပ်တာကို ဖေဖေနားလည်ပေးပါတယ်… အဲ့လိုအချိန်ကလွဲလို့ အမြဲတမ်း ဖေဖေနဲ့မေမေ ခြေထောက်ကို ခေါင်းနဲ့ ထိပီး ကန်တော့နေကြပါဖေဖေ…”

“ဖေဖေဆုံးပီးတဲ့နေ့ကစပီး အခုချိန်ထိ အော်ငိုလို့မရသေးဘူးဖေဖေ… သတိရမိတိုင်းမှာ မျက်ရည်ကလည်တက်လာတယ်ဖေဖေ… ညတိုင်းတိတ်တဆိတ်ငိုကျွေးနေရတယ်… သားငိုတာသိရင် မေမေ ပိုစိတ်ထိခိုက်မှာပေါ့…အခုလို ညဘက်ရောက်လို့ အိပ်ကာနီးတိုင်း သားမှာ ကန်တော့စရာ မေမေတစ်ယောက်ပဲရှိတော့တယ် ဖေဖေရယ်… မေမေ့ရဲ့ ညာခြေကို ဖေဖေ့ကိုယ်စားလို့ သတ်မှတ်ပီး ဘယ်ခြေကို မေမေကို ကန်တော့နေတာ ဆိုတာ ဖေဖေသိပါစေ…”

“ဖေဖေအကြိုက်ဆုံး သီချင်းလေးထဲက နိဗ္ဗာန် ဘုံဟာ ပျောက်ဆုံးနေပေမယ့် ဖေဖေကိုယ်တိုင်ကတော့ နိဗ္ဗာန်ဘုံကို ရောက်ရှိပါစေလို့ သားဆုတောင်းပေးပါတယ် ဖေဖေ…”

လူတိုင်းကို အမြဲပြုံးပျော်ရွှင်စေခဲ့တဲ့ဦးကင်းကောင် ကောင်းရာမွန်ရာဘုံဘဝကိုရောက်ရှိမှာပါ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.