ပရိသတ္ေတြအသည္းယားေနၾကတဲ့ အဝင္းရဲ႕ေဆးထိုးမႈၾကီး

ပရိသတ္ေတြအသည္းယားေနၾကတဲ့ အဝင္းရဲ႕ေဆးထိုးမႈၾကီး

အဝင္းလို႔ ျမန္မာတစ္နိုင္ငံလံုးက ခ်စ္စနိုးနဲ႔ေခၚၾကတဲ့ မိုရီဆာကီဝင္းေလးဟာဆိုရင္ျဖင့္ လြန္ခဲ့တဲ့နွစ္ေတြကတည္းက ျမန္မာတစ္နုိင္ငံလံုးက ပရိသတ္ေတြရဲ႕အခ်စ္ေတြကုိ သိမ္းပုိက္ထားသူေလးျဖစ္ပါတယ္။ ျမန္မာစကားကုိမပီကလာပီကလာေလးေတြေျပာေျပာျပီးတအားခ်စ္ဖို႔ေကာင္းေနတဲ့ ဟန္ပန္ေလးေတြနဲ႔အဝင္းဟာ ေကာင္မေလးေတြရဲ႕အိပ္မက္မင္းသားေလးဆိုရင္လည္းမမွားပါဘူး။ မၾကာေသးမီက ဂ်ပန္-ျမန္္မာရုပ္ရွင္ပြဲေတာ္ၾကီးမွာ မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာအဝင္းက သူ႔ရဲ႕ PrizmaX အဖြဲ႕သားေတြကုိ ေဆးၾကီးၾကီးထုိးလိုက္ျပန္ပါတယ္။

အဝင္းက အင္တာဗ်ဴးမွာ သူ႔အဖြဲ႕သားေတြကုိ ျမန္မာလိုစာသားေလးေတြတိုင္ေပးေနတာပါ။ အစကတိုင္ေနတုန္းကေတာ့ အဟုတ္ပါပဲ ေနာက္လည္းက်လည္းက်ေရာ အဝင္းက ေပါက္ကရေတြေလွ်ာက္တုိင္ေပးပါေတာ့တယ္။အဲဒါကုိ PrizmaX ေလးေတြကလည္းမသိပါဘူး ေလးစားနာခံစြာနဲ႔လိုက္ဆိုေနၾကပါတယ္။ အဝင္းက “အဝင္းကုိ အရမ္းခ်စ္တယ္၊အဝင္းကုိဖက္နမ္းခ်င္တယ္။ ဒါေပမယ့္ အဝင္းဆီမွာအသည္းေလးေတြက အမ်ားၾကီးရွိေတာ့ သူတု႔ိစိတ္ဆိုးမွာေၾကာက္တယ္ တာ့တာ”လို႔ တုိင္ေပးတာကုိ အဖြဲ႕သားေတြက ဘုမသိဘမသိမပီကလာပီကလာေလးေတြနဲ႔ လိုက္ဆိုေနၾကျပီး အဝင္းကေတာ့ သူ႔ရဲ႕မူပိုင္ရယ္သံနဲ႔ ကေလးေလးလိုအျပစ္ကင္းစင္စြာရယ္ေမာေနခဲ့ပါတယ္။

ဒါတင္မကေသးပါဘူး။ အဝင္းနဲ႔ PrizmaX အဖြဲ႕သားေတြနဲ႔ု ရန္ကုန္ျမိဳ႔ရဲ႕လမ္းေတြထဲမွာေလွ်ာက္သြားျပီး ထီသည္ဦးေလးၾကီးဆီကေန ထီလွည္းကုိခဏငွားျပီး လမ္းထဲေလွ်ာက္သြားေနတဲ့အခ်ိန္မွာ အဝင္းက က်န္တဲ့အဖြဲ႕သားတစ္ေယာက္ကုိ ထီဘယ္လုိေရာင္းရမလဲဆိုတာ တုိင္ေပးတာပါ။ တိုင္ေပးပံုေလးကအဆန္းပါ။ “ဒီေန႔ထိုးမနက္ျဖန္ေပါက္၊အားေပးၾကပါ၊ စားျပီးျပီလား…။ အားေပးပါ။ သိန္းတစ္ေသာင္းဆု၊ ကြ်န္ေတာ့္ကုိခ်စ္လား”နဲ႔အမ်ိဳးစံုကုိတုိင္ေပးျပီး အသံျပဲၾကီးနဲ႔ေအာ္ရယ္ေနပါေသးတယ္။ အဲဒီ Video ေလးက လူမႈကြန္ယက္ေတြမွာပ်ံ႕နွံ႕သြားခဲ့ျပီး ပရိသတ္ေတြက အဝင္းကုိ အရမ္းကုိအသည္းတယားယားနဲ႔ခ်စ္ျမတ္နုိးေနၾကပါတယ္။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

အဝင်းလို့ မြန်မာတစ်နိုင်ငံလုံးက ချစ်စနိုးနဲ့ခေါ်ကြတဲ့ မိုရီဆာကီဝင်းလေးဟာဆိုရင်ဖြင့် လွန်ခဲ့တဲ့နှစ်တွေကတည်းက မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားသူလေးဖြစ်ပါတယ်။ မြန်မာစကားကိုမပီကလာပီကလာလေးတွေပြောပြောပြီးတအားချစ်ဖို့ကောင်းနေတဲ့ ဟန်ပန်လေးတွေနဲ့အဝင်းဟာ ကောင်မလေးတွေရဲ့အိပ်မက်မင်းသားလေးဆိုရင်လည်းမမှားပါဘူး။ မကြာသေးမီက ဂျပန်-မြန်မာရုပ်ရှင်ပွဲတော်ကြီးမှာ မီဒီယာတွေနဲ့အင်တာဗျူးမှာအဝင်းက သူ့ရဲ့ PrizmaX အဖွဲ့သားတွေကို ဆေးကြီးကြီးထိုးလိုက်ပြန်ပါတယ်။

အဝင်းက အင်တာဗျူးမှာ သူ့အဖွဲ့သားတွေကို မြန်မာလိုစာသားလေးတွေတိုင်ပေးနေတာပါ။ အစကတိုင်နေတုန်းကတော့ အဟုတ်ပါပဲ နောက်လည်းကျလည်းကျရော အဝင်းက ပေါက်ကရတွေလျှောက်တိုင်ပေးပါတော့တယ်။အဲဒါကို PrizmaX လေးတွေကလည်းမသိပါဘူး လေးစားနာခံစွာနဲ့လိုက်ဆိုနေကြပါတယ်။ အဝင်းက “အဝင်းကို အရမ်းချစ်တယ်၊အဝင်းကိုဖက်နမ်းချင်တယ်။ ဒါပေမယ့် အဝင်းဆီမှာအသည်းလေးတွေက အများကြီးရှိတော့ သူတု့ိစိတ်ဆိုးမှာကြောက်တယ် တာ့တာ”လို့ တိုင်ပေးတာကို အဖွဲ့သားတွေက ဘုမသိဘမသိမပီကလာပီကလာလေးတွေနဲ့ လိုက်ဆိုနေကြပြီး အဝင်းကတော့ သူ့ရဲ့မူပိုင်ရယ်သံနဲ့ ကလေးလေးလိုအပြစ်ကင်းစင်စွာရယ်မောနေခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ အဝင်းနဲ့ PrizmaX အဖွဲ့သားတွေနဲ့ု ရန်ကုန်မြို့ရဲ့လမ်းတွေထဲမှာလျှောက်သွားပြီး ထီသည်ဦးလေးကြီးဆီကနေ ထီလှည်းကိုခဏငှားပြီး လမ်းထဲလျှောက်သွားနေတဲ့အချိန်မှာ အဝင်းက ကျန်တဲ့အဖွဲ့သားတစ်ယောက်ကို ထီဘယ်လိုရောင်းရမလဲဆိုတာ တိုင်ပေးတာပါ။ တိုင်ပေးပုံလေးကအဆန်းပါ။ “ဒီနေ့ထိုးမနက်ဖြန်ပေါက်၊အားပေးကြပါ၊ စားပြီးပြီလား…။ အားပေးပါ။ သိန်းတစ်သောင်းဆု၊ ကျွန်တော့်ကိုချစ်လား”နဲ့အမျိုးစုံကိုတိုင်ပေးပြီး အသံပြဲကြီးနဲ့အော်ရယ်နေပါသေးတယ်။ အဲဒီ Video လေးက လူမှုကွန်ယက်တွေမှာပျံ့နှံ့သွားခဲ့ပြီး ပရိသတ်တွေက အဝင်းကို အရမ်းကိုအသည်းတယားယားနဲ့ချစ်မြတ်နိုးနေကြပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.