ကဗျာမမီစာမမီလောက်အောင်လှနေတဲ့ မိုးဟေကိုရဲ့ ဝတ်စုံ

ကဗျာမမီစာမမီလောက်အောင်လှနေတဲ့ မိုးဟေကိုရဲ့ ဝတ်စုံ






[UNICODE FONT]

မြန်မာ့အနုပညာလောကမှာ တည်တည်ငြိမ်ငြိမ်နဲ့ ရင့်ရင့်ကျက်ကျက် ရှိတဲ့ မင်းသမီး ဖြစ်တဲ့ မိုးဟေကို ကတော့ ပရိသတ်တွေ အားလုံးရဲ့ အချစ်ကို ရရှိထားပြီး ဝေဖန်ပုတ်ခတ်မှုတွေ လုံးဝ မရှိတဲ့ မင်းသမီး တယောက်လည်း ဖြစ်ပါတယ်။ အမြဲတမ်း စမတ်ကျကျနေတတ်တဲ့ မင်းသမီး တလက်ဖြစ်သလို အသုံးအဆောင် ပစ္စည်းတွေလည်း တကယ်ကိုဈေးကြီးပြီး သာမန်လူတွေ မဝယ်ယူနိုင်လောက်တဲ့ Brand တွေ ဖြစ်ပါတယ်။

လက်ရှိမှာလည်း မင်းသမီးချော မိုးဟေကိုကတော့ လူတကာ ငေးမောရလောက်တဲ့ ဝတ်စုံကို ဝတ်ပြပြီးတော့ ပရိသတ်တွေရဲ့အချစ်ကို ရယူလိုက်ပြန်ပါပြီ။ ဒီဇိုင်နား ဖြိုးကို ဖန်တီးပေးထားတဲ့ ဝတ်စုံလေးလည်း ဖြစ်ပါတယ်။ ဒီဝတ်စုံကတော့ မြင်ဖူးနေကြပုံစံ မဟုတ်ပဲ ကွဲပြားခြားနားတဲ့ အရောင်လေးတွေကို စပ်ထားတာ ဖြစ်ပါတယ်။ လေးရဲ့ အရောင်ကတော့ တကယ်ကို စိတ္တဇ ဆန်ဆန်အရောင်လေးတွေ စပ်ထားတာ ဖြစ်ပြီး ဂြိုလ်ကြီး တလုံးရဲ့ မျက်နှာပြင်လိုလို မိုက်ခရိုစကုတ်ထဲက မြင်ရတဲ့ အစိတ်အပိုင်းတွေလိုမျိုး သာမန်နဲ့ ကွဲထွက်နေတဲ့ အရောင် ဖြစ်ပါတယ်။

ဒီလိုမျိုးဝတ်စုံကိုတော့ အရမ်းစမတ်ဖြစ်တဲ့ မင်းသမီးချောဖြစ်တဲ့ မိုးဟေကို ဝတ်လိုက်တော့ တကယ်ကို ကဗျာမမီ စာမမီ လို့တောင် ပြောလို့ရပါတယ်။ မိုးဟေကိုကတော့ အသက်အရွယ်က လူလတ်ပိုင်းကို ရောက်ရှိနေပြီ ဖြစ်သော်လည်း တည်တည်ငြိမ်ငြိမ်လေးနဲ့ သူ့ဘဝကို ဖြတ်သန်းနေပြီး အနုပညာလှုပ်ရှားမှုတွေကတော့ သိပ်မလုပ်တော့တာကို တွေ့ရပါတယ်။

သူကိုယ်တိုင်လည်း သူ့အမေအတွက် အချိန်ပေးနေရတာကြောင့် အနုပညာဖက်ကို မလုပ်နိုင်သေးဘူးလို့ ပြောကြားသွားခဲ့ပြီး သူမရဲ့ ပရိသတ်တွေကတော့ သူမကို ရုပ်ရှင်ဇာတ်ကားတွေ ရိုက်တာကို ပြန်ပြီးတော့ မြင်ချင်နေကြတာ ဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.