အလုပ္ေတြကေခၚမယ့္သူမ႐ိွဘူးဆိုတဲ့ ဦးဧရာ

အလုပ္ေတြကေခၚမယ့္သူမ႐ိွဘူးဆိုတဲ့ ဦးဧရာ

တစ္ခ်ိန္က နာမည္ရတဲ့လူရႊင္ေတာ္ ၊ ႐ုပ္ရွင္နဲ႔ဗီဒီယိုသ႐ုပ္ေဆာင္ ဦးဧရာ တစ္ေယာက္က်န္းမာေရးေၾကာင့္ ပရိသတ္ေတြမ်က္စိေ႐ွ႕ကေနေပ်ာက္ေနခဲ့တာေတာ္ေတာ္ၾကာပါၿပီ ။ အဲ့ဒီလိုေပ်ာက္ေနရတဲ့အေၾကာင္းအရင္း အမွန္က ဦးဧရာတစ္ေယာက္ က်န္းမာေရးမေကာင္းလို႕တျခားအလုပ္ေတြနားထားၿပီး စာေရးျဖစ္တဲ့အေၾကာင္းနဲ႔လတ္တေလာသူ႔ရဲ႕လႈပ္႐ွားမႈေလးေတြအေၾကာင္းကို ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီး သိေအာင္ေျပာျပလိုက္ပါရေစ။

လတ္တေလာထြက္ထားတဲ့သူ႕ရဲ႕ဝတၳဳတိုစုစည္းမႈစာအုပ္ေလးအေၾကာင္းကို “ စာအုပ္နာမည္ေလးက ဟင္းခ်က္မစားတဲ့ရပ္ကြက္ ေပါ့။ အထဲမွာ ဝတၳဳတို၁၂ပုဒ္ပါတယ္။ စာအုပ္ထဲမွာပါတဲ့အဓိကအေၾကာင္းေတြကေတာ့ လူေတြအျပင္မွာတကယ္ေတြ႕ႀကံဳေနရတဲ့အခက္ခဲေတြကို ဟာသေလးေႏွာၿပီး ေရးထားတာပါ ။ ႏိုင္ငံေရးမပါပါဘူး ။ လူေတြက အခက္ခဲမ်ိဳးဆံုေတြ႕ႀကံဳေနရလို႔ ႏိုင္ငံေရးကို ေျပာင္းလဲေစခ်င္တာပါ။” လို႔ေျပာသြားပါတယ္။

အခုတေလာစာေတြပဲေရးျဖစ္ေနလားဆိုတဲ့ေမးခြန္းကိုလည္း “ လူကက်န္းမာေရးမေကာင္းေတာ့ အလုပ္ကေခၚမယ့္သူမ႐ိွဘူး ။ ေနာက္ၿပီးကိုယ္နဲ႔ပါးစပ္စာခ်ဳပ္ခ်ဳပ္ထားတဲ့ အၿငိမ့္ေတာင္မွ ကိုယ္ကိုထားသြားတာေလ။ သူတို႔အလြန္လည္းမဟုတ္ပါဘူး ကိုယ္ကမွတညလံုးမလုပ္ႏိုင္ေတာ့တာေလ။ ဒီလိုပဲ ရုပ္ရွင္ေလာကမွာလည္း သူထက္ငါဦးေအာင္ ဆယ္ရက္တစ္ကား ေလာက္ရိုက္ေနၾကရတာကိုး ။အဲ့လိုဆိုေတာ့ က်န္းမာေရးငဲ့ၿပီးေတာ့ အခ်ိန္မေပးႏိုင္ေတာ့ဘူး ။ လို႔ေျပာျပသြားေသးတယ္။

စားဝတ္ေနေရးအေျခအေနနဲ႔ပတ္သတ္ၿပီးေတာ့လည္း “ရိွတာေလးစားတယ္။ တကယ္လို႔မ်ားမုခ္ဦးၿပိဳၿပီး စာအုပ္ေလးကျမတ္ခဲ့ရင္ေတာ့ လူ႐ႊင္ေတာ္အသင္း(ရန္ကုန္)က ဘိုးဘြားရိပ္သာေဆာက္ေနတာမလွဴရေသးေနတာ့ လွဴခ်င္ပါတယ္။ တတ္ႏိုင္သမွ်လွဴခ်င္ပါတယ္။လို႔ေျပာသြားခဲ့ပါတယ္။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

တစ်ချိန်က နာမည်ရတဲ့လူရွှင်တော် ၊ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဦးဧရာ တစ်ယောက်ကျန်းမာရေးကြောင့် ပရိသတ်တွေမျက်စိရှေ့ကနေပျောက်နေခဲ့တာတော်တော်ကြာပါပြီ ။ အဲ့ဒီလိုပျောက်နေရတဲ့အကြောင်းအရင်း အမှန်က ဦးဧရာတစ်ယောက် ကျန်းမာရေးမကောင်းလို့တခြားအလုပ်တွေနားထားပြီး စာရေးဖြစ်တဲ့အကြောင်းနဲ့လတ်တလောသူ့ရဲ့လှုပ်ရှားမှုလေးတွေအကြောင်းကို ပြောချင်လွန်းလို့ပရိသတ်ကြီး သိအောင်ပြောပြလိုက်ပါရစေ။

လတ်တလောထွက်ထားတဲ့သူ့ရဲ့ဝတ္ထုတိုစုစည်းမှုစာအုပ်လေးအကြောင်းကို “ စာအုပ်နာမည်လေးက ဟင်းချက်မစားတဲ့ရပ်ကွက် ပေါ့။ အထဲမှာ ဝတ္ထုတို၁၂ပုဒ်ပါတယ်။ စာအုပ်ထဲမှာပါတဲ့အဓိကအကြောင်းတွေကတော့ လူတွေအပြင်မှာတကယ်တွေ့ကြုံနေရတဲ့အခက်ခဲတွေကို ဟာသလေးနှောပြီး ရေးထားတာပါ ။ နိုင်ငံရေးမပါပါဘူး ။ လူတွေက အခက်ခဲမျိုးဆုံတွေ့ကြုံနေရလို့ နိုင်ငံရေးကို ပြောင်းလဲစေချင်တာပါ။” လို့ပြောသွားပါတယ်။

အခုတလောစာတွေပဲရေးဖြစ်နေလားဆိုတဲ့မေးခွန်းကိုလည်း “ လူကကျန်းမာရေးမကောင်းတော့ အလုပ်ကခေါ်မယ့်သူမရှိဘူး ။ နောက်ပြီးကိုယ်နဲ့ပါးစပ်စာချုပ်ချုပ်ထားတဲ့ အငြိမ့်တောင်မှ ကိုယ်ကိုထားသွားတာလေ။ သူတို့အလွန်လည်းမဟုတ်ပါဘူး ကိုယ်ကမှတညလုံးမလုပ်နိုင်တော့တာလေ။ ဒီလိုပဲ ရုပ်ရှင်လောကမှာလည်း သူထက်ငါဦးအောင် ဆယ်ရက်တစ်ကား လောက်ရိုက်နေကြရတာကိုး ။အဲ့လိုဆိုတော့ ကျန်းမာရေးငဲ့ပြီးတော့ အချိန်မပေးနိုင်တော့ဘူး ။ လို့ပြောပြသွားသေးတယ်။

စားဝတ်နေရေးအခြေအနေနဲ့ပတ်သတ်ပြီးတော့လည်း “ရှိတာလေးစားတယ်။ တကယ်လို့များမုခ်ဦးပြိုပြီး စာအုပ်လေးကမြတ်ခဲ့ရင်တော့ လူရွှင်တော်အသင်း(ရန်ကုန်)က ဘိုးဘွားရိပ်သာဆောက်နေတာမလှူရသေးနေတာ့ လှူချင်ပါတယ်။ တတ်နိုင်သမျှလှူချင်ပါတယ်။လို့ပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.