နာမည်တစ်ခုကိုထိန်းထားရတာခဲယဉ်းပါတယ်ဆိုတဲ့ ဂျေမောင်မောင်
နာမည်တစ်ခုကိုထိန်းထားရတာခဲယဉ်းပါတယ်ဆိုတဲ့ ဂျေမောင်မောင်
[UNICODE FONT]
၁၉၈၀ ပြည့်နှစ်အလွန်တွေဟာလက်ဘက်ရည်ဆိုင်တွေမှာ သီချင်းခွေကို အလှည့်ကျဖွင့်ခိုင်းရတဲ့အထိ ဂီတအနုပညာရေစီးအကောင်းဆုံးအချိန်လို့ပြောရင်လွန်မယ်မထင်ပါဘူး။ အဲ့ဒီလိုရေစီးထဲမှာမျောပါခဲ့ပြီးအခုထက်ထိ ယုံကြည်ရာဂီတအနုပညာကိုဆက်လက်လုပ်ဆောင်နေတဲ့လူတစ်ယောက်ရှိပါတယ်။ သူကတော့ အရူးမူးပဲကလေးရေ၊တစ်စုံတရာ စတဲ့သီချင်းကောင်းများစွာကိုသီဆိုခဲ့တဲ့ ဂျေမောင်မောင်ပဲဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာသူပြောခဲ့တဲ့အကြောင်းအရာတချို့ကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင် ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။
“ သီချင်းလေးတွေကိုဒီဘက်ခေတ်ကလေးတွေကအစသိကြတယ် ဆိုတာကတော့ ခုချိန်မှာ အင်တာနက်တွေဘာတွေကလည်းအားကောင်းလာတာပါတယ်။အလွမ်းကဖီးသီချင်းက ကျနော့်ညီ သီချင်းပါ ။ သူ့Showပွဲမှာဆိုလိုက်တော့ နောက်ပိုင်းကလေးတွေက ကျနော်ဆိုတယ်ဆိုပြီးသိသွားတာပေါ့ ။ကျနော်ညီဆိုတာကိုလည်းတချို့သိကြပါတယ်။ နာမည်တစ်ခုကိုထိန်းထားရတာခဲရင်းပါတယ်။ ဘယ်အရာမှတော့လွယ်လွယ်ကူကူနဲ့ဖြစ်လာတယ်မရှိပါဘူး။ ဆရာ စိုင်းခမ်းလိတ်ရဲ့ စာသားလေးလို နတ်ဆီတဲ့အိမ်မက်လှလှများ လွယ်နဲ့မရ ဆိုသလိုပေါ့။ အားလုံးကကြိုးစားထားသမျှနဲ့ထိုက်တန်တဲ့ ဆုတွေကို ရကြတာပါ။”
ဖေဖော်ဝါရီ ၇ ရက်နေ့မှာထွက်မယ့်အသစ်တဖန်ရင်ခုန်သံဆိုတဲ့တေးစီးရီးကို အွန်လိုင်းကနေဖြန့်ချိမျာလားဆိုတဲ့မေးခွန်းကိုတော့ “အခုခေတ်က ခွေထွက်ပြီး မိနစ်ပိုင်းစက္ကန့်ပိုင်းအတွင်းမှာ ဖုန်းတွေထဲမှာထည့်ခံစားပြီး နားထောင်နိုင်နေပြီဆိုတော့ ကျနော်တို့လည်းခေတ်ကိုအမီလိုက်ရမှာပေါ့။ ကျနော်တော့ရဲ့ဂန္တဝင်အဆိုတော်ကြီး မင်းမင်းလတ်ရေးခဲ့တဲ့သီချင်းစာသားကို ယူပြီးပြောရရင် ခေတ်ကြီးပြောင်းသွားလို့ရေစီးကြောင်းပြောင်းသွားတာမဆန်းပါဘူး” လို့ ပြောသွားတဲ့အပြင် ပရိသတ်တွေကိုလည်း ဆုမွန်ကောင်းတွေပြည့်ပါစေဆိုပြီးဆုတောင်းပေးသွားပါတယ်။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Comments are closed.