ဆံပင္ေတြ မေျပာင္ခင္ ေလးျဖဴနဲ႔ သီခ်င္းလုပ္ျဖစ္မယ္ဆိုတဲ႔ ေဇာ္ဝင္းထြဋ္

ဆံပင္ေတြ မေျပာင္ခင္ ေလးျဖဴနဲ႔ သီခ်င္းလုပ္ျဖစ္မယ္ဆိုတဲ႔ ေဇာ္ဝင္းထြဋ္

ကုိညီထြဋ္လို႔ ခ်စ္စနုိးေခၚၾကတဲ့ ေဇာ္ဝင္းထြဋ္ၾကီးဟာ ဟိုးလြန္ခဲ့တဲ့နွစ္ေတြကတည္းက အခုအခ်ိန္ထိ ပရိသတ္ေတြအရူးအမူးအားေပးၾကတဲ့ အဆိုေတာ္ၾကီးတစ္ေယာက္ျဖစ္ပါတယ္။ကုိညီထြဋ္ဟာ အသက္ၾကီးသြားေပမယ့္ အနုပညာအရည္အေသြးေတြကလတ္ဆတ္ေနဆဲျဖစ္ျပီး သီခ်င္းေတြဆက္ဆိုေနဆဲျဖစ္တာကလည္းပရိသတ္ေတြဝမ္းေျမာက္ရတဲ့အခ်က္ေတြထဲကတစ္ခုပါပဲ။ ကုိညီထြဋ္ၾကီးက အနုပညာညီအစ္ကုိတစ္ဦးျဖစ္တဲ့ ေလးျဖဴနဲ႔ သိပ္မၾကာခင္ပြဲတစ္ပြဲတုန္းက သီခ်င္းအတူတြဲဆိုခဲ့ျပီး ပရိသတ္ေတြကအဲဒါကုိအရမ္းၾကိဳက္သြားခဲ့ၾကပါတယ္။ကုိညီထြဋ္က မီဒီယာေတြနဲ႔ Interview မွာ ေလးျဖဴနဲ႔ သီခ်င္းတစ္ပုဒ္ေလာက္အတူတြဲလုပ္ဖို႔ရွိေၾကာင္းနဲ႔ ေလးျဖဴရဲ႕အနုပညာအရည္အေသြးကုိသံုးသပ္မိသေလာက္ကုိလည္းေျပာျပသြားခဲ့ပါတယ္။

ကုိညီထြဋ္က ေလးျဖဴနဲ႔ သီခ်င္းအတူတြဲလုပ္ဖို႔စဥ္းစားထားေၾကာင္းကုိ “ကြ်န္ေတာ္က အမွန္အတိုင္းေျပာရရင္ ကြ်န္ေတာ္က အားေနတဲ့ေကာင္။ သူတို႔ကသာအလုပ္ရႈပ္တာ။သူတို႔ကဖမ္းလို႔လြယ္တာမဟုတ္ဘူး။ ညီေလးနဲ႔ဆို တစ္ဝင္းတည္းေနတာ။ message ပဲပုိ႔ျဖစ္တယ္။စကားေျပာျဖစ္တယ္။ကားနဲ႔ျဖတ္သြားတာပဲျမင္တယ္။ သူတို႔က ပြဲေတြနဲ႔။ သီခ်င္းကေတာ့ လုပ္ျဖစ္မွာပါ။ ဒီေကာင္ေတြလည္းဆံပင္အကုန္မေျပာင္ခင္။ကြ်န္ေတာ္လည္းဆံပင္ေတြရွိတုန္းေတာ့လုပ္ျဖစ္မွာပါ”လို႔ ရယ္ရယ္ေမာေမာေျဖၾကားသြားခဲ့ပါတယ္။

ေလးျဖဴနဲ႔သီခ်င္းအတူလုပ္ဖို႔ကိစၥကုိစဥ္းစားထားတာေတြရွိျပီး ထုတ္မေျပာရေသးေၾကာင္းကုိလည္း “ကြ်န္ေတာ္ကေတာ့ စဥ္းစားျဖစ္တယ္ေပါ့ေနာ္။ နွစ္ေယာက္ေပါင္းျပီးshow လုပ္ဖို႔ကၾကာေနမယ္ဆိုရင္ နွစ္ေယာက္ေပါင္းျပီး သီခ်င္းတစ္ပုဒ္လုပ္ဖို႔က ျဖစ္နိုင္တယ္။ အဲ့လုိစဥ္းစားျဖစ္တယ္ေပါ့။အမွတ္တရေပါ့။ သီခ်င္းေလးကေတာ့အက်ိဳးျပဳမယ့္သီခ်င္းေလးတစ္ပုဒ္ေပါ့။အိုင္ဒီယာေလးေတာ့စဥ္းစားမိတယ္။ သူ႔ကုိေတာ့မေျပာရေသးပါဘူး”လို႔ ေျပာထားပါတယ္။

ေလးျဖဴနဲ႔သူနဲ႔ ပရိသတ္အခ်င္းခ်င္းကြဲသလိုျဖစ္ေနတာကိုလည္း ကုိညီထြဋ္က “ဒါကေတာ့ ကြ်န္ေတာ္တို႔ျမန္မာလူမ်ိဳးရဲ႕စရိုက္ေပါ့။ေျပာရရင္ေတာ့။ ရြာတစ္ခုရွိရင္ေတာင္နဲ႔ေျမာက္ခြဲထားရမွေက်နပ္တာကုိး။ ရပ္ကြက္ဆိုလည္း အေရွ႕နဲ႔အေနာက္နဲ႔။ ဘာရယ္လုိ႔မဟုတ္ဘူး ျပိဳင္ျပီးအားေပးတာေပါ့။ ျပိဳင္တာကရတယ္ေလ။ကုိယ့္လူသူ႔လူခ်စ္ခ်စ္ခင္ခင္ျပိဳင္မယ္။အဲ့ကေနျပီးအမုန္းတရားမပြားဖို႔ေပါ့။ အဲဒါကေတာ့ သေဘာေပါက္ဖို႔လိုတာေပါ့”လို႔ ရွင္းျပထားပါတယ္။

ေလးျဖဴကုိ ငယ္ငယ္ကတည္းက ၾကည့္ျပီးသံုးသပ္မိရသေလာက္ကုိ “ေကာင္းတယ္လို႔။ သူဒီမွာ အုိေအစစ္မွာလာျပီး အေခြသြင္းကတည္းက သိေနတာကိုး။သူတို႔စဝင္လာကတည္းက ဒီလိုပဲရမ္းျပီးဆိုၾကတာ။ကုိယ္ေတြလည္း ဘာမွဆိုတတ္ေသးတာမဟုတ္ဘူး။ ဖီလင္လာလို႔ေလွ်ာက္ေအာ္တဲ့အဆင့္ပဲရွိိတာကုိး။အမွန္အတိုင္းေျပာရင္ သူတို႔ဝင္လာေတာ့ ေတာ္ေတာ္သပ္သပ္ရပ္ရပ္ဆိုတတ္တာကုိေတြ႔ရတာပါ”လို႔ ေျပာျပထားပါတယ္။

ပရိသတ္ၾကီးေရာ ကုိညီထြဋ္ကိုခ်စ္ၾကလား။ ကုိညီထြဋ္နဲ႔ ေလးျဖဴနဲ႔ အတူလုပ္မယ့္သီခ်င္းေလးကုိေရာ နားေထာင္ခ်င္ေနၾကျ႔ပီလား။ ေျပာခဲ့ၾကဦးေနာ္။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

ကိုညီထွဋ်လို့ ချစ်စနိုးခေါ်ကြတဲ့ ဇော်ဝင်းထွဋ်ကြီးဟာ ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်းက အခုအချိန်ထိ ပရိသတ်တွေအရူးအမူးအားပေးကြတဲ့ အဆိုတော်ကြီးတစ်ယောက်ဖြစ်ပါတယ်။ကိုညီထွဋ်ဟာ အသက်ကြီးသွားပေမယ့် အနုပညာအရည်အသွေးတွေကလတ်ဆတ်နေဆဲဖြစ်ပြီး သီချင်းတွေဆက်ဆိုနေဆဲဖြစ်တာကလည်းပရိသတ်တွေဝမ်းမြောက်ရတဲ့အချက်တွေထဲကတစ်ခုပါပဲ။ ကိုညီထွဋ်ကြီးက အနုပညာညီအစ်ကိုတစ်ဦးဖြစ်တဲ့ လေးဖြူနဲ့ သိပ်မကြာခင်ပွဲတစ်ပွဲတုန်းက သီချင်းအတူတွဲဆိုခဲ့ပြီး ပရိသတ်တွေကအဲဒါကိုအရမ်းကြိုက်သွားခဲ့ကြပါတယ်။ကိုညီထွဋ်က မီဒီယာတွေနဲ့ Interview မှာ လေးဖြူနဲ့ သီချင်းတစ်ပုဒ်လောက်အတူတွဲလုပ်ဖို့ရှိကြောင်းနဲ့ လေးဖြူရဲ့အနုပညာအရည်အသွေးကိုသုံးသပ်မိသလောက်ကိုလည်းပြောပြသွားခဲ့ပါတယ်။

ကိုညီထွဋ်က လေးဖြူနဲ့ သီချင်းအတူတွဲလုပ်ဖို့စဉ်းစားထားကြောင်းကို “ကျွန်တော်က အမှန်အတိုင်းပြောရရင် ကျွန်တော်က အားနေတဲ့ကောင်။ သူတို့ကသာအလုပ်ရှုပ်တာ။သူတို့ကဖမ်းလို့လွယ်တာမဟုတ်ဘူး။ ညီလေးနဲ့ဆို တစ်ဝင်းတည်းနေတာ။ message ပဲပို့ဖြစ်တယ်။စကားပြောဖြစ်တယ်။ကားနဲ့ဖြတ်သွားတာပဲမြင်တယ်။ သူတို့က ပွဲတွေနဲ့။ သီချင်းကတော့ လုပ်ဖြစ်မှာပါ။ ဒီကောင်တွေလည်းဆံပင်အကုန်မပြောင်ခင်။ကျွန်တော်လည်းဆံပင်တွေရှိတုန်းတော့လုပ်ဖြစ်မှာပါ”လို့ ရယ်ရယ်မောမောဖြေကြားသွားခဲ့ပါတယ်။

လေးဖြူနဲ့သီချင်းအတူလုပ်ဖို့ကိစ္စကိုစဉ်းစားထားတာတွေရှိပြီး ထုတ်မပြောရသေးကြောင်းကိုလည်း “ကျွန်တော်ကတော့ စဉ်းစားဖြစ်တယ်ပေါ့နော်။ နှစ်ယောက်ပေါင်းပြီးshow လုပ်ဖို့ကကြာနေမယ်ဆိုရင် နှစ်ယောက်ပေါင်းပြီး သီချင်းတစ်ပုဒ်လုပ်ဖို့က ဖြစ်နိုင်တယ်။ အဲ့လိုစဉ်းစားဖြစ်တယ်ပေါ့။အမှတ်တရပေါ့။ သီချင်းလေးကတော့အကျိုးပြုမယ့်သီချင်းလေးတစ်ပုဒ်ပေါ့။အိုင်ဒီယာလေးတော့စဉ်းစားမိတယ်။ သူ့ကိုတော့မပြောရသေးပါဘူး”လို့ ပြောထားပါတယ်။

လေးဖြူနဲ့သူနဲ့ ပရိသတ်အချင်းချင်းကွဲသလိုဖြစ်နေတာကိုလည်း ကိုညီထွဋ်က “ဒါကတော့ ကျွန်တော်တို့မြန်မာလူမျိုးရဲ့စရိုက်ပေါ့။ပြောရရင်တော့။ ရွာတစ်ခုရှိရင်တောင်နဲ့မြောက်ခွဲထားရမှကျေနပ်တာကိုး။ ရပ်ကွက်ဆိုလည်း အရှေ့နဲ့အနောက်နဲ့။ ဘာရယ်လို့မဟုတ်ဘူး ပြိုင်ပြီးအားပေးတာပေါ့။ ပြိုင်တာကရတယ်လေ။ကိုယ့်လူသူ့လူချစ်ချစ်ခင်ခင်ပြိုင်မယ်။အဲ့ကနေပြီးအမုန်းတရားမပွားဖို့ပေါ့။ အဲဒါကတော့ သဘောပေါက်ဖို့လိုတာပေါ့”လို့ ရှင်းပြထားပါတယ်။

လေးဖြူကို ငယ်ငယ်ကတည်းက ကြည့်ပြီးသုံးသပ်မိရသလောက်ကို “ကောင်းတယ်လို့။ သူဒီမှာ အိုအေစစ်မှာလာပြီး အခွေသွင်းကတည်းက သိနေတာကိုး။သူတို့စဝင်လာကတည်းက ဒီလိုပဲရမ်းပြီးဆိုကြတာ။ကိုယ်တွေလည်း ဘာမှဆိုတတ်သေးတာမဟုတ်ဘူး။ ဖီလင်လာလို့လျှောက်အော်တဲ့အဆင့်ပဲရှိတာကိုး။အမှန်အတိုင်းပြောရင် သူတို့ဝင်လာတော့ တော်တော်သပ်သပ်ရပ်ရပ်ဆိုတတ်တာကိုတွေ့ရတာပါ”လို့ ပြောပြထားပါတယ်။

ပရိသတ်ကြီးရော ကိုညီထွဋ်ကိုချစ်ကြလား။ ကိုညီထွဋ်နဲ့ လေးဖြူနဲ့ အတူလုပ်မယ့်သီချင်းလေးကိုရော နားထောင်ချင်နေကြြ့ပီလား။ ပြောခဲ့ကြဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.