ဆယ္လီနာဂိုးမက္ဇ္နဲ႔မတူရင္ လူမဟုတ္ေတာ့ဘူးဆိုတဲ့ ျဖဴျဖဴေထြး

ဆယ္လီနာဂိုးမက္ဇ္နဲ႔မတူရင္ လူမဟုတ္ေတာ့ဘူးဆိုတဲ့ ျဖဴျဖဴေထြး

ျဖဴျဖဴေထြးဟာဆုိရင္ ဟာသဗီဒီယုိေလးေတြကုိ ဝါသနာအေလ်ာက္ရိုက္ရင္းကေန အခ်ိ္န္တုိအတြင္းအနုပညာလမ္းေၾကာင္းေပၚေရာက္လာတဲ့ သရုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။ ျဖဴျဖဴေထြးက အခုဆိုရင္ ေၾကာ္ျငာေတြလည္းဇယ္ဆက္သလုိရိုက္ေနရျပီး အားေပးတဲ့ပရိသတ္ေတြလည္း တစ္ေန႔ထက္တစ္ေန႔တိုးပြားလာေနသလို ျဖဴျဖဴေထြးကုိ မတူညီတဲ့ဒီဇို္င္းေလးနဲ႔ဆိုျပီးခ်စ္ေနၾကတဲ့အနုပညာေမာင္နွမေတြလည္း ပုိမ်ားလာတယ္လို႔ဆိုရမွာပါ။ အင္တာဗ်ဴးေတြမွာပြင့္ပြင့္လင္းလင္းေျဖတတ္တဲ့ျဖဴျဖဴေထြးက မၾကာေသးမီက အင္တာဗ်ဴးမွာလည္း Valentine’s Day အစီအစဥ္နဲ႔ ဆယ္လီနာဂိုးမက္ဇ္နဲ႔တူတယ္လို႔ေဝဖန္ေနၾကတာေတြနဲ႔ပတ္သက္ျပီး ေျဖၾကားသြားခဲ့ပါတယ္။

ျဖဴျဖဴေထြးက အခုတေလာတည္ျငိမ္သြားတယ္လို႔ ပရိသတ္ေတြကေျပာလာၾကတဲ့အေပၚ “နည္းနည္းတည္ျငိမ္သြားတာက ဘာလဲဆိုေတာ့ နည္းနည္းေလးေျပာင္းလဲၾကည့္တာေပါ့။ ဒိီတုိင္းေလးက သင့္ေတာ္မလားေပါ့။ အရင္တုန္းကေတာ့ ေပါခဲ့တာေပါ့ေနာ္။ အခုလည္း စိတ္ပါရင္စိတ္ပါသလုိေပါသြားမယ္လုိ႔စိတ္ကူးရွိပါတယ္။ ေပါတာေတာ့မဟုတ္ဘူးေပါ့ေနာ္။ ေပ်ာ္ေပ်ာ္ေနတတ္တာေပါ့”လို႔ ရယ္ေမာျပီးေျဖၾကားထားပါတယ္။

သံုးဘီးဆို္င္ကယ္ေၾကာ္ျငာတစ္ခုမွာ ဆယ္လီနာဂိုးမက္ဇ္နဲ႔တူတယ္ဆိုျပီး လူမႈကြန္ယက္မွာ ပရိသတ္ေတြေျပာေနၾကတာနဲ႔ပတ္သက္ျပီး ျဖဴျဖဴေထြးက “ပရိသတ္က တူတယ္လို႔ေျပာတာပါ။ သူတို႔တူတယ္ေျပာလု႔ိလည္းခ်စ္ပါတယ္။ တကယ္တမ္းက်ေတာ့ မတူပါဘူးတဲ့၊တူတဲ့ေနရာတစ္ေနရာပဲရွိပါတယ္တဲ့။ တူတဲ့ေနရာ တစ္ေနရာမကဘူး အမ်ားၾကီးရွိပါတယ္္လို႔။ မ်က္လံုးေတြပါးစပ္ေတြေလ။မ်က္လံုးေတြပါးစပ္ေတြက တူမွရမွာေလ။ မတူရင္လူမွမဟုတ္ေတာ့တာ”လို႔ အရႊန္းေဖာက္ျပီးေျဖၾကားသြားပါေသးတယ္။

ပရိသတ္ေတြသိခ်င္ေနၾကတဲ့အခ်စ္ေရးကိုေတာ့ ျဖဴျဖဴေထြးက “ရည္စားစကားလာေျပာတဲ့လူေတြေတာ့ ရွိတာေပါ့။ ဒါေပမယ့္ တကယ္ၾကိဳက္တာမွမဟုတ္တာ။ Facebook ေပၚမွာခ်စ္တယ္ဆိုတာ ကုိယ့္ရဲ႕သရုပ္ေဆာင္မႈေလးေတြ ဘာေလးေတြၾကဳိက္တာပါ။ က်န္တာေတာ့ခ်စ္တာမျဖစ္နို္င္ပါဘူး။ ေလာေလာဆယ္ေတာ့ဆင္ဂယ္ပါပဲ”လို႔ ေျပာျပထားသလို Valentine’s Day ကုိတစ္ေယာက္တည္းျဖတ္သန္းမွာလို႔လည္း “ကုိယ့္ဘာသာတစ္ေယာက္တည္းပဲ ေခ်ာကလက္စားျပီးျဖတ္သန္းရမွာေပါ့။ အိမ္ကေတာ့ဝယ္ေကြ်းမယ္လုိ႔ေျပာပါတယ္။ စားရမွာေပါ့ေနာ္”လို႔ သနားစရာခ်စ္စရာပံုေလးနဲ႔ေျဖသြားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ျဖဴျဖဴေထြးကုိခ်စ္ၾကလား။ ျဖဴျဖဴေထြးရဲ႕ အကဗီဒီယုိေလးေတြကုိေရာ လြမ္းေနၾကျပီလား။ ျဖဴျဖဴေထြးရဲ႕အနုပညာလႈပ္ရွားမႈေတြကုိေရာအားေပးဖို႔ေစာင့္ေမွ်ာ္ေနၾကျပီလား။ ေျပာခဲ့ၾကပါဦး ။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

ဖြူဖြူထွေးဟာဆိုရင် ဟာသဗီဒီယိုလေးတွေကို ဝါသနာအလျောက်ရိုက်ရင်းကနေ အချိန်တိုအတွင်းအနုပညာလမ်းကြောင်းပေါ်ရောက်လာတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ ဖြူဖြူထွေးက အခုဆိုရင် ကြော်ငြာတွေလည်းဇယ်ဆက်သလိုရိုက်နေရပြီး အားပေးတဲ့ပရိသတ်တွေလည်း တစ်နေ့ထက်တစ်နေ့တိုးပွားလာနေသလို ဖြူဖြူထွေးကို မတူညီတဲ့ဒီဇိုင်းလေးနဲ့ဆိုပြီးချစ်နေကြတဲ့အနုပညာမောင်နှမတွေလည်း ပိုများလာတယ်လို့ဆိုရမှာပါ။ အင်တာဗျူးတွေမှာပွင့်ပွင့်လင်းလင်းဖြေတတ်တဲ့ဖြူဖြူထွေးက မကြာသေးမီက အင်တာဗျူးမှာလည်း Valentine’s Day အစီအစဉ်နဲ့ ဆယ်လီနာဂိုးမက်ဇ်နဲ့တူတယ်လို့ဝေဖန်နေကြတာတွေနဲ့ပတ်သက်ပြီး ဖြေကြားသွားခဲ့ပါတယ်။

ဖြူဖြူထွေးက အခုတလောတည်ငြိမ်သွားတယ်လို့ ပရိသတ်တွေကပြောလာကြတဲ့အပေါ် “နည်းနည်းတည်ငြိမ်သွားတာက ဘာလဲဆိုတော့ နည်းနည်းလေးပြောင်းလဲကြည့်တာပေါ့။ ဒီတိုင်းလေးက သင့်တော်မလားပေါ့။ အရင်တုန်းကတော့ ပေါခဲ့တာပေါ့နော်။ အခုလည်း စိတ်ပါရင်စိတ်ပါသလိုပေါသွားမယ်လို့စိတ်ကူးရှိပါတယ်။ ပေါတာတော့မဟုတ်ဘူးပေါ့နော်။ ပျော်ပျော်နေတတ်တာပေါ့”လို့ ရယ်မောပြီးဖြေကြားထားပါတယ်။

သုံးဘီးဆိုင်ကယ်ကြော်ငြာတစ်ခုမှာ ဆယ်လီနာဂိုးမက်ဇ်နဲ့တူတယ်ဆိုပြီး လူမှုကွန်ယက်မှာ ပရိသတ်တွေပြောနေကြတာနဲ့ပတ်သက်ပြီး ဖြူဖြူထွေးက “ပရိသတ်က တူတယ်လို့ပြောတာပါ။ သူတို့တူတယ်ပြောလု့ိလည်းချစ်ပါတယ်။ တကယ်တမ်းကျတော့ မတူပါဘူးတဲ့၊တူတဲ့နေရာတစ်နေရာပဲရှိပါတယ်တဲ့။ တူတဲ့နေရာ တစ်နေရာမကဘူး အများကြီးရှိပါတယ်လို့။ မျက်လုံးတွေပါးစပ်တွေလေ။မျက်လုံးတွေပါးစပ်တွေက တူမှရမှာလေ။ မတူရင်လူမှမဟုတ်တော့တာ”လို့ အရွှန်းဖောက်ပြီးဖြေကြားသွားပါသေးတယ်။

ပရိသတ်တွေသိချင်နေကြတဲ့အချစ်ရေးကိုတော့ ဖြူဖြူထွေးက “ရည်စားစကားလာပြောတဲ့လူတွေတော့ ရှိတာပေါ့။ ဒါပေမယ့် တကယ်ကြိုက်တာမှမဟုတ်တာ။ Facebook ပေါ်မှာချစ်တယ်ဆိုတာ ကိုယ့်ရဲ့သရုပ်ဆောင်မှုလေးတွေ ဘာလေးတွေကြိုက်တာပါ။ ကျန်တာတော့ချစ်တာမဖြစ်နိုင်ပါဘူး။ လောလောဆယ်တော့ဆင်ဂယ်ပါပဲ”လို့ ပြောပြထားသလို Valentine’s Day ကိုတစ်ယောက်တည်းဖြတ်သန်းမှာလို့လည်း “ကိုယ့်ဘာသာတစ်ယောက်တည်းပဲ ချောကလက်စားပြီးဖြတ်သန်းရမှာပေါ့။ အိမ်ကတော့ဝယ်ကျွေးမယ်လို့ပြောပါတယ်။ စားရမှာပေါ့နော်”လို့ သနားစရာချစ်စရာပုံလေးနဲ့ဖြေသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဖြူဖြူထွေးကိုချစ်ကြလား။ ဖြူဖြူထွေးရဲ့ အကဗီဒီယိုလေးတွေကိုရော လွမ်းနေကြပြီလား။ ဖြူဖြူထွေးရဲ့အနုပညာလှုပ်ရှားမှုတွေကိုရောအားပေးဖို့စောင့်မျှော်နေကြပြီလား။ ပြောခဲ့ကြပါဦး ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.