ေဒြးကိုခ်က္ေကြ်းသလို လက္ရာမ်ိဳးစားရမယ္႔ ေဒြးရဲ႕ ဇနီးဖြင္႔တဲ႔ ထမင္းဆိုင္

ေဒြးကိုခ်က္ေကြ်းသလို လက္ရာမ်ိဳးစားရမယ္႔ ေဒြးရဲ႕ ဇနီးဖြင္႔တဲ႔ ထမင္းဆိုင္

ဟုိးအရင္တစ္ခ်ိန္တုန္းက အရမ္းအရမ္းကုိ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ျပည္သူခ်စ္တဲ့ မင္းသားႀကီး ေဒြးဟာ ကြယ္လြယ္ခဲ့တာ ၁၂ ျပည့္ေတာ့မွာ ျဖစ္ၿပီး သူ႔ရဲ႕ ဇနီးျဖစ္သူ ေဒၚမုိးမုိးကေတာ့ အခုအခ်ိန္မွာ စီးပြားေရးအတြက္ ထမင္းဆုိင္ေလးကုိ ဖြင့္ထားရပါတယ္။ ဇႏွီးျဖစ္သူ ေဒၚမုိးမုိးကေတာ့ ေဒြးသာ႐ွိရင္ အခုလုိ ပင္ပင္ပန္းပန္းေတြမလုပ္ရဘူးဆုိၿပီး အင္တာဗ်ဴးမွာ ေျပာသြားခဲ့ပါတယ္။

ေဒြးရဲ႕ဇနီးျဖစ္သူ ေဒၚမုိးမုိးက “ထမင္းဆုိင္ေလးဖြင့္မယ္ အစ္မလည္း စကၤာပူက ျပန္ေရာက္ေတာ့ ဘာလုပ္ရမလဲမသိဘူး ေယာင္ခ်ာခ်ာနဲ႔ေပါ့ေနာ္။ အဲ့တာနဲ႔ ကုိယ္တတ္တဲ့ အက်ႌခ်ဳပ္တာေလး ဆုိင္ေလးအရင္စဖြင့္တယ္။ ၿပီးေတာ့ ထမင္းဆုိင္ေလး စမ္းဖြင့္ၾကည့္မယ္ဆုိၿပီးေတာ့ ဖြင့္ျဖစ္သြားတာ ကုိယ္လည္း ခ်က္တတ္တယ္ေလ။ ငါလည္း ဝါသနာပါတယ္ ငါဒီအလုပ္ေလးကုိ စမ္းလုပ္ၾကည့္မယ္ဆုိၿပီးေတာ့ လုပ္ျဖစ္သြားတာ။ အစ္မေလ တစ္ခါျပင္၁၅ဝဝ ဆုိေတာ့ လူအကုန္လုံးစားႏုိင္ေအာင္ေပါ့ေနာ္။ ဆန္ေလးလည္း နည္းနည္းေကာင္းေကာင္းေလး ေနရာေလးလည္း သန္႔သန္႔ေလး အဝစားေတာ့ ပထမလုပ္ဖုိ႔ စဥ္းစားပါတယ္။ ဒါေပမဲ့ အဝစားျဖစ္သြားရင္ ဆန္မေကာင္းမွာဆုိးတာ အဓိကေပါ့ေနာ္။ အဲ့တာနဲ႔ ၁၅၀၀ ဆုိတာ ကုိယ္လည္း အျမတ္အမ်ားႀကီးေတာ့ မရဘူး။ အားလုံးလည္း စားႏုိင္တယ္ ကုိယ္လည္း သပ္သပ္ရပ္ရပ္ေလး ေရာင္းႏုိင္ေအာင္လုိ႔ အစ္မ၁၅၀၀နဲ႔ သတ္မွတ္ၿပီး ေရာင္းလုိက္တာ။

အစ္မကေတာ့ သန္႔႐ွင္းသပ္ရပ္ေအာင္လုိ႔ မီးဖုိေခ်ာင္ထဲကကုိမထြက္ဘူး ေစ်းေရာင္းတဲ့သူ သူတုိ႔ပဲ ေရာင္းေပါ့ေနာ္။ ကုိယ္ကလည္း နည္းနည္း သန္႔သန္႔႐ွင္း႐ွင္း ၾကဳိက္တဲ့ အခါက်ေတာ့ အေနာက္မွာ သန္႔သန္႔႐ွင္း႐ွင္းပဲေပါ့။ တုိ႔စရာတုိ႔ဘာတုိ႔ဆုိလည္း အစ္မက တစ္ပတ္တစ္ခါ သီရိမဂၤလာေဈး သြားတယ္။ အစ္မကုိယ္တုိင္ပဲ သြားတယ္။ အရြက္ေတြ အသီးေတြဆုိလည္း တစ္ပတ္တစ္ခါ အကုန္ဝယ္ထားတယ္။ ေရဝတ္ေလးေတြနဲ႔ ပတ္ထားလုိက္တာေပါ့ အေနာက္မွာ။ မႏြမ္းေအာင္လုိ႔ ပုံးထဲ ထည့္လုိ႔ရတာထည့္ေပါ့။ ေရခဲေသတၱာထဲ ထည့္လုိ႔ရတာထည့္ေပါ့။ မနက္မုိးလင္းတာနဲ႔ အစ္မ ၇နာရီေလာက္ဆုိ ေရာက္ၿပီ ခ်က္တယ္ သူတုိ႔နဲ႔ ဝုိင္းခ်က္တယ္ ကုိယ္ကုိယ္တုိင္လည္း ခ်က္တယ္ အစ္မကေတာ့ အေ႐ွ႕သိပ္မထြက္ဘူးေပါ့။ ညေနက်ရင္လည္း အကုန္လုံးသိမ္း ဆီဆုိရင္လည္း ေနၾကာဆီ သုံးတာေပါ့အစ္မက။”လုိ႔ ေျပာသြားခဲ့ပါတယ္။

ဆက္လက္ၿပီး ႏုိင္ငံေက်ာ္မင္းသားႀကီး ေဒြးသာ႐ွိေသးရင္ ဒီလုိမ်ိဳး ႐ုန္းကန္ရမွာ မဟုတ္ဘူးဆုိတဲ့ အေၾကာင္းကုိ “ဒီေလာက္ေတာ့ အစ္မပင္ပန္းခ်င္မွ ပင္ပန္းမယ္။ မပင္ပန္းဘူး က်ိန္းေသတယ္။ ဒါေပမဲ့ အစ္မကေတာ့ ၿငိမ္ၿငိမ္မေနတတ္တဲ့အတြက္ လုပ္ေတာ့လုပ္ခ်င္ လုပ္ေနမွာေပါ့ေနာ္။ ဒီအလုပ္ေတြကုိ ဒီေလာက္ဆုိင္ေလး မဟုတ္ေလာက္ဘူးေပါ့ အႀကီးႀကီးေတာ့ ျဖစ္ခ်င္ျဖစ္ေနမွာေပါ့။ အခုေတာ့ အစ္မရဲ႕ ႏုိင္တာေလးနဲ႔ပဲ အစ္မလုပ္ေနတာေပါ့။”လုိ႔ ေျပာခဲ့ပါတယ္။

ဆုိင္မွာ ေဒြးရဲ႕ ပုံကုိ မခ်ိတ္ျဖစ္ေသးတာနဲ႔ ပတ္သက္ၿပီးေတာ့လည္း “အစ္မခ်ိတ္မယ္ အိမ္မွာ အစ္မ ဓာတ္ပုံေလးတစ္ပုံေရြးထားတယ္။ Max ေၾကာ္ျငာ႐ုိက္ထားတဲ့ ပုံေလး အစ္မ ေရြးထားတယ္။ ကုိယ့္ဘာသာကုိယ္ ေရာက္ယက္ခက္ေနေတာ့ မခ်ိတ္အားေသးတာ။ ပုဂံမွာ သူအက်ႌေလးမပါဘူး အဲ့ပုံေလး ဒီမွာ ခ်ိတ္ထားမလုိ႔ အခု ဒီနားမွာဆုိလည္း ဟုိဘက္တစ္ဆုိင္ ဒီဘက္တစ္ဆုိင္က ဘီယာဆုိင္ျဖစ္ေနတယ္။ ဒီဘီယာလာေသာက္တဲ့ ကေလးေတြအကုန္လုံးကလည္း အစ္မစဖြင့္ကတည္းက ေတာ္ၾကာတစ္ေယာက္ကလာႏႈတ္ဆက္ ေတာ္ၾကာေတ လာႏႈတ္ဆက္နဲ႔ုဆုိေတာ့ ေယာက္်ားေလး ပရိသတ္မ်ားတာေပါ့။ ခဏခဏလာႏႈတ္ဆက္ေနၾကတယ္ဆုိေတာ့ အစ္မက သတိရတဲ့အခ်ိန္ေတာင္ မ႐ွိေတာ့ဘူး ထမင္းဆုိင္ဖြင့္ထားတာ။ သူတုိ႔ကလည္း အစ္မကုိ ခ်စ္ၿပီးခင္ၿပီးေတာ့ လာစားၾကတယ္။”လုိ႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ေဒၚမုိးမုိးက “အစ္မက ဟုိတုန္းကတည္းက ကုိသားႀကီးကုိ ကုိယ္တုိင္ပဲ ခ်က္ေကြၽးခဲ့တာ။ သူလည္း အျပင္ထမင္းဟင္းမစားဘူး။ သူ႔ဘာသာသူသာ ေလွ်ာက္လည္ေကာင္းလည္မယ္ ထမင္းခ်ိဳင့္ကေတာ့ အိမ္က ထမင္းခ်ိဳင့္ပဲေလ။ အစ္မခ်က္တာပဲဆုိေတာ့ အစ္မလည္း ဝါသနာပါတယ္ အစ္မကုိယ္တုိင္ပဲခ်က္တာ အကုန္လုံး။ ကုိသားႀကီးက ဗမာထမင္းဟင္းဆုိ အကုန္ႀကိဳက္တယ္ အစ္မခ်က္နဲ႔ အိမ္ကေကာင္းမေလးခ်က္တာကုိလည္း ခြဲျခားႏု္ိင္တယ္။ အစ္မရဲ႕ လက္ရာနဲ႔ သူတုိ႔နဲ႔ မတူဘူးတဲ့ ဘာမတူလဲေတာ့ မသိဘူး ကုိယ္လည္း။ ဟင္းေတြခ်က္တုိင္း ကုိသားႀကီးကုိ သတိရတယ္ ငါးရံအူတုိ႔ဘာတုိ႔ ခ်က္တယ္ဆုိရင္ သူအၾကဳိက္ဆုံးပဲေလ သိတာေပါ့။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

ဟိုးအရင်တစ်ချိန်တုန်းက အရမ်းအရမ်းကို အောင်မြင်ကျော်ကြားခဲ့တဲ့ ပြည်သူချစ်တဲ့ မင်းသားကြီး ဒွေးဟာ ကွယ်လွယ်ခဲ့တာ ၁၂ ပြည့်တော့မှာ ဖြစ်ပြီး သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်မိုးမိုးကတော့ အခုအချိန်မှာ စီးပွားရေးအတွက် ထမင်းဆိုင်လေးကို ဖွင့်ထားရပါတယ်။ ဇနှီးဖြစ်သူ ဒေါ်မိုးမိုးကတော့ ဒွေးသာရှိရင် အခုလို ပင်ပင်ပန်းပန်းတွေမလုပ်ရဘူးဆိုပြီး အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

ဒွေးရဲ့ဇနီးဖြစ်သူ ဒေါ်မိုးမိုးက “ထမင်းဆိုင်လေးဖွင့်မယ် အစ်မလည်း စင်္ကာပူက ပြန်ရောက်တော့ ဘာလုပ်ရမလဲမသိဘူး ယောင်ချာချာနဲ့ပေါ့နော်။ အဲ့တာနဲ့ ကိုယ်တတ်တဲ့ အင်္ကျီချုပ်တာလေး ဆိုင်လေးအရင်စဖွင့်တယ်။ ပြီးတော့ ထမင်းဆိုင်လေး စမ်းဖွင့်ကြည့်မယ်ဆိုပြီးတော့ ဖွင့်ဖြစ်သွားတာ ကိုယ်လည်း ချက်တတ်တယ်လေ။ ငါလည်း ဝါသနာပါတယ် ငါဒီအလုပ်လေးကို စမ်းလုပ်ကြည့်မယ်ဆိုပြီးတော့ လုပ်ဖြစ်သွားတာ။ အစ်မလေ တစ်ခါပြင်၁၅ဝဝ ဆိုတော့ လူအကုန်လုံးစားနိုင်အောင်ပေါ့နော်။ ဆန်လေးလည်း နည်းနည်းကောင်းကောင်းလေး နေရာလေးလည်း သန့်သန့်လေး အဝစားတော့ ပထမလုပ်ဖို့ စဉ်းစားပါတယ်။ ဒါပေမဲ့ အဝစားဖြစ်သွားရင် ဆန်မကောင်းမှာဆိုးတာ အဓိကပေါ့နော်။ အဲ့တာနဲ့ ၁၅၀၀ ဆိုတာ ကိုယ်လည်း အမြတ်အများကြီးတော့ မရဘူး။ အားလုံးလည်း စားနိုင်တယ် ကိုယ်လည်း သပ်သပ်ရပ်ရပ်လေး ရောင်းနိုင်အောင်လို့ အစ်မ၁၅၀၀နဲ့ သတ်မှတ်ပြီး ရောင်းလိုက်တာ။

အစ်မကတော့ သန့်ရှင်းသပ်ရပ်အောင်လို့ မီးဖိုချောင်ထဲကကိုမထွက်ဘူး ဈေးရောင်းတဲ့သူ သူတို့ပဲ ရောင်းပေါ့နော်။ ကိုယ်ကလည်း နည်းနည်း သန့်သန့်ရှင်းရှင်း ကြိုက်တဲ့ အခါကျတော့ အနောက်မှာ သန့်သန့်ရှင်းရှင်းပဲပေါ့။ တို့စရာတို့ဘာတို့ဆိုလည်း အစ်မက တစ်ပတ်တစ်ခါ သီရိမင်္ဂလာဈေး သွားတယ်။ အစ်မကိုယ်တိုင်ပဲ သွားတယ်။ အရွက်တွေ အသီးတွေဆိုလည်း တစ်ပတ်တစ်ခါ အကုန်ဝယ်ထားတယ်။ ရေဝတ်လေးတွေနဲ့ ပတ်ထားလိုက်တာပေါ့ အနောက်မှာ။ မနွမ်းအောင်လို့ ပုံးထဲ ထည့်လို့ရတာထည့်ပေါ့။ ရေခဲသေတ္တာထဲ ထည့်လို့ရတာထည့်ပေါ့။ မနက်မိုးလင်းတာနဲ့ အစ်မ ၇နာရီလောက်ဆို ရောက်ပြီ ချက်တယ် သူတို့နဲ့ ဝိုင်းချက်တယ် ကိုယ်ကိုယ်တိုင်လည်း ချက်တယ် အစ်မကတော့ အရှေ့သိပ်မထွက်ဘူးပေါ့။ ညနေကျရင်လည်း အကုန်လုံးသိမ်း ဆီဆိုရင်လည်း နေကြာဆီ သုံးတာပေါ့အစ်မက။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီး နိုင်ငံကျော်မင်းသားကြီး ဒွေးသာရှိသေးရင် ဒီလိုမျိုး ရုန်းကန်ရမှာ မဟုတ်ဘူးဆိုတဲ့ အကြောင်းကို “ဒီလောက်တော့ အစ်မပင်ပန်းချင်မှ ပင်ပန်းမယ်။ မပင်ပန်းဘူး ကျိန်းသေတယ်။ ဒါပေမဲ့ အစ်မကတော့ ငြိမ်ငြိမ်မနေတတ်တဲ့အတွက် လုပ်တော့လုပ်ချင် လုပ်နေမှာပေါ့နော်။ ဒီအလုပ်တွေကို ဒီလောက်ဆိုင်လေး မဟုတ်လောက်ဘူးပေါ့ အကြီးကြီးတော့ ဖြစ်ချင်ဖြစ်နေမှာပေါ့။ အခုတော့ အစ်မရဲ့ နိုင်တာလေးနဲ့ပဲ အစ်မလုပ်နေတာပေါ့။”လို့ ပြောခဲ့ပါတယ်။

ဆိုင်မှာ ဒွေးရဲ့ ပုံကို မချိတ်ဖြစ်သေးတာနဲ့ ပတ်သက်ပြီးတော့လည်း “အစ်မချိတ်မယ် အိမ်မှာ အစ်မ ဓာတ်ပုံလေးတစ်ပုံရွေးထားတယ်။ Max ကြော်ငြာရိုက်ထားတဲ့ ပုံလေး အစ်မ ရွေးထားတယ်။ ကိုယ့်ဘာသာကိုယ် ရောက်ယက်ခက်နေတော့ မချိတ်အားသေးတာ။ ပုဂံမှာ သူအင်္ကျီလေးမပါဘူး အဲ့ပုံလေး ဒီမှာ ချိတ်ထားမလို့ အခု ဒီနားမှာဆိုလည်း ဟိုဘက်တစ်ဆိုင် ဒီဘက်တစ်ဆိုင်က ဘီယာဆိုင်ဖြစ်နေတယ်။ ဒီဘီယာလာသောက်တဲ့ ကလေးတွေအကုန်လုံးကလည်း အစ်မစဖွင့်ကတည်းက တော်ကြာတစ်ယောက်ကလာနှုတ်ဆက် တော်ကြာတေ လာနှုတ်ဆက်နဲ့ုဆိုတော့ ယောက်ျားလေး ပရိသတ်များတာပေါ့။ ခဏခဏလာနှုတ်ဆက်နေကြတယ်ဆိုတော့ အစ်မက သတိရတဲ့အချိန်တောင် မရှိတော့ဘူး ထမင်းဆိုင်ဖွင့်ထားတာ။ သူတို့ကလည်း အစ်မကို ချစ်ပြီးခင်ပြီးတော့ လာစားကြတယ်။”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်မိုးမိုးက “အစ်မက ဟိုတုန်းကတည်းက ကိုသားကြီးကို ကိုယ်တိုင်ပဲ ချက်ကျွေးခဲ့တာ။ သူလည်း အပြင်ထမင်းဟင်းမစားဘူး။ သူ့ဘာသာသူသာ လျှောက်လည်ကောင်းလည်မယ် ထမင်းချိုင့်ကတော့ အိမ်က ထမင်းချိုင့်ပဲလေ။ အစ်မချက်တာပဲဆိုတော့ အစ်မလည်း ဝါသနာပါတယ် အစ်မကိုယ်တိုင်ပဲချက်တာ အကုန်လုံး။ ကိုသားကြီးက ဗမာထမင်းဟင်းဆို အကုန်ကြိုက်တယ် အစ်မချက်နဲ့ အိမ်ကကောင်းမလေးချက်တာကိုလည်း ခွဲခြားနိုင်တယ်။ အစ်မရဲ့ လက်ရာနဲ့ သူတို့နဲ့ မတူဘူးတဲ့ ဘာမတူလဲတော့ မသိဘူး ကိုယ်လည်း။ ဟင်းတွေချက်တိုင်း ကိုသားကြီးကို သတိရတယ် ငါးရံအူတို့ဘာတို့ ချက်တယ်ဆိုရင် သူအကြိုက်ဆုံးပဲလေ သိတာပေါ့။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.