နိုင်ငံတကာမှာ အရှက်ရစေခဲ့တဲ့ Myanmar Got Talent ဗီဒီယိုတခု
နိုင်ငံတကာမှာ အရှက်ရစေခဲ့တဲ့ Myanmar Got Talent ဗီဒီယိုတခု
“အရည်​အ​သွေး နိမ့်​တဲ့ဒိုင်​​ကြောင့်​ ကမ္ဘာသိ​စောက်​ရှက်​ကွဲတာပဲ Myanmar got talent ဆိုပြီး စာလူံးကြီးအထင်းသားနဲ့ ​စောက်​ရှက်​ကွဲတာ ပြိုင်​ပွဲဝင်​မှာ အပြစ်​မရှိဘူး သူရသ​လောက်​သူချပြမှာပဲ ဒါကို golden buzzer ​ပေးသင့်​မ​ပေးသင့်​ ဒိုင်​ကဆူံးဖြတ်​ပြီး ပြိုင်​ပွဲရဲ့ပုံရိပ်​ကိုထပ်​မြှင့်​ရတာ ဒိုင်​တ​ယောက်​ရဲ့ အရည်​အ​သွေး ​ကြောင့်​ကမ္ဘာသိ​စောက်​ရှက်​ကွဲတာ တန်​ပါတယ်​” စသဖြင့် Comment ပေးထားကြပါတယ်။
[UNICODE FONT]
ယခုနောက်ပိုင်း မြန်မာနိုင်ငံမှာတော့ အစီအစဉ် အသစ်တွေ အများကြီး ပေါ်လာသလို ထွက်လာတဲ့ အစီအစဉ်အသစ်တွေ ရှိုးတွေ ပြိုင်ပွဲတွေကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားလေ့ရှိပါတယ်။ ဒီလိုရေပန်းစားတဲ့ တီဗီအစီအစဉ်တွေထဲမှာတော့ Myanmar Got Talent အစီစဉ်လည်း အပါအဝင် ဖြစ်ပါတယ်။ Got Talent ပြိုင်ပွဲတွေကတော့ ကမ္ဘာ့နိုင်ငံပေါင်း ၅၈ နိုင်ငံမှာ ပြိုင်ခွင့်ပြသခွင့် ရထားတဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။ သူများနဲ့မတူတဲ့ အရည်ချင်းရှိသူတွေကို မွေးထုတ်ပေးနေတဲ့ ယင်း အစီအစဉ်ကတော့ မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကနေ စတင်ယှဉ်ပြိုင်ခဲ့ပြီး MRTV 4 ရုပ်သံမှာပြသခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ Season 5 ခုအထိကို အောင်မြင်စွာ ယှဉ်ပြိုင်ခဲ့ပြီး ဖြစ်သေ်ာလည်း လက်ရှိမှာတော့ Got Talent Global ဆိုတဲ့ ပေ့ချ်တခုမှာတော့ Myanmar Got Talent က ပြိုင်ပွဲဝင်တယောက်ရဲ့ ယှဉ်ပြိုင်မှုကတော့ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ခံနေရတာ ဖြစ်ပါတယ်။ ယင်းပြိုင်ပွဲဝင်ကတော့ ပြီးခဲ့တဲ့ Myanmar Gor Talent 2015 မှာ မျက်လှည့်ပညာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Joker လို့အမည်ရတဲ့ပြိုင်ပွဲဝင် ဖြစ်ပါတယ်။
Joker ကတော့ သူ့ရဲ့မျက်လှည့်ပညာနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း ပရိသတ်တွေရဲ့ အမြင်မှာတော့ အဆိုးမဖြစ်ခဲ့ပေမယ့်လည်း အကောင်းကြီးတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ယင်းမျက်လှည့်ပညာရှင် Joker ကိုတော့ 2015 Myanmar Got Talent မှာ ဒိုင်တဦးဖြစ်တဲ့ ရေဗက္ကာဝင်းကတော့ Golden Buzzer ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီဗီဒီယိုက နိုင်ငံတကာကို ပြန့်နှံ့သွားတဲ့အချိန်မှာတော့ ဒီပြိုင်ပွဲဝင်ဟာ Golden Buzzer နဲ့ မထိုက်တန်ဘူးလို့ ထင်ကြေးပေးနေကြတာ ဖြစ်ပြီး ဒိုင်တွေအပေါ်မှာလည်း ဝေဖန်မှုတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ဝေဖန်ထားတဲ့ Comment တချို့ကတော့ “သောက်ရှက်ကို ကွဲရော ဝင်ပြိုင်တဲ့သူကို အားနာပါတယ် ကိုလည်းသူလိုတော့ မလုပ်တက်ပါဘူး သူ့လိုလည်း မစွမ်းပါဘူး သူ့အပေါ်မှာလည်း ဘယ်လို စိတ်မှမရှိပါဘူး ကျနော်တာ ပြိုင်ပွဲဂင်ဆိုလည်း နည်းမျိုးစုံ နဲ့ နိုင်အောင် ကြိုးစားမှာပဲ ခုဟာက သူကို ရိုက်ချိုးလိုက်တာ ဒိုင်တွေ ကိုယ်တိုင်ပါပဲ ဒါပေမဲ့ ဘယ်လိုမှ golden buzzer မဖြစ်သင့်ဘူး  တကယ်တမ်းတော့ ပြိုင်ပွဲဝင်ကို golden buzzer ပေးလိုက်တာနဲ့ မတူဘူး ကမ္ဘာအလယ်မှာ သောက်ရှက်ခွဲခံ လိုက်တဲ့ အတိုင်းပဲ golden buzzer ရတဲ့သူလည်း တစ်ကမ္ဘာလုံးက comments တွေ ကြည့်ပြီး စိတ်ဒဏ်ရာ ရသွားနိုင်တယ် ဖြစ်မှမဖြစ်သင့်တာကို ပြိုင်ပွဲဝင်ကို လုံးဝ အပြစ်မတင်ပါဘူး သူကပြိုင်ပွဲကို နိုင်အောင် ကြိုးစားရတဲ့သူကို မဖြစ်သင့်တာက ဒိုင်တွေရဲ့ အရည်အသွေးပါပဲ နိုင်ငံတော်သီချင်းဆိုရင် အမှတ်ပေးမယ်  နိုင်ငံတော် ဖားတဲ့ ဇတ်ကားရိုက်ရင် မကောင်းလည်း အကယ်ဒမီ ရမယ် ဆိုတဲ့ ခပ်ပိန်းပိန်း ခံစားချက်တွေ ကြောင့် တကယ်တော်တဲ့ ပြိုင်ပွဲဝင် တွေ လစ်ရော နိုင်ငံတော်သီချင်းဆိုတိုင်း အားပေးတယ် တစ်နိုင်ငံလုံး တက်ကြွစေတယ်ဆိုရအောင်လည်း ဒါက မြန်မာဘောလုံး အသင်း ဘောလုံးကန်နေတာ မဟုတ်ပါဘူး နေရာဒေသ ကွာပါတယ် ဒါက got talent ပါ  လူတစ်ယောက်ချင်းစီရဲ့ သူမတူ တဲ့ talent တွေ ထုတ်ပြရတဲ့ ပွဲပါ world wide ပါ တစ်ကမ္ဘာလုံးမှာ အောင်မြင်နေတဲ့ program တွေကို အဆင်ပြေအောင်လိုက်မလုပ်နိုင်ရင် လိုက်မလုပ်ကြပါနဲ့ သောက်ရှက်တွေ ကွဲလွန်းလို့ပါ RIP myanmar got talents”
“အရည်အသွေး နိမ့်တဲ့ဒိုင်ကြောင့် ကမ္ဘာသိစောက်ရှက်ကွဲတာပဲ Myanmar got talent ဆိူပြီး စာလူံးကြီးအထင်းသားနဲ့ စောက်ရှက်ကွဲတာ ပြိုင်ပွဲဝင်မှာ အပြစ်မရှိဘူး သူရသလောက်သူချပြမှာပဲ ဒါကိူ golden buzzer ပေးသင့်မပေးသင့် ဒိုင်ကဆူံးဖြတ်ပြီး ပြိုင်ပွဲရဲ့ပုံရိပ်ကိူထပ်မြှင့်ရတာ ဒိုင်တယောက်ရဲ့ အရည်အသွေး ကြောင့်ကမ္ဘာသိစောက်ရှက်ကွဲတာ တန်ပါတယ်” စသဖြင့် Comment ပေးထားကြပါတယ်။
ယင်းကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက အင်တာနက်အသုံးပြုသူတွေကလည်း ပြိုင်ပွဲဝင်ဖြစ်သူကို အပြစ်မတင်ခဲ့ပေမယ့်လည်း ဒိုင်တွေကိုတော့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ Golden Buzzer မပေးသင့်ပဲ ပေးလိုက်တဲ့အတွက် ပြိုင်ပွဲဝင်ကို အရှက်ခွဲလိုက်သလို ဖြစ်သွားပါတယ်။ ပြိုင်ပွဲဝင်လည်း စိတ်ဒဏ်ရာတွေ ရနိုင်ပါတယ်။ အဓိကက ဒိုင်တွေရဲ့ အရည်အချင်းပါပဲ။ RIP Myanmar Got Talent ဆိုပြီး အမျိုးမျိုး မှတ်ချက်ပေးမှုတွေနဲ့ ဝေဖန်မှုတွေများခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ယင်းပြိုင်ပွဲရဲ့ ဗီဒီယိုကို အောက်မှာဖော်ပြပေးထားပါတယ်။ Golden Buzzer ရသင့်လားဆိုတာကိုတော့ ဝေဖန်သုံးသပ်ပေးကြပါဦး။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Comments are closed.