တိုင်းရင်းသူလေးတစ်ယောက်နဲ့ ဇာတ်လမ်းစတော့မယ့် ဇေရဲ
တိုင်းရင်းသူလေးတစ်ယောက်နဲ့ ဇာတ်လမ်းစတော့မယ့် ဇေရဲ
[UNICODE FONT]
လူငယ်တေးသီချင်းကောင်းတွေကို အကောင်းဆုံး ပုံဖော်ရေးသား သီဆိုနိုင်ပြီး ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို ရရှိထားနေတဲ့ ဇေရဲကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းက ယောက်ျားစစ်ဖြစ်ကြောင်း Live လွှင့်ပြီး ပြောခဲ့ပါတယ်။ အခုအချိန်မှာ မိန်းကလေးရည်းစားထားဖို့ရှိနေပြီး တိုင်းရင်းသူလေးတစ်ယောက်နဲ့ ဇာတ်လမ်းစဖို့ ပြင်ဆင်နေတယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။
Live လွှင့်ခဲ့တာနဲ့ ပတ်သက်ပြီး ဇေရဲက “ဟုတ်ကဲ့ပါ အဲ့တာကကျတော့လေ ကျွန်တော်အဲ့ထဲမှာ ပြောလည်းပြောထားပါတယ်။ ကျွန်တော်က ငယ်ငယ်လေးထဲက ဆိုက်ကိုရှိတယ်ဗျ။ ဆိုက်ကိုဆိုတာ ကျွန်တော်က အပေါင်းအသင်းအရမ်းများတဲ့ အခါမှာလေ ကျောင်းဆိုရင် ဖိုက်တာဆိုလည်း ကျွန်တော် ဖိုက်တာနဲ့ ပေါင်းလိုက်တာပဲ။ Gay ဆိုလည်း Gay နဲ့ပေါင်းလိုက်တာပဲ။ သူတို့နဲ့ဆိုရင် ကျွန်တော်က စနောက်နေတာတွေရှိတယ်။ အခုဆိုရင် ကျွန်တော်က ဖိုက်တာတွေနဲ့လည်း ပြန်ပေါင်းဖြစ်တော့ အဓိကတော့ Mood အတိုင်းသွားနေတာပါ။”လို့ ပြောသွားခဲ့ပါတယ်။
အခုအချိန်မှာ အရမ်းအထူးအဆန်းဖြစ်နေတာနဲ့ ပက်သက်ပြီးတော့လည်း “အဲ့တာကတော့ ဆေးထိုးခံရတာပါပဲ တကယ်တမ်းပေါ့ပေါ့ပါးပါးလေးပဲ ပြောရမယ်ဆိုရင် အခုအချိန်ကြတော့ လူတွေက ပြန်ဆုံသွားကြပြီဗျ။ အဲ့တော့ ကျောင်းတုန်းက သူငယ်ချင်းတွေရော မိတ်ဆွေအပေါင်းအသင်းတွေရော အနုပညာညီအစ်ကိုမောင်နှမတွေရော အကုန်လုံးက ဝိုင်းပြီး ဆေးထိုးတဲ့ ပုံစံမျိုးလေးတော့ ဖြစ်သွားတာပေါ့နော်။ အဲ့တော့ သူငယ်ချင်းပါပဲ။”လို့ ပြောသွားခဲ့ပါတယ်။
အဲ့လိုအချိန်မှာရော အစ်ကိုက စိတ်ဝင်စားခဲ့သေးလားလို့ မေးမြန်းရာ “စတယ်နောက်တယ်ပေါ့နော် အဲ့ပိုင်းကြီးတော့ Mood တော့မရောက်ပါဘူး။ ပြောရမယ်ဆိုရင် ကျွန်တော် Gay ဘက်ကို သွားတဲ့ Mood တော့မရောက်ပါဘူး။”လို့ ပြောခဲ့ပါတယ်။
Live မှာပြောခဲ့သလို ယောက်ျားစစ်ဖြစ်ကြောင်း ဘယ်လို သက်သေပြမှာလဲလို့ မေးမြန်းရာ “ဒါကိုလေ ကျွန်တော် မလေ့လာထားဘူး ဖြစ်နေတယ်။ အဲ့အပိုင်းတွေကိုကျတော့ သူတို့စိတ်လေးတွေကို မေးကြည့်တယ်ဗျာ မေးကြည့်တာ့ သူတို့ရင်ထဲက ခံစားချက်တွေ အဖြစ်အပျက်တွေကိုတော့ ကျွန်တော် နားလည်လာတယ်။ အဓိကတော့ သူငယ်ချင်းတွေနဲ့ ပြန်ဆုံတဲ့အခါ သူတို့ ဘယ်လိုဖြစ်တယ်ဆိုတဲ့ ဖီလင် သူတို့က ဘာကိုကြောက်တတ်တယ် ဘယ်လိုမျိုးလေးတွေ ချစ်တတ်တယ်။ ဘယ်လိုမျိုးလေးတွေ နူးညံ့တယ် သိမ်မွေ့တယ် ဒါမျိုးလေးတွေတော့ တွေ့မိတယ်။ အရင်တုန်းက ကျတော့ ကျွန်တော်က သီးသီးသန့်သန့်နေတာများတာကို ထဲထဲဝင်ဝင် ပြန်ပြီးတော့ ပေါင်းသင်းဖြစ်တဲ့ အခါမှာကျတော့ စိတ်တွေကို လိုက်ကြည့်တာပေါ့ဗျာ။ အဲ့ကာလမှာဆိုရင် ကျွန်တော် တော်တော်စုံသွားပါတယ်။ သူတို့ နဲ့မှမဟုတ်ပါဘူး တစ်ခြားဟိုးအပေါ်ကနေအောက်အထိ အကုန်လုံးနဲ့ ကျွန်တော် လိုက်ဆုံကြည့်တယ်။ စိတ်တွေ စိတ်တွေကို ကျွန်တော်က လိုက်ဖတ်ကြည့်တာ။ ဘာလို့လဲဆိုတော့ ကျွန်တော် အိမ်ထဲမှာ နေတာများတယ်။ နည်းနည်း ပလပ်ကျွတ်တယ်။ လူတွေရဲ့ စိတ်ကို လိုက်လေ့လာတဲ့ အချိန်မှာ သူတို့ရဲ့ စိတ်တွေက ဘယ်လိုရှိတယ်ဆိုတာကို ခံးစားမိသွားတယ်။”လို့ ပြောသွားခဲ့ပါတယ်။
လက်ရှိမှာ ဝေဖန်တာတွေနဲ့ ပတ်သက်ပြီး “ဒါကတော့ ဒီCamera ရှေ့မှာဆိုရင် မျက်ခုံးတင်မဟုတ်ပါဘူးဗျာ နောက်ဆုံး Camera ထဲမှာ လှဖို့ဆိုရင် မိတ်ကပ်တောင် ပြင်ရတယ် နောက်ဆုံး လိုအပ်ရင် နှုတ်ခမ်းနီတောင် ဆိုးကပါတယ်။ ကျွန်တော် အရင်တုန်းက MV တွေရိုက်ခဲ့တဲ့အချိန်မှာလည်း ကိုယ့်ကိုယ်ကိုယ်အလှပြင်တယ်ဆိုတာ တော်တော်ကိုရှားပါတယ်။ ဒါပေမဲ့ ကိုယ့်အားနည်းချက်တွေကို မှန်မကြည့်ဖြစ်တာ များတယ်။ အဲ့တော့ မှန်ပြန်ကြည့်တဲ့အချိန်မှာ ဘာအားနည်းချက်ရှိလဲပေါ့နော်။ အားနည်းချက်ကို အဖြေရှာကျိတဲ့ အခါမှာတော့ မျက်ခုံးကို တွေ့တယ်။ ဟာ ငါမျက်ခုံးလေးရှိရင် တော်တော်လှမှာပဲဆိုတဲ့ စိတ်က ဝင်သွားတယ်။”လို့ ပြောသွားခဲ့ပါတယ်။
မိန်းကလေးရည်းစားထားဖို့ရောရှိသေးလားလို့ မေးမြန်းလိုက်ရာ “ဟုတ်ကဲ့ မိန်းကလေးရည်းစားက အခုဆိုရင် ငယ်ငယ်လေးကတည်းက ကျွန်တော်တွေ့ခဲ့တဲ့ ကောင်မလေးတစ်ယာက် ရှိခဲ့ဖူးတယ်။ တိုင်းရင်းသူလေးတစ်ယောက်ပေါ့နော် အဲ့ကောင်မလေးကို ရင်ခုန်နေတာပေါ့ အဲ့ဇာတ်လမ်းလေးကတော့ ပြန်စမှာပါ။ ဒီအချိန်မှာ တစ်ယောက်နဲ့တစ်ယောက်စကားပြောပြီးတော့ စကားလေးတွေဟနေတဲ့ အချိန်လေးတွေပဲ ရှိပါသေးတယ်။ “လို့ ပြောသွားခဲ့ပါတယ်။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Comments are closed.