တကယ်ရုံတင်တဲ့ကားပဲအကယ်ဒမီပေးမယ့်နှစ်လို့ပြောတဲ့ အစည်းအရုံးဒုဉက္ကဌ

တကယ်ရုံတင်တဲ့ကားပဲအကယ်ဒမီပေးမယ့်နှစ်လို့ပြောတဲ့ အစည်းအရုံးဒုဉက္ကဌ






[UNICODE FONT]

အကယ်ဒမီဆုပေးပွဲနီးလာတော့ မြန်မာ့ရုပ်ရှင်ပရိသတ်ကြီးလည်း နည်းနည်းတော့ရင်ခုံနေကြပြီထင်ပါတယ်။ ဒီနှစ်မှာတော့ အရင်နှစ်တွေကနဲ့မတူဘဲဆုတွေလည်းထပ်တိုးထားတဲ့အကြောင်းကို မြန်မာ့ရုပ်ရှင်အစည်းအရုံးဉက္ကဌ ဦးအေးကြူလေးက အင်တာဗျူးတစ်ခုမှာပြောပြခဲ့ပါတယ်။ အဲ့ဒီလိုပြောင်းလဲလာတဲ့ အခြားအရာတွေလည်းရှိပါသေးတယ် အဲ့တာတွေကဘာတွေလဲဆိုတာကို ပြောချင်လွန်းလို့ ပရိသတ်ကြီးသိအောင် ဖော်ပြပေးလိုက်ပါရစေ။

အခြေခံအားဖြင့်ပြောင်းလဲသွားတဲ့အပြောင်းလဲတွေကို “ဒီနှစ်မှာဆိုရင်အများကြီးပြောင်းလဲထားပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့ထပ်တိုးထားတယ် အရင်က ၇ ဖွဲ့ရှိတာကို အခုဒီနှစ်မှာ ၈ဖွဲ့ဖြစ်လာတယ်။ နောက်တစ်ခုပြောင်းလဲသွားတာလည်းရှိပါသေးတယ်။ အဲ့ဒါကအရင်ကဆိုရင် ဟိုမြို့ ၄၊၅ရက် ပြလိုက် ဒီမြို့ရက်နည်းနည်းပြလိုက်နဲ့ဆိုရင်ကို အကယ်ဒမီစာရင်းဝင်မယ်။”ဆိုပြီးပြောပြထားပါတယ်။

နောက်ထပ်ပြောင်းလဲထားတဲ့အပြောင်းအလဲတွေကိုလဲ “ဒီနှစ်မှာတော့အဲ့ဒီလိုမရတော့ဘူး တရားဝင်ပြခွင့်ရပြီးရုံတင်ရက်တိတိကျကျနဲ့ပြထားတဲ့ဇာတ်လမ်းတွေကိုထဲကပဲပေးတော့မှာ။ ပြတဲ့ဇာတ်လမ်းတွေထဲကမှာစာရင်းဝင်ကားတွေကို ကောင်းကောင်းဆိုးဆိုးအကုန်ကြည့်ရမှာ ။ ဒီနှစ်ကတော့ စကာတင်စာရင်းဝင်ဇာတ်လမ်းတွေကိုထုတ်ပြန်ပေးပါမယ်။ အဲ့ဒီစာရင်းထဲဇာတ်လမ်းတွေကိုပဲ အကယ်ဒမီပေးသွားမှာပါ။”ဆိုပြီးပြောပြခဲ့ပါသေးတယ်။

ဆုတွေထပ်တိုးထားတာနဲ့ပတ်သတ်ပြီး “အရင်ကထက်ဆုတွေလည်း ပိုတိုးထားတယ်။ မနှစ်က တစ်သက်တာဆုကိုစပေးတော့ အစက ၁၁ ဆုပေးရာကနေ ၁၂ဆုဖြစ်သွားတယ်။ နောက်တစ်ခုကအထူးဆုဆိုတာကနှစ်တိုင်းမပါဘူး။ အရင်ကပေးတော့လည်း ကလေးသရုပ်ဆောင်တွေကိုပေးတာများတယ်။ အခုအထူးဆုကို ၅ခုခွဲထားတယ်။ အဲ့တာကဘာလဲဆိုရင် အဝတ်အစားဆုပြင်ဆင်တဲ့ပေါ်မှာပေးတဲ့ဆုလိုမျိုးတွေပေါ့ အဲ့တာကြောင့်မျှော်လင့်တဲ့သူတွေလည်းပိုပြီးမျှော်လင့်လို့ရသလို အဲ့တာလေးတွေလည်းပြောင်းလဲထားပါတယ်။ ဆိုပြီးလည်းပြောပြသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.