သဲကႏၱာရထဲမွာ ခ်စ္သူေလးနဲ႔ေပ်ာ္ေနတဲ့ စိုင္းစိုင္း

သဲကႏၱာရထဲမွာ ခ်စ္သူေလးနဲ႔ေပ်ာ္ေနတဲ့ စိုင္းစိုင္း

ျမန္မာနုိ္င္ငံကအမ်ိဳးသမီးထုၾကီးရဲ႕နွလံုးသားကုိ နွစ္ေပါင္းၾကာေအာင္ဖမ္းစားထားခဲ့တဲ့ လူပ်ိဳၾကီးစုိင္းစိုင္းကေတာ့ ေနာက္အခ်ိန္ေတြၾကာတဲ့အထိ လူပ်ိဳၾကီးျဖစ္ေနနုိင္ပါ့မလားဆိုတာစဥ္းစားစရာပါပဲ။ ဘာလို႔ဆို လြန္ခဲ့တဲ့နွစ္အနည္းငယ္ကတည္းက စိုင္းရဲ႕ လူပ်ိဳၾကီး ဂုဏ္ပုဒ္ကုိ စ်ာန္ေလွ်ာေစမယ့္ နတ္သမီးေလးက စိုင္းစိုင္းနံေဘးမွာ ရွိေနခဲ့တာကိုး။ ဟုိးလြန္ခဲ့တဲ့ နွစ္ေတြတုန္းကေတာ့ စုိင္းစုိင္းဟာ အခုလက္ရွိထိပ္တန္းမင္းသမီးဝတ္မႈန္ေရႊရည္နဲ႔ ခ်စ္ၾကိဳက္ခဲ့တယ္လို႔သတင္းေတြထြက္ျပီးေနာက္လမ္းခြဲခဲ့ျပီး နာက်င္ခဲ့ရပံုေပၚပါတယ္။

ေနာက္ပိုင္းနွစ္ေတြမွာေတာ့ စိုင္းစုိင္းဟာ သူ႔ထက္ဆယ္နွစ္ေက်ာ္ငယ္ျပီး နတ္သမီးေလးလိုျမင္ရတာေအးခ်မ္းလွတဲ့ သဲအိမ္စံဆိုသူ သာမန္မိန္းကေလးနဲ႔ဆံုေတြ႕ျပီး ခ်စ္ၾကိဳးသြယ္ေနတယ္ဆိုတဲ့သတင္းေတြထြက္လာပါတယ္။ သဲအိမ္စံနဲ႔ စိုင္းစုိင္းနဲ႔  ျပင္သစ္မွာလက္ခ်င္းတဲြျပီးေပ်ာ္ျမဴးေနတဲ့ ဓာတ္ပံုေတြထြက္လာတုန္းကဆို ပရိသတ္ေကာင္မေလးေတြေတာ္ေတာ္မ်ားမ်ား အသည္းေတြဟက္တက္ကြဲခဲ့ၾကပါေသးတယ္။ ဒါေပမယ့္ စိုင္းစုိင္းကုိေပ်ာ္ေအာင္လုပ္ေပးတဲ့မိ္န္းကေလးကုိ ပရိသတ္ေတြကလည္း တျဖည္းျဖည္းနဲ႔ခ်စ္လာခဲ့ပါတယ္။ အခုဆိုရင္ စိုင္းစိုင္းဟာ ခ်စ္သူေလးနဲ႔ေပ်ာ္ရႊင္ေနျပီး ခရီးေတြလည္းအတူထြက္ေနပံုေပၚပါတယ္။

စုိင္းစိုင္းက သူ႔ရဲ႕လူမႈကြန္ယက္မွာ ဒူဘုိင္းသဲကႏၱာရကုိသြားတဲ့ဓာတ္ပံုေတြတင္ထားခဲ့ျပီး ခရီးသြားတဲ့အေၾကာင္းလည္း စာေရးဦးမယ္လို႔ ပရိသတ္ေတြကုိအသိေပးထားပါတယ္။ ပရိသတ္ေတြကေတာ့ စုိင္းစိုင္းက ခ်စ္သူေလးနဲ႔ခရီးအတူတူထြက္သြားတာျဖစ္တယ္လို႔ တထစ္ခ်ေျပာဆိုေနၾကေလရဲ႕ ။အေၾကာင္းကေတာ့ စိုင္းစုိင္းသြားတဲ့ေနရာေတြမွာရိုက္ထားတဲ့ ဓာတ္ပံုေတြကုိ သဲအိမ္စံကလည္း သူမရဲ႕ Instagram My Day မွာတင္ထားလို႔ပါပဲ။ စုိင္းစုိင္းတစ္ေယာက္ခ်စ္တဲ့သူနဲ႔ Quality Time ေတြကိုျဖတ္သန္းေနတယ္ထင္ပါရဲ႕။ စုိင္းစိုင္းရဲ႕အသည္းေလးတင္ထားတဲ့ဓာတ္ပံုေလးေတြကုိ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးအတြက္ေဝမွ်လုိက္ပါတယ္။

ပရိသတ္ႀကီးေရာ စိုင္းစိုင္းကိုသဲအိမ္စံနဲ႔ သေဘာတူၾကလား။ စိုင္းစိုင္းရဲ႕ ၾကာေတာ့သည္လည္းေမာင့္စကားကိုေရာ သြားေရာက္ၾကည့္ရႈ႕ၿပီးၾကၿပီလား။ စိုင္းစိုင္းရဲ႕ သီခ်င္းအသစ္ေတြကိုေရာ ေမွ်ာ္ေနၾကေသးလား။ ေျပာခဲ့ၾကပါဦး။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

မြန်မာနိုင်ငံကအမျိုးသမီးထုကြီးရဲ့နှလုံးသားကို နှစ်ပေါင်းကြာအောင်ဖမ်းစားထားခဲ့တဲ့ လူပျိုကြီးစိုင်းစိုင်းကတော့ နောက်အချိန်တွေကြာတဲ့အထိ လူပျိုကြီးဖြစ်နေနိုင်ပါ့မလားဆိုတာစဉ်းစားစရာပါပဲ။ ဘာလို့ဆို လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက စိုင်းရဲ့ လူပျိုကြီး ဂုဏ်ပုဒ်ကို ဈာန်လျှောစေမယ့် နတ်သမီးလေးက စိုင်းစိုင်းနံဘေးမှာ ရှိနေခဲ့တာကိုး။ ဟိုးလွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ စိုင်းစိုင်းဟာ အခုလက်ရှိထိပ်တန်းမင်းသမီးဝတ်မှုန်ရွှေရည်နဲ့ ချစ်ကြိုက်ခဲ့တယ်လို့သတင်းတွေထွက်ပြီးနောက်လမ်းခွဲခဲ့ပြီး နာကျင်ခဲ့ရပုံပေါ်ပါတယ်။

နောက်ပိုင်းနှစ်တွေမှာတော့ စိုင်းစိုင်းဟာ သူ့ထက်ဆယ်နှစ်ကျော်ငယ်ပြီး နတ်သမီးလေးလိုမြင်ရတာအေးချမ်းလှတဲ့ သဲအိမ်စံဆိုသူ သာမန်မိန်းကလေးနဲ့ဆုံတွေ့ပြီး ချစ်ကြိုးသွယ်နေတယ်ဆိုတဲ့သတင်းတွေထွက်လာပါတယ်။ သဲအိမ်စံနဲ့ စိုင်းစိုင်းနဲ့  ပြင်သစ်မှာလက်ချင်းတွဲပြီးပျော်မြူးနေတဲ့ ဓာတ်ပုံတွေထွက်လာတုန်းကဆို ပရိသတ်ကောင်မလေးတွေတော်တော်များများ အသည်းတွေဟက်တက်ကွဲခဲ့ကြပါသေးတယ်။ ဒါပေမယ့် စိုင်းစိုင်းကိုပျော်အောင်လုပ်ပေးတဲ့မိန်းကလေးကို ပရိသတ်တွေကလည်း တဖြည်းဖြည်းနဲ့ချစ်လာခဲ့ပါတယ်။ အခုဆိုရင် စိုင်းစိုင်းဟာ ချစ်သူလေးနဲ့ပျော်ရွှင်နေပြီး ခရီးတွေလည်းအတူထွက်နေပုံပေါ်ပါတယ်။

စိုင်းစိုင်းက သူ့ရဲ့လူမှုကွန်ယက်မှာ ဒူဘိုင်းသဲကန္တာရကိုသွားတဲ့ဓာတ်ပုံတွေတင်ထားခဲ့ပြီး ခရီးသွားတဲ့အကြောင်းလည်း စာရေးဦးမယ်လို့ ပရိသတ်တွေကိုအသိပေးထားပါတယ်။ ပရိသတ်တွေကတော့ စိုင်းစိုင်းက ချစ်သူလေးနဲ့ခရီးအတူတူထွက်သွားတာဖြစ်တယ်လို့ တထစ်ချပြောဆိုနေကြလေရဲ့ ။အကြောင်းကတော့ စိုင်းစိုင်းသွားတဲ့နေရာတွေမှာရိုက်ထားတဲ့ ဓာတ်ပုံတွေကို သဲအိမ်စံကလည်း သူမရဲ့ Instagram My Day မှာတင်ထားလို့ပါပဲ။ စိုင်းစိုင်းတစ်ယောက်ချစ်တဲ့သူနဲ့ Quality Time တွေကိုဖြတ်သန်းနေတယ်ထင်ပါရဲ့။ စိုင်းစိုင်းရဲ့အသည်းလေးတင်ထားတဲ့ဓာတ်ပုံလေးတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်ဝေမျှလိုက်ပါတယ်။

ပရိသတ်ကြီးရော စိုင်းစိုင်းကိုသဲအိမ်စံနဲ့ သဘောတူကြလား။ စိုင်းစိုင်းရဲ့ ကြာတော့သည်လည်းမောင့်စကားကိုရော သွားရောက်ကြည့်ရှု့ပြီးကြပြီလား။ စိုင်းစိုင်းရဲ့ သီချင်းအသစ်တွေကိုရော မျှော်နေကြသေးလား။ ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.