လူတွေမသိသေးတဲ့Iron Man မင်းသား Robert Downey Jrအကြောင်း

လူတွေမသိသေးတဲ့Iron Man မင်းသား Robert Downey Jrအကြောင်း















[UNICODE FONT]

Robert Downney Jr ဆိုတာ ဘယ်သူလဲလို့ မိတ်ဆက်ပေးစရာမလိုလောက် အောင် မြန်မာပရိသတ်တွေချစ်နေတဲ့မင်းသားတစ်ယောက်ပါ ။ သူကိုတော်တော်များများက Iron Man အနေနဲ့စသိခဲ့ကြတဲ့သူတွေရှိသလိုအဲ့ဒီမတိုင်ခင်အချိန်ကတည်းကသူ့ကိုစွဲလန်းအားပေးလာတဲ့ပရိတ်သတ်တွေလည်းရှိပါတယ်။ အဲ့ဒီလို လူသိများတဲ့သူရဲ့လူသိနည်းတဲ့အကြောင်းလေးတွေက ဘာတွေဖြစ်မလဲဆိုတာကို ပြောပြချင်လွန်းလို့ပရိသတ်ကြီးလည်းသိရအောင် မျှဝေလိုက်ပေးလိုက်ရပါတယ်။ အဲ့ဒီအကြောင်းအရာလေးတွေကတော့

သူရဲ့ပထမဆုံးသရုပ်ဆောင်ရတဲ့ဇာတ်ကောင်က Puppy

သူငါးနှစ်သားအရွယ် ၁၉၇၀ပြည့်နှစ်မှာ သူရဲ့ပထမဆုံးအတွေ့အကြုံအဖြစ်သရုပ်ဆောင်ဖြစ်တဲ့ ဇာတ်လမ်းကတော့ Pound ဆိုတဲ့ သူ့အဖေ Robert Downey Sr ကိုယ်တိုင်ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပါ။

အဝတ်စားတွေကို မီးရှို့ပစ်တာကသူရဲ့သင်္ကေတဖြစ်လာတဲ့အကြောင်း

၁၉၈၇ ခုနှစ်က Less Than Zero ဆိုတဲ့ရုပ်ရှင်ကို ရိုက်ကူးပြီးချိန်မှာ သူဟာ သူသရုပ်ဆောင်ခြင်းအတတ်ကို ကောင်းသထက်ကောင်းအောင်လုပ်မယ်ဆိုပြီးဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉၉၂ ခုနှစ်Chaplim ရုပ်ရှင်ရိုက်ဖို့ပြင်ဆင်ချိန်မှာတော့ သူ့အဝတ်စားတွေကို သူရဲ့ခြံဝန်းထဲမှာတင်ပဲမီးရှို့ပစ်ခဲ့ပါတယ်။ အဲ့ဒီလုပ်ဆောင်မှုကပဲသူသရုပ်ဆောင်ဘဝရဲ့စာမျက်နှာတွေကို တစ်ခုခုပြီး ဖြတ်သန်းလာနိုင်ခဲ့တယ်လို့ပဲဆိုလိုက်ပါတယ်။

Pop သီချင်းခွေတစ်ခွေဖြန့်ချိဘူးတယ်။

၂၀၀၄ ခုနှစ် သူHollywood ကိုပြန်လည်ခြေချိန်မှာပဲဂီတဘက်မှာရပ်တည်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် သူ့ရဲ့သီချင်း၁၀ပုဒ်ပါတဲ့ခွေတစ်ခွေကိုတော့Sonyထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီခွေထဲမှာသူကိုယ်တိုင်ရေးတဲ့သီချင်းတွေ၈ပုဒ်ပါဝင်ပြီးနှစ်ပုဒ်ကတော့ Cover အနေနဲ့ပြန်လည်သီဆိုထားတာပါ။

Iron Manဇာတ်လမ်းမှာ သရုပ်ဆောင်ကြေးဒေါ်လာ၅၀၀,၀၀၀ပဲရခဲ့တဲ့အကြောင်း

Iron Man 1 ကိုသရုပ်ဆောင်ဖို့ သူ့ကိုကမ်းလှမ်းခဲ့ချိန်မှာတော့ သူ့ရဲ့သရုပ်ဆောင်ကြေး ဒေါ်လာ၅၀၀,၀၀၀ပါ။ ပြီးမှစာချုပ်ပါအချက်အလက်တွေအရ Iron Man 2 အတွက်သူ့သရုပ်ဆောင်ကြေးဟာ ဒေါ်လာ၁၀သန်းထိတိုးလာခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် Avenger ရုပ်ရှင်ကို ရိုက်ကူးချိန်မှာတော့ ဒေါ်လာသန်း၅၀အထိတိုးမြင့်သွားတာက သူ့ကို သရုပ်ဆောင်ကြေးအမြင့်ဆုံးသရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့တာပါ ။

ဝန်ချွန်းသိုင်းကိုလေ့လာခဲ့သေးခဲ့တဲ့ သူ

OLYMPUS DIGITAL CAMERA

၂၀၀၃ခုနှစ်မှာတော့ သူဟာ စိတ်ပိုင်းဆိုင်အခြေအနေတည်သည်ထက်တည်ငြိမ်လာအောင်ရည်ရွယ်ပြီး ဝန်ချွန်းသိုင်းကိုလေ့လာသင်ယူခဲ့ပါသေးတယ်။သူဟာဝန်ချွန်းကိုဆက်လက့်လေ့ကျင့်ခဲ့ပြီးဝန်ချွန်းဟာ စိတ်ဝိညာဉ်ကို သန်မာစေတဲ့လေ့ကျင့်ခန်းတစ်ခုပါဆိုပြီးလည်း ပြောခဲ့ပါသေးတယ်။

HOLLYWOOD, CA – JUNE 28: Robert Downey Jr. attends the premiere of Columbia Pictures’ “Spider-Man: Homecoming” at TCL Chinese Theatre on June 28, 2017 in Hollywood, California. (Photo by Alberto E. Rodriguez/Getty Images)

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.