ရံုးခန္းအသစ္မွာ ဘားပါပါတယ္ဆိုတဲ့ ေနျခည္ဦး

ရံုးခန္းအသစ္မွာ ဘားပါပါတယ္ဆိုတဲ့ ေနျခည္ဦး

ေနျခည္ဦးဟာဆိုရင္ေတာ့ Beauty Blogger အျဖစ္ကေန မင္းသမီးတစ္လက္အျဖစ္ကို အခ်ိန္တိုအတြင္းေရာက္ရွိလာသူတစ္ဦးျဖစ္ပါတယ္။ ေနျခည္ဦးက အခုဆိုရင္ရုပ္ရွင္ဇာတ္ကားေတြဇယ္ဆက္သလုိရိုက္ေနရျပီျဖစ္သလုိ ပရိသတ္ေတြရဲ႕တခဲနက္အားေပးမႈေတြလည္းရရွိိထားသူတစ္ဦးပါ။ ေနျခည္ဦးက မၾကာေသးမီကပဲ သူမရဲ႕ရံုးခန္းအသစ္ၾကီးကုိ ပရိသတ္ေတြကုိ လူမႈကြန္ယက္ကေနတစ္ဆင့္ျပသလာခဲ့ပါတယ္။

ေနျခည္ဦးဟာ ျပီးခဲ့တဲ့ရက္အနည္းငယ္က သူမရဲ႕ ေမြးေန႔အထိန္းအမွတ္နဲ႔ သီလရွင္ဝတ္ေနခဲ့တာျဖစ္ျပီး လူထြက္လာတာမၾကာေသးပါဘူး။ ေနျခည္ဦးဟာ သီလရွင္လူထြက္ကတံုးေလးနဲ႔လည္းအရမ္းကိုလွေသြးၾကြယ္ေနျပီး ပရိသတ္ေတြရဲ႕အသည္းတယားယားနဲ႔ခ်စ္ျခင္းကုိခံေနရပါတယ္။ ေနျခည္က လူထြက္ခါစမွာပဲ စိတ္သစ္လူသစ္အားသစ္ေတြနဲ႔ အလုပ္ေတြအရင္ကထက္ပုိလုပ္ေတာ့မယ္လို႔ စဥ္းစားထားပံုေပၚပါတယ္။ ရံုးခန္းအသစ္ၾကီးကုိ ေနျခည္က သူမရဲ႕ လူမႈကြန္ယက္မွာ ထုတ္ၾကြားလာခဲ့ပါတယ္။

ေနျခည့္ရဲ႕ရံုးခန္းအသစ္ၾကီးဟာ သန္႔ျပန္႔ရွင္းလင္းလက္ျဖာေနျပီးေသခ်ာျပင္ဆင္မြမ္းမံထားတဲ့ အတြင္းပုိင္းဒီဇုိင္းလက္ရာေတြကလည္း ရင္သပ္ရႈ႕ေမာစရာပါပဲ။ ေနျခည္က ဗီဒီယုိေလးထဲမွာ သူမရဲ႕ ရံုးမွာ စတူဒီယို၊ ရံုးခန္း၊အစည္းအေဝးခန္းမက်ယ္ၾကီးနဲ႔ ရံုးခန္းအခြဲေလးေတြအျပင္ ဘားတစ္ခုပါပါေၾကာင္းေျပာျပထားပါတယ္။အင္မတန္ဆုိရွယ္က်တဲ့ ေနျခည္ဦးက သူ႔ရဲ႕ဝန္ထမ္းေတြကိုလည္းဘားပါတဲ့ရံုးခန္းၾကီးနဲ႔ေပ်ာ္ေအာင္ထားေတာ့မယ္နဲ႔တူပါတယ္။

ပရိသတ္ႀကီးေရာ ေနျခည္ဦးရဲ႕ ဘားပါပါတဲ့ ႐ုံးခန္းအသစ္က်ပ္ခြၽတ္ႀကီးကို သြားေရက်ေနၿပီလား။ ေနျခည့္ကိုခ်စ္လို႔ ေနျခည့္နားမွာအလုပ္လုပ္ခ်င္ပါတယ္ဆိုသူေတြေရာရွိလား။ ေနျခည့္ရဲ႕ ေရွ႕ဆက္မယ့္အႏုပညာလႈပ္ရွားမႈေတြကိုေရာအားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

နေခြည်ဦးဟာဆိုရင်တော့ Beauty Blogger အဖြစ်ကနေ မင်းသမီးတစ်လက်အဖြစ်ကို အချိန်တိုအတွင်းရောက်ရှိလာသူတစ်ဦးဖြစ်ပါတယ်။ နေခြည်ဦးက အခုဆိုရင်ရုပ်ရှင်ဇာတ်ကားတွေဇယ်ဆက်သလိုရိုက်နေရပြီဖြစ်သလို ပရိသတ်တွေရဲ့တခဲနက်အားပေးမှုတွေလည်းရရှိထားသူတစ်ဦးပါ။ နေခြည်ဦးက မကြာသေးမီကပဲ သူမရဲ့ရုံးခန်းအသစ်ကြီးကို ပရိသတ်တွေကို လူမှုကွန်ယက်ကနေတစ်ဆင့်ပြသလာခဲ့ပါတယ်။

နေခြည်ဦးဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က သူမရဲ့ မွေးနေ့အထိန်းအမှတ်နဲ့ သီလရှင်ဝတ်နေခဲ့တာဖြစ်ပြီး လူထွက်လာတာမကြာသေးပါဘူး။ နေခြည်ဦးဟာ သီလရှင်လူထွက်ကတုံးလေးနဲ့လည်းအရမ်းကိုလှသွေးကြွယ်နေပြီး ပရိသတ်တွေရဲ့အသည်းတယားယားနဲ့ချစ်ခြင်းကိုခံနေရပါတယ်။ နေခြည်က လူထွက်ခါစမှာပဲ စိတ်သစ်လူသစ်အားသစ်တွေနဲ့ အလုပ်တွေအရင်ကထက်ပိုလုပ်တော့မယ်လို့ စဉ်းစားထားပုံပေါ်ပါတယ်။ ရုံးခန်းအသစ်ကြီးကို နေခြည်က သူမရဲ့ လူမှုကွန်ယက်မှာ ထုတ်ကြွားလာခဲ့ပါတယ်။

နေခြည့်ရဲ့ရုံးခန်းအသစ်ကြီးဟာ သန့်ပြန့်ရှင်းလင်းလက်ဖြာနေပြီးသေချာပြင်ဆင်မွမ်းမံထားတဲ့ အတွင်းပိုင်းဒီဇိုင်းလက်ရာတွေကလည်း ရင်သပ်ရှု့မောစရာပါပဲ။ နေခြည်က ဗီဒီယိုလေးထဲမှာ သူမရဲ့ ရုံးမှာ စတူဒီယို၊ ရုံးခန်း၊အစည်းအဝေးခန်းမကျယ်ကြီးနဲ့ ရုံးခန်းအခွဲလေးတွေအပြင် ဘားတစ်ခုပါပါကြောင်းပြောပြထားပါတယ်။အင်မတန်ဆိုရှယ်ကျတဲ့ နေခြည်ဦးက သူ့ရဲ့ဝန်ထမ်းတွေကိုလည်းဘားပါတဲ့ရုံးခန်းကြီးနဲ့ပျော်အောင်ထားတော့မယ်နဲ့တူပါတယ်။

ပရိသတ်ကြီးရော နေခြည်ဦးရဲ့ ဘားပါပါတဲ့ ရုံးခန်းအသစ်ကျပ်ချွတ်ကြီးကို သွားရေကျနေပြီလား။ နေခြည့်ကိုချစ်လို့ နေခြည့်နားမှာအလုပ်လုပ်ချင်ပါတယ်ဆိုသူတွေရောရှိလား။ နေခြည့်ရဲ့ ရှေ့ဆက်မယ့်အနုပညာလှုပ်ရှားမှုတွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.