ကမၻာ့ အႀကီးဆုံး အံျသဖြယ္ရာဗုဒၶဘာသာျမဳိ ့ေတာ္ျကီး

ကမၻာ့ အႀကီးဆုံး အံျသဖြယ္ရာဗုဒၶဘာသာျမဳိ ့ေတာ္ျကီး

အံ့ဖြယ္ ကမ႓ာ့အႀကီးဆုံး ဗုဒၶဘာသာဘုန္းႀကီးၿမိဳ႕ေတာ္”

“အံ့ဖြယ္ ကမ႓ာ့အႀကီးဆုံး ဗုဒၶဘာသာဘုန္းႀကီးၿမိဳ႕ေတာ္” (လာရန္ဂါ)ဘုန္းႀကီးၿမိဳ႕ေတာ္ဟု နာမည္ေပးထားေသာ္လည္းတစ္ကယ္ေတာ့ ဗုဒၶဘာသာ အကယ္ဒမီ စာသင္တိုက္မ်ားျဖစ္ပါတယ္..လူေနအိမ္မ်ားမဟုတ္ အနီေရာင္တဲအိမ္မ်ားျဖင့္ တည္ေဆာက္ထားသည့္ဗုဒၶဘာသာဘုန္းေတာ္ႀကီးတဲေက်ာင္းမ်ားသာျဖစ္ပါတယ္..

  • အဓိက မိမိတို႔ေလ့လာလိုသည့္ပရိယတၱိ ပဋိပတၱိ ပဋိေဝဒမ်ားကိုသာ ေလ့လာခြင့္ရွိပါတယ္..
  • အခ်ိဳ႕ဘုန္းႀကီးမ်ားကလည္းစကားမေျပာပဲ ဝစီပိတ္က်င့္ၾကံၾကပါတယ္..
  • အလြန္႔အလြန္သာယာၿပီးသူေတာ္ေကာင္းတို႔ရဲ႕ ဓမၼစာေပမ်ားသာ ၾကားရၿပီးဆဲဆိုသံ ရန္ျဖစ္သံ မၾကားရပါ..
  • အလြန္ေအးခ်မ္းၿပီး တိတ္ဆိတ္ၿငိမ္သက္လွပါတယ္..
  • အလြန္အံ့ၾသစရာေနရာတစ္ခုလည္းျဖစ္ပါတယ္..
  • တရုတ္ႏိုင္ငံ ခ်န္ဒူၿမိဳ႕မွ မိုင္၃၇၀အကြာရွိ လာရန္ဂါေတာင္ၾကားတြင္ဘုန္းေတာ္ႀကီးႏွင့္ သီလရွင္ အပါးေလးေသာင္းေက်ာ္သီတင္းသုံးေနထိုင္ၾကပါတယ္..
  • ဘုန္းေတာ္ႀကီးမ်ားႏွင့္ သီလရွင္မ်ားတို႔ရဲ႕သီတင္းသုံးေနထိုင္ရာေနရာနဲ႔ ေက်ာင္းၾကားတြင္လမ္းမႀကီးျဖင့္ စည္းျခားထားပါတယ္..
  • ထိုဗုဒၶဘာသာဘုန္းႀကီးၿမိဳ႕ေတာ္ကိုထင္ရွားသည့္ ယင္မာလာမာ ဘုန္းေတာ္ႀကီးတစ္ပါးျဖစ္သူ ဂ်င္မီဖန္႔ေဆာ့စ္ကလူေနထိုင္ျခင္းမရွိသည့္ ေတာင္ၾကား၌၁၉၈၀ တြင္ စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ပါတယ္..
  • ေဝးလံေခါင္သီသည့္ေဒသတြင္ရွိေသာ္လည္းလာရန္ဂါအကယ္ဒမီမွာ ကမ႓ာ့ဗုဒၶဘာသာ အေျခခ်နယ္ေျမျဖစ္လာခဲ့ပါတယ္..
  • ခ်န္ဒူၿမိဳ႕မွ မိုင္၃၇၀အကြာ ဆာတာေဒသရွိထိုဗုဒၶဘာသာဘုန္းႀကီးၿမိဳ႕ေတာ္ သြားေရာက္လိုပါကနာရီ ၂၀-ၾကာခရီးကို ျဖတ္သန္းရမွာျဖစ္ပါတယ္..
  • သာယာလွပသည့္ ထိုေဒသတြင္ tvမ်ားကို ပိတ္ပင္ထားၿပီးဘုန္းေတာ္ႀကီးႏွင့္ သီလရွင္မ်ားမွာဘာသာေရးစာေပမ်ား ေလ့လာသင္ယူျခင္းဘုရားရွိခိုးျခင္းတို႔ျဖင့္ ေကာင္းက်ိဳးရရွိရန္ ေနထိုင္ၾကပါတယ္..
  • ဗုဒၶဘာသာဘုန္းႀကီးၿမိဳ႕တြင္တရုတ္လူမ်ိဳးစာသင္သားမ်ားအျပင္ထိုင္ဝမ္ တိဘက္ ေဟာင္ေကာင္ စကၤာပူႏွင့္ မေလးရွားမွ စာသင္သားမ်ားပါသင္ၾကားဆည္းပူးလ်က္ရွိပါတယ္..
  • သီးျခားစီခဲြျခားထားသည့္ စာသင္ခန္းမ်ားတြင္မန္ဒရင္းတရုတ္ဘာသာျဖင့္ သင္ၾကားၿပီးစာသင္ခန္းက်ယ္ႀကီးမ်ားတြင္ တိဘက္ဘာသာျဖင့္ သင္ၾကားလ်က္ရွိပါတယ္….။

credit > အရွင္ပညာသီဟ

[Unicode]

အံ့ဖွယ် ကမ႓ာ့အကြီးဆုံး ဗုဒ္ဓဘာသာဘုန်းကြီးမြို့တော်”

“အံ့ဖွယ် ကမ႓ာ့အကြီးဆုံး ဗုဒ္ဓဘာသာဘုန်းကြီးမြို့တော်” (လာရန်ဂါ)ဘုန်းကြီးမြို့တော်ဟု နာမည်ပေးထားသော်လည်းတစ်ကယ်တော့ ဗုဒ္ဓဘာသာ အကယ်ဒမီ စာသင်တိုက်များဖြစ်ပါတယ်..လူနေအိမ်များမဟုတ် အနီရောင်တဲအိမ်များဖြင့် တည်ဆောက်ထားသည့်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတဲကျောင်းများသာဖြစ်ပါတယ်..

  • အဓိက မိမိတို့လေ့လာလိုသည့်ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဒများကိုသာ လေ့လာခွင့်ရှိပါတယ်..
  • အချို့ဘုန်းကြီးများကလည်းစကားမပြောပဲ ဝစီပိတ်ကျင့်ကြံကြပါတယ်..
  • အလွန့်အလွန်သာယာပြီးသူတော်ကောင်းတို့ရဲ့ ဓမ္မစာပေများသာ ကြားရပြီးဆဲဆိုသံ ရန်ဖြစ်သံ မကြားရပါ..
  • အလွန်အေးချမ်းပြီး တိတ်ဆိတ်ငြိမ်သက်လှပါတယ်..
  • အလွန်အံ့သြစရာနေရာတစ်ခုလည်းဖြစ်ပါတယ်..
  • တရုတ်နိုင်ငံ ချန်ဒူမြို့မှ မိုင်၃၇၀အကွာရှိ လာရန်ဂါတောင်ကြားတွင်ဘုန်းတော်ကြီးနှင့် သီလရှင် အပါးလေးသောင်းကျော်သီတင်းသုံးနေထိုင်ကြပါတယ်..
  • ဘုန်းတော်ကြီးများနှင့် သီလရှင်များတို့ရဲ့သီတင်းသုံးနေထိုင်ရာနေရာနဲ့ ကျောင်းကြားတွင်လမ်းမကြီးဖြင့် စည်းခြားထားပါတယ်..
  • ထိုဗုဒ္ဓဘာသာဘုန်းကြီးမြို့တော်ကိုထင်ရှားသည့် ယင်မာလာမာ ဘုန်းတော်ကြီးတစ်ပါးဖြစ်သူ ဂျင်မီဖန့်ဆော့စ်ကလူနေထိုင်ခြင်းမရှိသည့် တောင်ကြား၌၁၉၈၀ တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်..
  • ဝေးလံခေါင်သီသည့်ဒေသတွင်ရှိသော်လည်းလာရန်ဂါအကယ်ဒမီမှာ ကမ႓ာ့ဗုဒ္ဓဘာသာ အခြေချနယ်မြေဖြစ်လာခဲ့ပါတယ်..
  • ချန်ဒူမြို့မှ မိုင်၃၇၀အကွာ ဆာတာဒေသရှိထိုဗုဒ္ဓဘာသာဘုန်းကြီးမြို့တော် သွားရောက်လိုပါကနာရီ ၂၀-ကြာခရီးကို ဖြတ်သန်းရမှာဖြစ်ပါတယ်..
  • သာယာလှပသည့် ထိုဒေသတွင် tvများကို ပိတ်ပင်ထားပြီးဘုန်းတော်ကြီးနှင့် သီလရှင်များမှာဘာသာရေးစာပေများ လေ့လာသင်ယူခြင်းဘုရားရှိခိုးခြင်းတို့ဖြင့် ကောင်းကျိုးရရှိရန် နေထိုင်ကြပါတယ်..
  • ဗုဒ္ဓဘာသာဘုန်းကြီးမြို့တွင်တရုတ်လူမျိုးစာသင်သားများအပြင်ထိုင်ဝမ် တိဘက် ဟောင်ကောင် စင်္ကာပူနှင့် မလေးရှားမှ စာသင်သားများပါသင်ကြားဆည်းပူးလျက်ရှိပါတယ်..
  • သီးခြားစီခွဲခြားထားသည့် စာသင်ခန်းများတွင်မန်ဒရင်းတရုတ်ဘာသာဖြင့် သင်ကြားပြီးစာသင်ခန်းကျယ်ကြီးများတွင် တိဘက်ဘာသာဖြင့် သင်ကြားလျက်ရှိပါတယ်….။

credit > အရှင်ပညာသီဟ

Comments are closed.