လူမှားသွားရအောင် အလန်းစားအပြင်အဆင်တွေနဲ့ ချစ်သုဝေရဲ့ ပုံရိပ်

လူမှားသွားရအောင် အလန်းစားအပြင်အဆင်တွေနဲ့ ချစ်သုဝေရဲ့ ပုံရိပ်




[UNICODE FONT]

ပရိသတ်တွေကို အပြုံးချိုချိုလေးတွေနဲ့ ဖမ်းစားတတ်တဲ့ ချစ်စရာကောင်းလွန်းတဲ့ ဆရာဝန်မလေးချစ်သုဝေကသရုပ်ဆောင်တဲ့ နေရာမှာရော၊ သီချင်းဆိုတဲ့ နေရာမှာပါ ပြောစရာမရှိအောင် ကောင်းမွန်လှသူပါ။ ချစ်သုဝေက သူမငယ်စဉ်ကတည်းကနေ အခုချိန်ထိ အောင်မြင်မှုတွေများစွာကို ဆွတ်ခူးပိုင်ဆိုင်ထားသူတစ်ဦးပါ။ ချစ်သုဝေက လက်ရှိမှာလဲအနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေပြီး သူမရဲ့ မိသားစုလေးကို အချိန်ပေးပြီး ပြုစုစောင့်ရှောက်နေတာဖြစ်ပါတယ်။

ချစ်သုဝေက သမီးလေးတွေကိုလဲ ထိန်းကျောင်းရင်းအနုပညာလုပ်ငန်းတွေကိုလဲမလစ်ဟင်းအောင်ပြုလုပ်နေလျက်ရှိပါတယ်။ ချစ်သုဝေက မကြာသေးခင်ကလဲ မြန်မာနိုင်ငံရဲ့ နာမည်ကြီးမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ LUSH MAGAZINE MYANMAR ရဲ့ ဖေဖော်ဝါရီလထုတ်စာအုပ်လေး Cover မှာသုံးဖို့အတွက် ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။ပရိသတ်တွေအတွက် ချစ်သုဝေရဲ့ ဆန်းပြားတဲ့ ဖက်ရှင်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

အမြဲတမ်းရိုးရိုးယဉ်ယဉ်လေးသာတွေ့ရတဲ့ချစ်သုဝေကအခုလိုလေးလဲလှတာပဲနော်ဒီလိုအမိုက်စားပုံလေးတွေထွက်ရှိလာဖို့က အဖွဲ့သားအားလုံးရဲ့ကြိုးပမ်းအားထုတ်မှုကြောင့်ပါပဲပရိသတ်တွေလဲချစ်သုဝေရဲ့မြင်ရခဲတဲ့ပုံရိပ်တွေနဲ့ပုံရိပ်တွေကိုသဘောကျနှစ်ခြိုက်ကြမယ်ထင်ပါတယ်။ ဒီပိုစ့်လေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို  ကျေးဇူးအထူးပဲတင်ရှိပါတယ်။

Comments are closed.