ဆက္လက္မစစ္ေဆးႏိုင္ဘဲ အခ်ဳပ္ထဲမွာ (၁၀) လနီးပါၾကာျမင့္ေနျပီျဖစ္တဲ့ အဆိုေတာ္အစၥဏီရဲ႕ အမွု

ဆက္လက္မစစ္ေဆးႏိုင္ဘဲ အခ်ဳပ္ထဲမွာ (၁၀) လနီးပါၾကာျမင့္ေနျပီျဖစ္တဲ့ အဆိုေတာ္အစၥဏီရဲ႕ အမွု

မုဒိမ္းမႈအပါအဝင္ ပုဒ္မ ၃ ခုနဲ႔ တရားစြဲဆို ခံထားရတဲ့ အဆိုေတာ္ အစၥဏီရဲ႕ တရား႐ုံးခ်ိန္းေတြကေတာ့ ယခုလအတြင္းမွာ ၁၀ လ ျပည့္ေျမာက္ေတာ့မွာပဲ ျဖစ္ၿပီး လက္ရွိမွာေတာ့ အမႈစစ္ေဆးမႈမ်ား မျပဳလုပ္ႏိုင္ေသးဘဲ ႐ုံးခ်ိန္းမ်ားျဖင့္သာ ျဖတ္သန္းေနလ်က္ ရွိပါတယ္။

“က်ေနာ္ ၁၀ လ ေထာင္ထဲမွာ ေနရတာေပါ့။ တိုင္းကလည္း ျပန္မက်ေသးဘူ။ ၾကာေနတာပါ။ အဓိကကေတာ့ စိတ္ပိုင္းဆိုင္ရာကို ဘုရား တရားနဲ႔ျပန္ၿပီးေတာ့ စိတ္ဓာတ္မက်ေအာင္ လုပ္ေနရပါတယ္။ က်ေနာ့္ပရိသတ္ေတြကိုလည္း သတိရပါတယ္။ သီခ်င္းေတြလည္း ဆိုခ်င္ပါေသးတယ္” လို႔ အဆိုေတာ္ အစၥဏီက ဒီကေန႔ ေဖေဖာ္ဝါရီ ၇ ရက္ေန႔ ႐ုံးခ်ိန္းမွာ ေျပာသြားခဲ့ပါတယ္။ အဆိုေတာ္ အစၥဏီရဲ႕ ၂၃ႀကိမ္ေျမာက္ တရား႐ုံးခ်ိန္းကိုေတာ့ ယေန႔ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔၊ ရန္ကုန္တိုင္းေဒသႀကီး တာေမြၿမိဳ႕နယ္ တရား႐ုံးမွာ ျပဳလုပ္ခဲ့ၿပီး ေနာက္တႀကိမ္ ႐ုံးခ်ိန္းအတြက္ ရက္ခ်ိန္းကိုသာ ျပန္လည္ခ်ိန္းဆိုခဲ့ပါတယ္။

အဆိုပါအမႈနဲ႔ ပတ္သက္ၿပီး အဆိုေတာ္ အစၥဏီရဲ႕ေရွ႕ေနျဖစ္သူက “က်ေနာ္တို႔ကေတာ့ တိုင္းက တစုံတရာ အမိန႔္ခ်တဲ့အေပၚ မူတည္ၿပီးေတာ့ ေစာင့္ဆိုင္းေနရတယ္။ တရား႐ုံးေတာ္အေနနဲ႔ အျမန္ဆုံး ေဆာင္႐ြက္ေပးရင္ေတာ့ ျမန္ဆန္သြားမွာေပါ့။ သက္ဆိုင္ရာ ႐ုံးတခုကို ျပန္ေရာက္သြားရင္ ဒါမွမဟုတ္ မူလ႐ုံးကို ျပန္ေရာက္သြားရင္ ဥပေဒနဲ႔အညီ ထုေခ် ရွင္းလင္းဖို႔အတြက္ ရွိပါတယ္။ တရား႐ုံးေတာ္ေတြရဲ႕ အာမခံေပးလို႔ မရတဲ့အေပၚ မူတည္ၿပီးေတာ့ ခ်ဳပ္ေႏွာင္ထားတာဆိုေတာ့ တစုံတရာ မွတ္ခ်က္ေပးဖို႔ မရွိပါဘူး”လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေက်ာ္ဇင္ဦးက ေျပာပါတယ္။

အဆိုေတာ္ အစၥဏီရဲ႕ အမႈတြဲကေတာ့ တိုင္းေဒသႀကီး တရားလႊတ္ေတာ္ကို ေရာက္ရွိေနၿပီး လက္ရွိၿမိဳ႕နယ္တရား႐ုံးကို ျပန္လည္ မေရာက္ရွိလာေသးတဲ့အတြက္ စစ္ေဆးမႈမ်ား မျပဳလုပ္ႏိုင္တာျဖစ္တယ္လို႔ သိရပါတယ္။အဆိုေတာ္ အစၥဏီကိုေတာ့ ရည္းစားေဟာင္းျဖစ္သူ ေမာ္ဒယ္ စူးရွထက္မွ တာေမြၿမိဳ႕နယ္တရား႐ုံးမွာ ဥပေဒပုဒ္မ ၃၇၆၊ ၃၂၄ ၊ ၃၂၃ တို႔ျဖင့္ တရားစြဲဆိုထားတာ ျဖစ္ၿပီး ေနာက္တႀကိမ္႐ုံးခ်ိန္းကိုေတာ့ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ကို ျပန္လည္ ခ်ိန္းဆိုခဲ့ပါတယ္။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

Credit-ဧရာဝတီလိုက္ဖ္စတိုင္

[UNICODE FONT]

မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆို ခံထားရတဲ့ အဆိုတော် အစ္စဏီရဲ့ တရားရုံးချိန်းတွေကတော့ ယခုလအတွင်းမှာ ၁၀ လ ပြည့်မြောက်တော့မှာပဲ ဖြစ်ပြီး လက်ရှိမှာတော့ အမှုစစ်ဆေးမှုများ မပြုလုပ်နိုင်သေးဘဲ ရုံးချိန်းများဖြင့်သာ ဖြတ်သန်းနေလျက် ရှိပါတယ်။

“ကျနော် ၁၀ လ ထောင်ထဲမှာ နေရတာပေါ့။ တိုင်းကလည်း ပြန်မကျသေးဘူ။ ကြာနေတာပါ။ အဓိကကတော့ စိတ်ပိုင်းဆိုင်ရာကို ဘုရား တရားနဲ့ပြန်ပြီးတော့ စိတ်ဓာတ်မကျအောင် လုပ်နေရပါတယ်။ ကျနော့်ပရိသတ်တွေကိုလည်း သတိရပါတယ်။ သီချင်းတွေလည်း ဆိုချင်ပါသေးတယ်” လို့ အဆိုတော် အစ္စဏီက ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ရုံးချိန်းမှာ ပြောသွားခဲ့ပါတယ်။ အဆိုတော် အစ္စဏီရဲ့ ၂၃ကြိမ်မြောက် တရားရုံးချိန်းကိုတော့ ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် တရားရုံးမှာ ပြုလုပ်ခဲ့ပြီး နောက်တကြိမ် ရုံးချိန်းအတွက် ရက်ချိန်းကိုသာ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

အဆိုပါအမှုနဲ့ ပတ်သက်ပြီး အဆိုတော် အစ္စဏီရဲ့ရှေ့နေဖြစ်သူက “ကျနော်တို့ကတော့ တိုင်းက တစုံတရာ အမိန့်ချတဲ့အပေါ် မူတည်ပြီးတော့ စောင့်ဆိုင်းနေရတယ်။ တရားရုံးတော်အနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးရင်တော့ မြန်ဆန်သွားမှာပေါ့။ သက်ဆိုင်ရာ ရုံးတခုကို ပြန်ရောက်သွားရင် ဒါမှမဟုတ် မူလရုံးကို ပြန်ရောက်သွားရင် ဥပဒေနဲ့အညီ ထုချေ ရှင်းလင်းဖို့အတွက် ရှိပါတယ်။ တရားရုံးတော်တွေရဲ့ အာမခံပေးလို့ မရတဲ့အပေါ် မူတည်ပြီးတော့ ချုပ်နှောင်ထားတာဆိုတော့ တစုံတရာ မှတ်ချက်ပေးဖို့ မရှိပါဘူး”လို့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

အဆိုတော် အစ္စဏီရဲ့ အမှုတွဲကတော့ တိုင်းဒေသကြီး တရားလွှတ်တော်ကို ရောက်ရှိနေပြီး လက်ရှိမြို့နယ်တရားရုံးကို ပြန်လည် မရောက်ရှိလာသေးတဲ့အတွက် စစ်ဆေးမှုများ မပြုလုပ်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။အဆိုတော် အစ္စဏီကိုတော့ ရည်းစားဟောင်းဖြစ်သူ မော်ဒယ် စူးရှထက်မှ တာမွေမြို့နယ်တရားရုံးမှာ ဥပဒေပုဒ်မ ၃၇၆၊ ၃၂၄ ၊ ၃၂၃ တို့ဖြင့် တရားစွဲဆိုထားတာ ဖြစ်ပြီး နောက်တကြိမ်ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit-ဧရာဝတီလိုက်ဖ်စတိုင်

Comments are closed.