ရွာသားတွေနဲ့ ဦးဇင်းတွေပါမကျန် ချွေးတလုံးလုံးနဲ့ တည်ဆောက်နေကြတဲ့ ဇွဲကပင်ချောက်ကမ်းပါးပေါ်က မှန်သားရင်ပြင်

ရွာသားတွေနဲ့ ဦးဇင်းတွေပါမကျန် ချွေးတလုံးလုံးနဲ့ တည်ဆောက်နေကြတဲ့ ဇွဲကပင်ချောက်ကမ်းပါးပေါ်က မှန်သားရင်ပြင်






[UNICODE FONT]

ကရင်ပြည်နယ်ရဲ့ အထင်ရှားဆုံးဖြစ်တဲ့ ဆံတော်ရှင်ဇွဲကပင်တောင်ပေါ်မှာ မှန်သားနဲ့ပြုလုပ်ထားတဲ့ view point တစ်ခုကို ၂၀၁၈ နှစ်ကုန်ပိုင်းလောက်ကစပြီး အကောင်အထည်ဖော်နေတာ အခုဆိုရင် မှန်သားများကို တပ်ဆင်မယ့် အဆင့်အထိ ရောက်ရှိလို့နေပါပြီ။

အလွန်တရာမှ လှပမှုရှိတဲ့ ဇွဲကပင်တောင်ထိပ်အပေါ်မှအမြင့်ကို မှန်သားတွေနဲ့အခင်းခင်းထားတဲ့ကြမ်းပြင်ပေါ်မှာ အသည်းအေးအေးနဲ့ ကြည့်ရှု့နိုင်တော့မှာပါ။ခန့်မှန်းခြေ တပေါင်းလပြည့်နေ့ ဇွဲကပင်တောင်တက်ပွဲအမှီပြီးစီးဖို့ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။

တစ်ဆက်တည်းမှာပဲ ယခုလိုတပ်ဆင်နေမှုကို အမြင် (၂) မျိုးရှိနိုင်ပါတယ်။အရည်အသွေးပိုင်းဆိုင်ရာနဲ့ဘေးကင်းလုံခြုံမှုကို ဝေဖန်အကြံပြုသူတွေနဲ့ ယခုလို တပ်ဆင်မှုကို လိုက်လိုက်လှဲလှဲကြိုဆိုသူတွေဆိုပြီး အမြင် (၂) မျိုးရှိမှာပါ။

ဘားအံမြို့ ဇွဲကပင်တောင်ခြေအနီးတစ်ဝိုက်က ရွာသူရွာသားတွေကတော့ ချွေးတွေ အချိန်တွေ ပေးဆပ်ရင်း ချွေးတလုံးလုံးနဲ့မမောနိုင်မပန်းနိုင် ပျော်ရွှင်ဖွယ်အတိရှိတဲ့ အပြုံးတွေနဲ့ ဇွဲကပင်တောင်တက်ရောက်လာသူအားလုံး နောင်အခါ မှန်သားကြမ်းခင်းနဲ့ view point ပေါ်ကနေ သံလွင်မြစ်နဲ့တောင်တန်းတွေအလှကို တဝကြီး အသည်းတအေးအေးကြည့်ရဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.