ကိုယ့်ထက်အသက်ကြီးတဲ့”မမ”တွေရဲ့အချစ်ကို သေချာပေါက်အရယူနိုင်မယ့်နည်းလမ်း(၇)ခု

ကိုယ့်ထက်အသက်ကြီးတဲ့”မမ”တွေရဲ့အချစ်ကို သေချာပေါက်အရယူနိုင်မယ့်နည်းလမ်း(၇)ခု

ကိုယ်အမှန်အကန်ကြွေရတဲ့သူက ကိုယ့်ထက်အသက်ကြီးတဲ့မမတစ်ယောက်ဖြစ်နေခဲ့ရင် ဘယ်လိုချဉ်းကပ်ရမလဲဆိုတာ တော်တော်လေးခေါင်းစားရမယ့် ကိစ္စပါ။ မမတွေဆိုတာ အတန်အသင့်ရင့်ကျက်နေပြီး၊ တော်ရုံ ကလေးကလားအကွက်တွေကို ရင်မခုန်တတ်တော့တာကြောင့် မမတို့အနားကို အောင်အောင်မြင်မြင်ချဉ်းကပ်ဖို့ဆိုတာ မလွယ်တော့မလွယ်ပါဘူး။ ဒီတော့ ရင့်ကျက်တည်ငြိမ်နေတဲ့ မမတွေပြန်ကြွေလာအောင် လုပ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းလေးတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လူကြီးဆန်ပါ

သင့်အနေနဲ့ သင့်ထက်အသက်ကြီးတဲ့မမတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် သင်ကိုယ်တိုင်လည်း တတ်နိုင်သလောက်လူကြီးဆန်ဖို့လိုပါတယ်။ လူကြီးဆန်ရမယ်ဆိုတာ အ၀တ်အစားပုံစံ သပ်သပ်ရပ်ရပ်နဲ့ အပြုအမူအပြောအဆိုလေးတွေ တည်တည်ငြိမ်ငြိမ်လေးဖြစ်ဖို့ပြောတာပါ။

(၂) သူမနဲ့ရွယ်တူမိန်းကလေးတွေနဲ့စကားပြောဆိုကြည့်ပါ

သင့်အနေနဲ့ သူ့ရဲ့ အကြိုက်နဲ့ အမူအကျင့်တွေကို သိဖို့ သူ့အနားမှာ တောက်တဲ့လိုကပ်နေစရာမလိုပါဘူး။ အိမ်ကအစ်မ ဒါမှမဟုတ် အလုပ်ထဲက သူမနဲ့ရွယ်တူမိန်းကလေးတွေနဲ့စကားပြောကြည့်မယ်ဆိုရင် သူမရဲ့ အကြိုက်နဲ့ အမူအကျင့်၊ တွေးခေါ်ပုံတွေကို ကွက်တိမဟုတ်တောင် အနီးစပ်ဆုံးခန့်မှန်းနိုင်မှာပါ။

(၃) သူမဘာတွေကိုစိတ်ဝင်စားလဲလေ့လာကြည့်ပါ

သူမဘယ်အရာတွေကို စိတ်ဝင်စားလဲ၊ ဘာတွေကို ၀ါသနာပါလဲလေ့လာကြည့်ပါ။ သူမစိတ်ဝင်စားတဲ့အရာလေးတွေနဲ့ပတ်သက်ပြီး ဘာတွေလုပ်နိုင်မလဲစဉ်းစားပါ။ ဥပမာ – သူမက ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်နေရင် ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်တဲ့စာအုပ်တွေကူရှာပေးတာမျိုးလုပ်နိုင်ပါတယ်။

(၄) သူမရဲ့နေ့စဉ်ဘ၀မှာပါဝင်နိုင်အောင်ကြိုးစားပါ

တစ်ယောက်ယောက်ကိုချစ်မိပြီး သူပြန်ချစ်တာမချစ်တာတွေအရေးမကြီးဘူးဆိုရင်တော့ ဘာမှအားထုတ်ဖို့မလိုဘူးပေါ့။ ကိုယ်က သူ့ဘက်ကတုံ့ပြန်မှုတစ်ခုခုကိုလိုချင်နေတယ်ဆိုရင်တော့ သူနဲ့နေ့စဉ်တွေ့နိုင်အောင် ကြိုးစားကြည့်ပါ။ သူမကစားနေကျ Gym မှာ member ၀င်လိုက်တာမျိုးပေါ့။ ဒါမှ သူ့မှာကိုယ့်ကိုမြင်ပါများတော့ စိတ်မှာချစ်ကျွမ်းဝင် ဆိုပြီး ဖြစ်ကောင်းဖြစ်လာမှာမဟုတ်လား။

(၅) သူမရဲ့သူငယ်ချင်းတွေရဲ့အကူအညီယူပါ

မိန်းကလေးတွေဟာ သူငယ်ချင်းတွေကို အရမ်းခင်မင်တတ်ပြီး သူငယ်ချင်းတွေကို ယုံကြည်ကြပါတယ်။ အဲ့ဒီထဲမှာ သင့်ရဲ့မမလည်း ပါရင်ပါနေမှာပါ။ ဒီတော့ သူမရဲ့ သူငယ်ချင်းတွေနဲ့ခင်အောင်ပေါင်းပြီး သူတို့အကူအညီလေးတွေယူသင့်ရင်ယူပါ။ ရုပ်ပျက်ဆင်းပျက်အောင်သွယ်ခိုင်းတာမျိုးတော့မဖြစ်စေနဲ့ပေါ့။

(၆) သူမရဲ့စကားလုံးတွေထက် body language ကိုနားလည်အောင်လုပ်ပါ

မိန်းကလေးတွေပြောတဲ့စကားလုံးတိုင်းက သူတို့ရဲ့ခံစားချက်အစစ်အမှန်လို့ ပြောလို့မရပါဘူး။ ဒါကြောင့် သူမပြောတဲ့စကားလုံးတွေကိုနားလည်အောင်လိုက်ကြိုးစားနေတာထက်၊ သူမရဲ့ Body language ကိုဖတ်နိုင်အောင်ကြိုးစားရမှာပါ။ ဥပမာ – သူမက သင့်ကိုမျက်နှာလွဲထားပေမယ့် သူမရဲ့ခြေထောက်တွေကသင့်ဘက်ကိုဦးတည်ပြီးရပ်နေတယ်ဆိုရင် သင့်ကိုမကြည့်ချင်တာမဟုတ်ဘဲ၊ မကြည့်ရဲတာဖြစ်ဖို့များပါတယ်၊ အဲ့ဒီလိုလေးတွေပေါ့။

(၇) ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ

မမ တွေနဲ့တွဲဖို့စိတ်ကူးရင်တော့ မ၀ံ့မရဲပုံစံမျိုးမဖြစ်သင့်ပါဘူး။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး ရဲရင့်တဲ့ပုံစံမျိုးက ပိုပြီးဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဖြစ်စေနိုင်တာကြောင့် မတ်မတ်အနားရောက်ရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့ပုံစံမျိုးနေလိုက်ပါ။

MAY THAZINHTOO

Comments are closed.