မြင့်မြတ်ကသလို လိုက်ကလိုက်တဲ့ အိစိကွေးရဲ့အဂေါ်ဗီဒီယို
မြင့်မြတ်ကသလို လိုက်ကလိုက်တဲ့ အိစိကွေးရဲ့အဂေါ်ဗီဒီယို
[UNICODE FONT]
ပြီးခဲ့တဲ့ရက်တွေက Facebook တစ်ခွင်ပြဲပြဲစင်အောင်ပျံ့နှံ့သွားတဲ့ အခွီ video လေးတစ်ခုကို ပရိသတ်တွေမှတ်မိကြဦးမယ်ထင်ပါတယ်။ VeVe Tour အတူတူသွားနေရင်းနဲ့ Tour ပြီးသွားလို့ မြင့်မြတ်နဲ့ ကေညီနဲ့ ပျော်ရွှင်မြူးထူးပြီးအတူတူကနေကြတဲ့ Video လေးပါ။ အဲဒီထဲမှာ မြင့်မြတ်နဲ့ ကေညီဟာ ကတာကတစ်ထပ်တည်းထပ်တူကျနေကြပြီး တော်တော်လေးကို ရယ်ရခဲ့တဲ့ Video လေးပါ။ Video လေးမှာ ကကွက်တွေကလည်း ကောင်းသလို ကနေတဲ့ မြင့်မြတ်ရဲ့ မျက်နှာအမူအရာကလည်း အူတက်အောင်ရယ်နေရတာမို့ ပရိသတ်တွေထပ်ခါထပ်ခါကြည့်ရတဲ့အထိ ကြိုက်နှစ်သက်ခဲ့ကြတယ်ဆိုရင်လည်းမမှားပါဘူး။ အိစိကွေးကတော့ အဲဒါကို သဘောကျပြီး မြင့်မြတ်ကသလိုလိုက်ကလိုက်ပြန်ပါပြီ။
အိစိကွေးဟာ ပရိသတ်တွေမျက်စိရှေ့မှာတင်ကြီးပြင်းလာတဲ့ကလေးဆိုရင်လည်းမမှားပါဘူး။ ငယ်ငယ်ကတည်းက ပိုင်နိုင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ကလေးသရုပ်ဆောင်ဘဝမှာကတည်းက ပရိသတ်အခိုင်အမာရှိပြီးသားဖြစ်သလို ဆယ်ကျော်သက်ဖြစ်လာတော့လည်း ရုပ်ရှင်တွေမှာလည်းဆက်သရုပ်ဆောင် သီချင်းခွေတွေထုတ်ပြီး လူငယ်ပရိသတ်တွေရဲ့ အားပေးမှုတွေလက်ခံရရှိနေသူလည်းဖြစ်ပါတယ်။ အိစိကွေးက မကြာသေးမီက လူမှုကွန်ယက်မှာ ခေတ်စားသွားတဲ့ မြင့်မြတ်နဲ့ ကေညီရဲ့ video ကို သဘောကျလို့ လိုက်ကထားပါတယ်။ အိစိကွေးရဲ့ video လေးကိုလည်း ပရိသတ်တွေက အကြိုက်တွေ့ခဲ့ကြပြီး ကြည့်ရှု့သူများပြားခဲ့ပါတယ်။
အိစိကွေးရဲ့ video လေးဟာ လူမှုကွန်ယက်မှာ တင်ပြီးသိပ်မကြာခင်မှာကို View ရှစ်သောင်းကျော်လောက်ရနေပြီး share တဲ့သူတွေလည်းတော်တော်များခဲ့ပါတယ်။ နောက်ပိုင်းမှခေတ်စားလာတဲ့ လူမှုကွန်ယက်ဖြစ်တဲ့ Tiktok မှာလည်းအဲဒီ video လေးကို လိုက်ကသူတွေအများအပြားရှိခဲ့ပြီး ပရိသတ်တွေကြားထဲ တော်တော်လေးပေါ်ပြူလာဖြစ်နေတယ်ဆိုရမှာပါ။ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် အိစိကွေးရဲ့ video လေးကိုဖော်ပြလိုက်ပါတယ်။
uရိသတ်ကြီးရော အိစိကွေးကိုချစ်ကြလား။ အိစိကွေးရဲ့ Dance Video တွေကိုရော အားပေးကြလား။ အိစိကွေးရဲ့ သီချင်းတွေရောနားထောင်ဖြစ်ကြလား။ နောက်ထပ်အနုပညာလှုပ်ရှားမှုတွေကိုရော ဆက်လက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Comments are closed.