ဂီတေလာကၾကီး ပ်က္စီးေနတဲ့ အေၾကာင္း ေျပာျပလာတဲ့ ဂေရဟမ္

ဂီတေလာကၾကီး ပ်က္စီးေနတဲ့ အေၾကာင္း ေျပာျပလာတဲ့ ဂေရဟမ္

ဂီတေလာကမွာ မိဘေတြရဲ႕ ေအာင္ျမင္မႈအဟုန္နဲ႕ တက္လာတဲ့ သားသမီး မ်ိဳးဆက္ေတြ ရွိသလို သားသမီးေတြရဲ႕ ေရပန္းစားမႈေၾကာင့္ တစ္ေက်ာ့ျပန္ ေခတ္စားလာတဲ့ ဂီတဘိုးေအၾကီးေတြလည္း ရွိပါတယ္။ အရင္ေခတ္ ဂီတေလာကမွာ ေနရာတစ္ခု ရထားျပီး ေနာက္ပိုင္း ဂီတလမ္းေၾကာင္း မွိန္သြားေပမဲ့ သမီးႏွစ္ေယာက္ကို ေျမေတာင္ေျမွာက္ျပီး ဂီတလမ္းေၾကာင္း ျပန္လည္ တစ္ေခတ္ ဆန္းခဲ့သူက ဂေရဟမ္ ျဖစ္ပါတယ္။ သမီးၾကီး ပန္းေရာင္ျခယ္နဲ႕ သမီးငယ္ ပန္းသြန္းျခယ္ ညီမႏွစ္ေယာက္ကို သေဘာက်အားေပးတဲ့ ပရိသတ္ေတြ ဝိုင္းဝိုင္းလည္ေနတာေၾကာင့္ ဖီဖီ ဂေရဟမ္ တစ္ေယာက္ မ်ားစြာ ဂုဏ္တက္ရပါတယ္။

ပန္းေရာင္ျခယ္နဲ႕ ပန္းေသြးျခယ္က ၅ ႏွစ္ၾကီး ၅ ႏွစ္ငယ္ ညီအစ္မေတြ ျဖစ္ေပမဲ့ အၾကီးက အငယ္ထက္ ပိုႏုတယ္လို႕ ထင္ရပါတယ္။ ရင့္က်က္မႈပိုင္းမွာ ကြာျခားသြားတဲ့ ညီမႏွစ္ဦးအေၾကာင္းကို ဖီဖီ ဂေရဟမ္က ခုလို ေျပာျပပါတယ္။“သမီး ၂ ေယာက္ က ေမြးေန႕ ေမြးရက္ ေမြးလ တူတူပဲ။ ေမြးတဲ့ ႏွစ္ပဲ မတူတာ။ ၅ ႏွစ္ ၾကီး ၅ ႏွစ္ငယ္ ။ သမီးၾကီးက ငယ္ငယ္တုန္းက အရမ္းသြက္တယ္။ ခုမွ နည္းနည္းျငိမ္သြားတာ။ ဒါေပမဲ့ အိမ္မွာေတာ့ သြက္တယ္။ သမီးငယ္ကေတာ့ အရမ္းျငိမ္တယ္။ ပိုျပီး ၾကိဳးစားတဲ့ သေဘာရွိတယ္။ သမီးေတြက အႏုပညာ ဝါသနာပါတဲ့အတြက္ ဝမ္းသာတယ္။ ကိုယ့္ရဲ႕ အေတြ႕အၾကံဳကပဲ ႏွစ္ ၂၀ ၊ ၂၅ ေလာက္ ျဖစ္ေနျပီဆိုေတာ့ သမီးေတြ ျဖစ္ခ်င္တာကို အမ်ားၾကီး ပံ့ပိုး လမ္းျပေပးႏိုင္တယ္။ က်န္တာကေတာ့ သူတို႕ျဖစ္ခ်င္တဲ့အေပၚမွာ ကိုယ္က လမ္းေၾကာင္းကို လိုက္ျပီး ထိန္းေက်ာင္းေပးရမွာေပါ့။” လို႕ ဆိုပါတယ္။

အဆိုင္ျပိဳင္ပြဲေတြမွာ အကဲျဖတ္ဒိုင္ အျဖစ္ ပါဝင္ေဆာင္ရြက္ေပးေနတဲ့ ဂေရဟမ္က ဂီတေလာကၾကီး ပ်က္စီးေနတဲ့ အေၾကာင္းလည္း ခုလို သံုးသပ္ျပပါတယ္။

“ဂီတေလာကၾကီးကလည္း ပ်က္ေနတာေပါ့ေနာ္။ ခိုးကူးေခြက စလိုက္တဲ့ အခါက်ေတာ့ ဂီတေလာကက နာလန္မထူႏိုင္ေတာ့ဘူး။ အေခြမေရာင္းရတဲ့အတြက္ ပရိုဂ်ဴဆာေတြက စိတ္မဝင္စားဘူး။ ေခတ္ပ်က္ေနလို႕ အေခြထုတ္တာနည္းလား ေျပာရေအာင္လည္း မနည္းပါဘူး။ တစ္ႏွစ္ ၃၆၅ ရက္မွာ အေခြေပါင္း ၃၂၀ ေလာက္ ရွိတယ္ဆိုေတာ့ ဒါဆို အေခြမထုတ္ႏိုင္ၾကဘူးလား ဆိုေတာ့ မဟုတ္ပါဘူး။ လူငယ္ေတြက ကိုယ့္ပိုက္ဆံနဲ႕ကိုယ္ ၂ ေယာက္ေပါင္းထုတ္တယ္ သံုးေယာက္ေပါင္းထုတ္တယ္ နည္းမ်ိဳးစံုနဲ႕ ထုတ္ၾကတယ္။ ကိုယ္တုိင္ေရး ကိုယ္တိုင္ဆို ေပါက္ေပါက္ မေပါက္ေပါက္ ကိုယ့္အဖြဲ႕နဲ႕ ကိုယ္ လုပ္စားၾကတာေပါ့။ တစ္ပုဒ္ေပါက္သြားျပီဆိုလည္း ရပ္တည္လို႕ ရတယ္။ အရင္က ကၽြန္ေတာ္တို႕ေခတ္မွာ တကယ္ေရာင္းရျပီဆိုရင္ ေလးသိန္း ငါးသိန္း ေရာင္းရတယ္။ အခုျပန္ေျပာရမယ္ဆိုရင္ ပံုျပင္လိုျဖစ္ေနတာေပါ့။

အခုကက်ေတာ့ အြန္လိုင္းမွာ free တင္ေတာ့ အလြယ္ေတြလုပ္ရင္း ပ်က္စီးလာတာေပါ့။ လူတိုင္းလူတိုင္းရဲ႕ Mindset ေတြနဲ႕ အမ်ားၾကီး ဆိုင္ပါတယ္။ underground သီခ်င္းတစ္ပုဒ္ တင္လိုက္တယ္။ ဖြတ္ခ်က္ ဖြတ္ခ်က္နဲ႕ ေပါက္သြားရင္ ရိႈးေတြပါ ဆိုရတယ္။ ဒါကေတာ့ ဆိုရွယ္မီဒီယာရဲ႕ Trend အေျပာင္းအလဲမွာ လိမၼာပါးနပ္သလို လုပ္တတ္သူေတြကေတာ့ အေျခအေန ေကာင္းေနတာေပါ့။” ဆိုျပီး သံုးသပ္ျပသြားပါတယ္။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

ပရိသတ္ၾကီးကေရာ ဖီဖီ ဂေရဟမ္ရဲ႕ ထင္ျမက္ခ်က္ကို ေထာက္ခံပါသလား။

[UNICODE FONT]

ဂီတလောကမှာ မိဘတွေရဲ့ အောင်မြင်မှုအဟုန်နဲ့ တက်လာတဲ့ သားသမီး မျိုးဆက်တွေ ရှိသလို သားသမီးတွေရဲ့ ရေပန်းစားမှုကြောင့် တစ်ကျော့ပြန် ခေတ်စားလာတဲ့ ဂီတဘိုးအေကြီးတွေလည်း ရှိပါတယ်။ အရင်ခေတ် ဂီတလောကမှာ နေရာတစ်ခု ရထားပြီး နောက်ပိုင်း ဂီတလမ်းကြောင်း မှိန်သွားပေမဲ့ သမီးနှစ်ယောက်ကို မြေတောင်မြှောက်ပြီး ဂီတလမ်းကြောင်း ပြန်လည် တစ်ခေတ် ဆန်းခဲ့သူက ဂရေဟမ် ဖြစ်ပါတယ်။ သမီးကြီး ပန်းရောင်ခြယ်နဲ့ သမီးငယ် ပန်းသွန်းခြယ် ညီမနှစ်ယောက်ကို သဘောကျအားပေးတဲ့ ပရိသတ်တွေ ဝိုင်းဝိုင်းလည်နေတာကြောင့် ဖီဖီ ဂရေဟမ် တစ်ယောက် များစွာ ဂုဏ်တက်ရပါတယ်။

ပန်းရောင်ခြယ်နဲ့ ပန်းသွေးခြယ်က ၅ နှစ်ကြီး ၅ နှစ်ငယ် ညီအစ်မတွေ ဖြစ်ပေမဲ့ အကြီးက အငယ်ထက် ပိုနုတယ်လို့ ထင်ရပါတယ်။ ရင့်ကျက်မှုပိုင်းမှာ ကွာခြားသွားတဲ့ ညီမနှစ်ဦးအကြောင်းကို ဖီဖီ ဂရေဟမ်က ခုလို ပြောပြပါတယ်။“သမီး ၂ ယောက် က မွေးနေ့ မွေးရက် မွေးလ တူတူပဲ။ မွေးတဲ့ နှစ်ပဲ မတူတာ။ ၅ နှစ် ကြီး ၅ နှစ်ငယ် ။ သမီးကြီးက ငယ်ငယ်တုန်းက အရမ်းသွက်တယ်။ ခုမှ နည်းနည်းငြိမ်သွားတာ။ ဒါပေမဲ့ အိမ်မှာတော့ သွက်တယ်။ သမီးငယ်ကတော့ အရမ်းငြိမ်တယ်။ ပိုပြီး ကြိုးစားတဲ့ သဘောရှိတယ်။ သမီးတွေက အနုပညာ ဝါသနာပါတဲ့အတွက် ဝမ်းသာတယ်။ ကိုယ့်ရဲ့ အတွေ့အကြုံကပဲ နှစ် ၂၀ ၊ ၂၅ လောက် ဖြစ်နေပြီဆိုတော့ သမီးတွေ ဖြစ်ချင်တာကို အများကြီး ပံ့ပိုး လမ်းပြပေးနိုင်တယ်။ ကျန်တာကတော့ သူတို့ဖြစ်ချင်တဲ့အပေါ်မှာ ကိုယ်က လမ်းကြောင်းကို လိုက်ပြီး ထိန်းကျောင်းပေးရမှာပေါ့။” လို့ ဆိုပါတယ်။

အဆိုင်ပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင် အဖြစ် ပါဝင်ဆောင်ရွက်ပေးနေတဲ့ ဂရေဟမ်က ဂီတလောကကြီး ပျက်စီးနေတဲ့ အကြောင်းလည်း ခုလို သုံးသပ်ပြပါတယ်။

“ဂီတလောကကြီးကလည်း ပျက်နေတာပေါ့နော်။ ခိုးကူးခွေက စလိုက်တဲ့ အခါကျတော့ ဂီတလောကက နာလန်မထူနိုင်တော့ဘူး။ အခွေမရောင်းရတဲ့အတွက် ပရိုဂျူဆာတွေက စိတ်မဝင်စားဘူး။ ခေတ်ပျက်နေလို့ အခွေထုတ်တာနည်းလား ပြောရအောင်လည်း မနည်းပါဘူး။ တစ်နှစ် ၃၆၅ ရက်မှာ အခွေပေါင်း ၃၂၀ လောက် ရှိတယ်ဆိုတော့ ဒါဆို အခွေမထုတ်နိုင်ကြဘူးလား ဆိုတော့ မဟုတ်ပါဘူး။ လူငယ်တွေက ကိုယ့်ပိုက်ဆံနဲ့ကိုယ် ၂ ယောက်ပေါင်းထုတ်တယ် သုံးယောက်ပေါင်းထုတ်တယ် နည်းမျိုးစုံနဲ့ ထုတ်ကြတယ်။ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ပေါက်ပေါက် မပေါက်ပေါက် ကိုယ့်အဖွဲ့နဲ့ ကိုယ် လုပ်စားကြတာပေါ့။ တစ်ပုဒ်ပေါက်သွားပြီဆိုလည်း ရပ်တည်လို့ ရတယ်။ အရင်က ကျွန်တော်တို့ခေတ်မှာ တကယ်ရောင်းရပြီဆိုရင် လေးသိန်း ငါးသိန်း ရောင်းရတယ်။ အခုပြန်ပြောရမယ်ဆိုရင် ပုံပြင်လိုဖြစ်နေတာပေါ့။

အခုကကျတော့ အွန်လိုင်းမှာ free တင်တော့ အလွယ်တွေလုပ်ရင်း ပျက်စီးလာတာပေါ့။ လူတိုင်းလူတိုင်းရဲ့ Mindset တွေနဲ့ အများကြီး ဆိုင်ပါတယ်။ underground သီချင်းတစ်ပုဒ် တင်လိုက်တယ်။ ဖွတ်ချက် ဖွတ်ချက်နဲ့ ပေါက်သွားရင် ရှိုးတွေပါ ဆိုရတယ်။ ဒါကတော့ ဆိုရှယ်မီဒီယာရဲ့ Trend အပြောင်းအလဲမှာ လိမ္မာပါးနပ်သလို လုပ်တတ်သူတွေကတော့ အခြေအနေ ကောင်းနေတာပေါ့။” ဆိုပြီး သုံးသပ်ပြသွားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

ပရိသတ်ကြီးကရော ဖီဖီ ဂရေဟမ်ရဲ့ ထင်မြက်ချက်ကို ထောက်ခံပါသလား။

Comments are closed.