ဦးေက်ာ္သူရဲ႕ရင္သပ္ရႈ႕ေမာဖြယ္ ၾကီးက်ယ္ခမ္းနားလွတဲ့ အိမ္ၾကီး

ဦးေက်ာ္သူရဲ႕ရင္သပ္ရႈ႕ေမာဖြယ္ ၾကီးက်ယ္ခမ္းနားလွတဲ့ အိမ္ၾကီး

ဦးေက်ာ္သူဟာဆိုရင္အကယ္ဒမီထူးခြ်န္ဆုေတြအမ်ားၾကီးရရွိထားျပီး နာေရးကူညီမႈေတြအျပင္ ပရဟိတေတြလည္းမ်ားစြာလုပ္တာေၾကာင့္ ျမန္မာတစ္နုိင္ငံလံုး ဗမာတစ္မ်ိဳးသားလံုးက ေလးစားရတဲ့ အနုပညာရွင္ၾကီးတစ္ဦးျဖစ္ပါတယ္။ ဦးေက်ာ္သူဟာ မၾကာေသးမီက MC နဲ႔ Interview မွာ သူ႔ရဲ႕ အနုပညာဆန္ဆန္ဖန္တီးတည္ေဆာက္ထားျပီး အဓိပၸါယ္ေတြျပည့္ဝေနတဲ့ ရင္သပ္ရႈ႕ေမာဖြယ္အိမ္ၾကီးအေၾကာင္းနဲ႔ အိမ္ကုိအလွဆင္ထားတဲ့ပစၥည္းေတြရဲ႕ အဓိပၸါယ္ေတြအေၾကာင္းေျပာျပသြားပါတယ္။

ဦးေက်ာ္သူက ျခံထဲမွာ သစ္ပင္ေတြနဲ႔ေရွးေဟာင္းပစၥည္းေတြနဲ႔အလွဆင္ထားတဲ့အေၾကာင္းနဲ႔ ပုဏၰားဘကြန္းရုပ္တုၾကီးနဲ႔အမွတ္တရေတြအေၾကာင္းကုိ “မနက္မုိးလင္းလုိ႔ပဲျဖစ္ျဖစ္ ကုိယ္အလုပ္ကျပန္လာလို႔ပဲျဖစ္ျဖစ္ ဒီအိမ္ေရာက္ျပီဆိုရင္ စိတ္ကရႊင္လန္းတာေပါ့ေနာ္။ ဒီလုိဖန္တီးမႈေလးေတြ။ ဒါကေတာ့ ကြ်န္ေတာ့္ရဲ႕ပုဏၰားဘကြန္းေပါ့။ ကြ်န္ေတာ့္ရဲ႕႔ပံုတူရုပ္တုၾကီးေပါ့။ ရုပ္ရွင္ရိုက္တုန္းက ရုပ္ရွင္ရံုေရွ႕မွာ ရုပ္တုၾကီးနဲ႔ ဘုတ္ၾကီးေထာင္ျပီး “ဆင္းရဲရင္္နွိပ္စက္ၾကလိမ့္မယ္။ ခ်မ္းသာေအာင္လုပ္ၾက”ဆိုတဲ့ေဆာင္ပုဒ္ေရးတာ။ အဲဒါကုိ အစုိးရကလာျဖဳတ္ခိုင္းတယ္။ ဆင္းရဲရင္နွိပ္စက္လိမ့္မယ္ခ်မ္းသာေအာင္လုပ္ဆိုတာ သူတို႔ကုိ အရြဲ႕တိုက္တယ္ဆိုျပီးေတာ့ လာျဖဳတ္ခုိင္းတယ္”လို႔ ေျပာျပထားပါတယ္။

ဦးေက်ာ္သူက ခ်စ္သူဇနီးမယားဆီက အေျဖရခဲ့တဲ့ေန႔က အထိန္းအမွတ္ပစၥည္းေလးကုိ အိပ္ခန္းတံခါးမွာ ခ်ိတ္ဆြဲထားတာကုိလည္း “ဒါကေတာ့ ကြ်န္ေတာ္ တကၠသုိလ္တုန္းက တကၠသုိလ္ေပါင္းစံုေလွေလွာ္ျပိဳင္ပြဲမွာ ဒုတိယဆုခဲ့တာ။ အဲဒီဒုတိယဆုရတဲ့ပြဲမွာပဲ ကြ်န္ေတာ့္ဇနီး ေရႊဇိီးကြက္ရဲ႕အခ်စ္ကုိကြ်န္ေတာ္ လက္ခံရခဲ့တယ္”လို႔လည္းၾကည္နူးဖြယ္ေျပာျပထားပါတယ္။ ဦးေက်ာ္သူရဲ႕အိပ္ခန္းအတြင္းမွာေတာ့ ပစၥည္းေတြကုိသပ္သပ္ရပ္ရပ္ေလးျပင္ဆင္ထားရွိထားတာကုိေတြ႕ရျပီး ပန္းေရာင္ဝက္ရုပ္ေလးကုိလည္းေတြ႕ရတာမို႔ ဦးေက်ာ္သူဟာ လူၾကမ္းၾကီးေပမယ့္ အသည္းနုတာကုိသတိျပဳမိစရာပါပဲ။

ဦးေက်ာ္သူရဲ႕ ဧည့္ခန္းအတြင္းမွာေတာ့ ေငြထည္ပစၥည္းေတြ၊ေရွးေခတ္ကဓားၾကီးေတြ၊ ပန္းခ်ီကားေတြနဲ႔အလွဆင္ထားတာကုိေတြ႕ရျပီး အဲဒီထဲမွာအေမစုရဲ႕ပံုတူပန္းခ်ီကားၾကီးကေတာ့ အထင္ကရအျဖစ္ဆံုးပါပဲ။ အေမစုရဲ႕ပန္းခ်ီကားၾကီးအေၾကာင္းကုိ ဦးေက်ာ္သူက “ကြ်န္ေတာ့္တစ္သက္မွာ ဘယ္ပန္းခ်ီမွမဝယ္ျဖစ္ဘူး။ ဒီပန္းခ်ီကားကုိဝယ္လိုက္ရတယ္။ ေဒၚလာဘယ္ေလာက္လဲမသိဘူး။ ဒါကုိ Facebook မွာေတြ႕ကတည္းက ကြ်န္ေတာ့္ကုိဆြဲေဆာင္ေနတယ္။ အေမ့ရဲ႕မ်က္လံုးေတြနႈတ္ခမ္းေတြက အရမ္းကုိအသက္ဝင္တယ္။ အေမစုရဲ႕ မ်က္လံုးက မင္း ရုတ္ရုတ္ရုတ္ရုတ္မလုပ္နဲ႔ေနာ္ဆိုတဲ့အၾကည့္မ်ိဳး မင္း သီလမေဖာက္ျပန္နဲ႔ဆိုတဲ့အၾကည့္မ်ိဳး။ မင္းတို႔လာဘ္မစားနဲ႔ဆိုတဲ့အၾကည့္မ်ိဳး။ ကြ်န္ေတာ္မနက္မိုးလင္းရင္အခန္းထဲကထြက္လာတယ္။ Breakfast စားတယ္။ တစ္ခါေတြ႕တယ္။ အလုပ္သြားခါနီးတစ္ခါၾကည့္လိုက္တယ္။ျပီးျပီ.. အဲဒီသေဘာနဲ႔ကြ်န္ေတာ္ဧည့္ခန္းမွာ အထင္ကရထားတယ္”လို႔ ရင္ဖြင့္ေျပာျပထားပါတယ္။

ဦးေက်ာ္သူရဲ႕အိမ္ၾကီးက ေဆာက္ထားတာတစ္နွစ္ပဲရွိေသးတယ္လို႔သိရျပီ။ ဂငယ္ပံုအိမ္ရဲ႕အလည္မွာ ေရကူးကန္ၾကီးအၾကီးၾကီးလည္းရွိပါတယ္။ ဒါ့အျပင္ဘုရားအဆူေပါင္းမ်ားစြာၾကည္ညိဳသဒၶါတရားပြားမ်ားဖြယ္ပူေဇာ္ထားတဲ့ ဘုရားခန္းၾကီးကိုလည္းေတြ႕ရျပီး ခမ္းနားျပီးေနခ်င့္စဖြယ္အိမ္ၾကီးရခို္င္ဆိုတာ မလြဲပါပဲ။

အခုလိုသတင္းထူးေတြ သို႔မဟုတ္ စာေတြကို အခ်ိန္နဲ႔တေျပးညီ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သို႔မဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ဆိုတဲ့စာသားေလးကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ စာဖတ္သူပရိတ္သတ္ႀကီး သေဘာက်ႏွစ္သက္ခဲ့ရင္ (Share)မွ်ေဝေပးခဲ့ၾကဖို႔ေမတၱာရပ္ခံပါတယ္။

[UNICODE FONT]

ဦးကျော်သူဟာဆိုရင်အကယ်ဒမီထူးချွန်ဆုတွေအများကြီးရရှိထားပြီး နာရေးကူညီမှုတွေအပြင် ပရဟိတတွေလည်းများစွာလုပ်တာကြောင့် မြန်မာတစ်နိုင်ငံလုံး ဗမာတစ်မျိုးသားလုံးက လေးစားရတဲ့ အနုပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။ ဦးကျော်သူဟာ မကြာသေးမီက MC နဲ့ Interview မှာ သူ့ရဲ့ အနုပညာဆန်ဆန်ဖန်တီးတည်ဆောက်ထားပြီး အဓိပ္ပါယ်တွေပြည့်ဝနေတဲ့ ရင်သပ်ရှု့မောဖွယ်အိမ်ကြီးအကြောင်းနဲ့ အိမ်ကိုအလှဆင်ထားတဲ့ပစ္စည်းတွေရဲ့ အဓိပ္ပါယ်တွေအကြောင်းပြောပြသွားပါတယ်။

ဦးကျော်သူက ခြံထဲမှာ သစ်ပင်တွေနဲ့ရှေးဟောင်းပစ္စည်းတွေနဲ့အလှဆင်ထားတဲ့အကြောင်းနဲ့ ပုဏ္ဏားဘကွန်းရုပ်တုကြီးနဲ့အမှတ်တရတွေအကြောင်းကို “မနက်မိုးလင်းလို့ပဲဖြစ်ဖြစ် ကိုယ်အလုပ်ကပြန်လာလို့ပဲဖြစ်ဖြစ် ဒီအိမ်ရောက်ပြီဆိုရင် စိတ်ကရွှင်လန်းတာပေါ့နော်။ ဒီလိုဖန်တီးမှုလေးတွေ။ ဒါကတော့ ကျွန်တော့်ရဲ့ပုဏ္ဏားဘကွန်းပေါ့။ ကျွန်တော့်ရဲ့ပုံတူရုပ်တုကြီးပေါ့။ ရုပ်ရှင်ရိုက်တုန်းက ရုပ်ရှင်ရုံရှေ့မှာ ရုပ်တုကြီးနဲ့ ဘုတ်ကြီးထောင်ပြီး “ဆင်းရဲရင်နှိပ်စက်ကြလိမ့်မယ်။ ချမ်းသာအောင်လုပ်ကြ”ဆိုတဲ့ဆောင်ပုဒ်ရေးတာ။ အဲဒါကို အစိုးရကလာဖြုတ်ခိုင်းတယ်။ ဆင်းရဲရင်နှိပ်စက်လိမ့်မယ်ချမ်းသာအောင်လုပ်ဆိုတာ သူတို့ကို အရွဲ့တိုက်တယ်ဆိုပြီးတော့ လာဖြုတ်ခိုင်းတယ်”လို့ ပြောပြထားပါတယ်။

ဦးကျော်သူက ချစ်သူဇနီးမယားဆီက အဖြေရခဲ့တဲ့နေ့က အထိန်းအမှတ်ပစ္စည်းလေးကို အိပ်ခန်းတံခါးမှာ ချိတ်ဆွဲထားတာကိုလည်း “ဒါကတော့ ကျွန်တော် တက္ကသိုလ်တုန်းက တက္ကသိုလ်ပေါင်းစုံလှေလှော်ပြိုင်ပွဲမှာ ဒုတိယဆုခဲ့တာ။ အဲဒီဒုတိယဆုရတဲ့ပွဲမှာပဲ ကျွန်တော့်ဇနီး ရွှေဇီးကွက်ရဲ့အချစ်ကိုကျွန်တော် လက်ခံရခဲ့တယ်”လို့လည်းကြည်နူးဖွယ်ပြောပြထားပါတယ်။ ဦးကျော်သူရဲ့အိပ်ခန်းအတွင်းမှာတော့ ပစ္စည်းတွေကိုသပ်သပ်ရပ်ရပ်လေးပြင်ဆင်ထားရှိထားတာကိုတွေ့ရပြီး ပန်းရောင်ဝက်ရုပ်လေးကိုလည်းတွေ့ရတာမို့ ဦးကျော်သူဟာ လူကြမ်းကြီးပေမယ့် အသည်းနုတာကိုသတိပြုမိစရာပါပဲ။

ဦးကျော်သူရဲ့ ဧည့်ခန်းအတွင်းမှာတော့ ငွေထည်ပစ္စည်းတွေ၊ရှေးခေတ်ကဓားကြီးတွေ၊ ပန်းချီကားတွေနဲ့အလှဆင်ထားတာကိုတွေ့ရပြီး အဲဒီထဲမှာအမေစုရဲ့ပုံတူပန်းချီကားကြီးကတော့ အထင်ကရအဖြစ်ဆုံးပါပဲ။ အမေစုရဲ့ပန်းချီကားကြီးအကြောင်းကို ဦးကျော်သူက “ကျွန်တော့်တစ်သက်မှာ ဘယ်ပန်းချီမှမဝယ်ဖြစ်ဘူး။ ဒီပန်းချီကားကိုဝယ်လိုက်ရတယ်။ ဒေါ်လာဘယ်လောက်လဲမသိဘူး။ ဒါကို Facebook မှာတွေ့ကတည်းက ကျွန်တော့်ကိုဆွဲဆောင်နေတယ်။ အမေ့ရဲ့မျက်လုံးတွေနှုတ်ခမ်းတွေက အရမ်းကိုအသက်ဝင်တယ်။ အမေစုရဲ့ မျက်လုံးက မင်း ရုတ်ရုတ်ရုတ်ရုတ်မလုပ်နဲ့နော်ဆိုတဲ့အကြည့်မျိုး မင်း သီလမဖောက်ပြန်နဲ့ဆိုတဲ့အကြည့်မျိုး။ မင်းတို့လာဘ်မစားနဲ့ဆိုတဲ့အကြည့်မျိုး။ ကျွန်တော်မနက်မိုးလင်းရင်အခန်းထဲကထွက်လာတယ်။ Breakfast စားတယ်။ တစ်ခါတွေ့တယ်။ အလုပ်သွားခါနီးတစ်ခါကြည့်လိုက်တယ်။ပြီးပြီ.. အဲဒီသဘောနဲ့ကျွန်တော်ဧည့်ခန်းမှာ အထင်ကရထားတယ်”လို့ ရင်ဖွင့်ပြောပြထားပါတယ်။

ဦးကျော်သူရဲ့အိမ်ကြီးက ဆောက်ထားတာတစ်နှစ်ပဲရှိသေးတယ်လို့သိရပြီ။ ဂငယ်ပုံအိမ်ရဲ့အလည်မှာ ရေကူးကန်ကြီးအကြီးကြီးလည်းရှိပါတယ်။ ဒါ့အပြင်ဘုရားအဆူပေါင်းများစွာကြည်ညိုသဒ္ဓါတရားပွားများဖွယ်ပူဇော်ထားတဲ့ ဘုရားခန်းကြီးကိုလည်းတွေ့ရပြီး ခမ်းနားပြီးနေချင့်စဖွယ်အိမ်ကြီးရခိုင်ဆိုတာ မလွဲပါပဲ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.