Covid Second Wave မှာ အိမ်မ ပြန်ဖြစ်ပဲ ဆိုင်ကဝန်ထမ်းလေးတွေ နဲ့ အတူနေတာ (၃) ပတ်ရှိသွားပြီဆိုတဲ့ စိုးမြတ်နန္ဒာ

Covid Second Wave မှာ အိမ်မ ပြန်ဖြစ်ပဲ ဆိုင်ကဝန်ထမ်းလေးတွေ နဲ့ အတူနေတာ (၃) ပတ်ရှိသွားပြီဆိုတဲ့ စိုးမြတ်နန္ဒာ

Covid Second Wave မှာ အိမ်မပြန်ဖြစ်ပဲ ဆိုင်ကဝန်ထမ်းလေးတွေနဲ့အတူနေတာ (၃) ပတ်ရှိ သွားပြီဆိုတဲ့ စိုးမြတ်နန္ဒာ

တည်ငြိမ်တဲ့ အလှတရားနဲ့ အေးချမ်းလွန်းတဲ့ သွင်ပြင်ကို ပိုင်ဆိုင်ထားတဲ့ စိုးမြတ်နန္ဒာကတော့ ငယ် စဉ်ကတည်းကနေ ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိပိုင်ဆိုင်ထား တာပဲ ဖြစ်ပါတယ်။ စိုးမြတ်နန္ဒာက အခုဆိုရင် အနုပညာအလုပ်တွေအပြင် သူမရဲ့ ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းတွေကို တည်ထောင်ထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စိုးမြတ်နန္ဒာက ကြော က် စရာကောင်းတဲ့ Covid Second Wave မှာ အိမ်မပြန်ဖြစ်တာတောင်ကြာပြီဖြစ်တဲ့အ ကြော င်း ရင်ဖွင့်ပြောဆိုလာပါတယ်။

“First Wave တုန်းကတော့ အိမ်ထဲမှာနေခဲ့ရပေမယ့် အခု Second Wave မှာ အလုပ်အတော် များသွားတာမို့ ဆိုင်မှာပဲ နေနေရပါတယ်။ အဖေ၊ အမေနဲ့ ကလေးတွေရှိတော့ အိမ်နဲ့ဆိုင်နဲ့ နေ့ တိုင်း မကူးချင်တာကြောင့် ဆိုင်မှာပဲ နေနေရတာ ၃ပတ်ပြည့်ပါပြီ။ ဆိုင်မှာကလဲ နယ်ကလာတဲ့ စက်ချုပ်ကလေးတွေ တစ်ဝက်လောက်ရှိသေးတာရယ်မို့။ သူတို့လဲ ပြန်မရ။ သူတို့ပဲ ထားခဲ့ရင်လဲ အပြင်ထွက်မှာ၊ စားတာသောက်တာအဆင်မပြေမှာ စိတ်မချတာမို့ ပြီးတော့ ဆိုင်မှာ ဒီကလေး တွေ Covid ကြောက်ပြီး ဖင်တုန်နေမှာစိုးတာကြောင့် ကလေးဗိုလ် ဖြစ်သွားရလေသတည်းပေါ့ လေ ။

ဆိုင်က Online လည်ပတ်နေတော့ Delivery သမားတွေ လာရင်လဲ သေချာကြည့်ရ၊ဆေးဖြန်း ရနဲ့ တခါတလေကိုယ့်ကိုကိုယ်ပဲ ရောဂါက ကူးပြီလား။ Facebook သတင်းတွေကလဲ တခါတ လေ ဘယ်သူမှ မလွတ်တော့သလို တော်တော်လေးကို ဒုက္ခပေးတဲ့ ကိုဗစ်ပါလေ။ တခါတလေ ကို ဗစ် ကိုလဲ အပြစ်မတင်ချင်တော့ပါဘူး။ ရောဂါကပ်ဆိုးကြီး ဖြစ်တဲ့အချိန် လူလာဖြစ်ရတဲ့ ကံကြ မ္မာ ကိုပဲ သံဝေဂရမိပါရဲ့။ ညဘက် ဆိုင်ကကလေးတွေနဲ့ Zombie ကားကြည့်ရင်း Covid ကမှ တော်သေးတယ်အေ လို့ဖြေတွေးခိုင်းရတယ်။”

“ခုရက်ပိုင်းဆိုင်မှာကလဲ နှာစီး ချောင်းဆိုး ကိုယ်ငွေ့ငွေ့ရှိကြတာနဲ့။ သူတို့လဲ စိတ်တွေ ဂယောင် ခြောက်ခြားဖြစ်၊ ကိုယ်လဲဖြစ်။ ဒီကြားထဲ အနံ့မရတော့ပါဘူးဆိုပြီး အသံဗြဲကြီးနဲ့ အော်ငိုတဲ့ သူက ရှိသေး။ ကိုယ်တွေမှာ အလန့်တကြား အနံ့ပြင်းတာ မှန်သမျှရှူခိုင်း။ ဆေးတွေလဲ တိုက်ရနဲ့ ။ ခဏ ကြာတော့ အနံ့ကရလိုက် မရလိုက် ဖြစ်နေတာဆိုတော့ ကိုဗစ်က ဖြစ်လိုက် မဖြစ်လိုက် ဆိုတဲ့သ ဘောများလားနော့ .. 😤နေ့တိုင်း အမရေ သမီး ကိုယ်တွေလက်တွေကိုက်နေလို့။ အမ ရေ နှာခေါ င်းက တအားပိတ်နေပြီတို့။ အမရေ သမီးမျက်နှာကြီး မီးဟပ်သလို ပူနေပြီတို့။ တနေ့တမျိုး မရိုးရ ပါဘူး။ အိမ်က လူကြီးတွေ နဲ့ ကလေးတွေ ဘာမှ မဖြစ်လို့ တော်ပါသေး။ သားမောင်ကတော့ သူ့ အခန်းထဲကနေ ခြေတလှမ်းမထွက်ပဲ online school နဲ့ အဆင်ကိုပြေနေရော။ ဘစိုး ကတော့ ပွဲတစ်ခုသွားထားတာမို့ သူ့ဟာသူ အခန်းထဲ Q ဝင်နေလေရဲ့ ”

“အားလုံးစိတ်ညစ်နေကြတဲ့အချိန်ဆိုတော့ “ စိတ်မညစ်ဖို့ စိတ်ဓာတ်မကျဖို့” ပဲ ပြောပါရစေနော်။ အိမ်ထဲမှာ အတတ်နိုင်ဆုံးနေပါ။ မဖြစ်မနေထွက်ရရင်တော့ mask တပ်ပါ။ လေ့ကျင့်ခန်း လေး လုပ်ပေးပါ။ ဘုရားစာလေးလဲ ရွတ်ပေးပါ။ ဒါဒါကတော့ အဌာနမေတံ ဂါထာလေးရွတ်တယ်။ စောစောအိပ်ပါ။ Facebook က သတင်းတိုင်း မယုံပါနဲ့။ ဒီအချိန်က လူတိုင်း စိတ်ဒုက္ခရောက်နေ ချိန်မို့ ကိုယ်တွေ ဆိုင်ထဲမှာ ဖြစ်ပျက်နေတဲ့ ရီစရာ/ ပျော်စရာ အဖြစ်အပျက်လေးတွေကို မကြာ ခဏ တင်ပေးမယ်နော်။ တော်ကြာ နင်တို့ကပျော်နေတယ် ဆိုပြီး မျက်စိ ဆံပင်မွှေးဆူးမှာလဲ ကြော က်ရပါရဲ့။ ဒီအချိန်ပျော်နေသူတော့ ဘယ်ရှိပါ့မလဲနော်။

ဒီအချိန် ဆိုင်မှာစိတ်ပြေလက်ပျောက် ဈေးလေးရောင်းနေရတာကိုက ကုသိုလ်လို့ပဲမှတ်ပါတ ယ်လေ။ ပြီးတော့ အေးအေးဆေးဆေး ဘုရားရှိခိုးဖြစ်ပြီး ခုချိန် အဖြစ်ချင်ဆုံး ဆုတစ်ခုကိုပဲ တော င်း မိပါတယ်။ ကိုယ့်နိုင်ငံလေးကနေ ဒီ ရောဂါကပ်ဆိုးကြီး အမြန်ထွက်သွားပါတော့လို့။ ပြောချင်တာလေး တောရောက်တောင်ရောက်ပြောလိုက်ရတော့ ရင်တော့ပေါ့သွားတာပေါ့။ ” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး လည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်း ပေးလိုက်ပါ တယ်။

Source: Soemyat Nandar’s fb
Bilie – Cele Connections

Comments are closed.