ကမ္ဘာကျော် မင်းသားတွေရဲ့ နေရာမှာ မစ္စတာဘင်းနဲ့ အစားထိုးလိုက်ရင်

ကမ္ဘာကျော် မင်းသားတွေရဲ့ နေရာမှာ မစ္စတာဘင်းနဲ့ အစားထိုးလိုက်ရင်

ဟောလိဝုဒ်ရဲ့ နာမည်ကျော်ရုပ်ရှင်ကားကြီးတွေမှာ ဟာသ သရုပ်ဆောင် Mr Bean (Rowan Atkinson) ကိုသာ ထည့်သွင်းရိုက်ကူးခဲ့ရင် ဘယ်လိုဖြစ်မလဲလို့ ဟာသလုပ်ပြီး တွေးမိကောင်းတွေးမိကြမှာပါ။ ဒီလို တွေးမိတဲ့ လူတွေအတွက် အလွန်လူကြိုက်များခဲ့ကြတဲ့ ရုပ်ရှင်ကားတွေမှာ မစ္စတာဘင်းန်ကို ဓါတ်ပုံပြုပြင်ပြီး အစားထိုး ထည့်သွင်းထားပုံတွေအား ပြောချင်လွန်းလို့တို့အတွက် ဖော်ပြပေးပါရစေ။

၁. Avatar ရုပ်ရှင်ကားဟာ ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်ရဲ့ ဂန္တဝင်လက်ရာတစ်ခုဖြစ်ပြီး ထူးဆန်းအံ့သြဖွယ် ကောင်းတဲ့ အထူးပြုလုပ်ချက်တွေကို သဘာဝကျမှုတွေ ပေါင်းစပ်ထားတဲ့ Sci-Fi ဇာတ်လမ်းကောင်းတစ်ခုပါ။ တကယ်လို့သာ မစ္စတာဘင်းန်ကို အဓိကဇာတ်ကောင်နေရာပို့လိုက်မယ်ဆိုရင်တော့ ဝမ်းနည်းစရာတွေ နည်းနည်းလျော့ပါးသွားမလား။

၂. ဟယ်ရီပေါ်တာစီးရီးဟာ ကမ္ဘာပေါ်မှာ ယနေ့မသိသူမရှိလောက်အောင် နာမည်ကြီးတဲ့ စီးရီးတစ်ခုပါပဲ။ တကယ်လို့သာ ဟယ်ရီနေရာမှာ မစ္စတာဘင်းန်ဆိုရင် အပြောင်းအလဲဖြစ်သွားတာကိုတောင် ရိပ်မိပါ့မလားပဲ။

၃. စူပါဟီးရိုးတွေဘက်ကိုလှည့်ကြမယ်ဆိုရင်တော့ X-Men ထဲက Wolverine ဇာတ်ကောင်ဟာ မစ္စတာဘင်းန်နဲ့ လိုက်ဖက်သူပါ။ မယုံရင် ပုံကိုသာကြည့်ပါတော့။ တွေဝေနေတဲ့ စူပါလူသားတစ်ယောက်ကို တွေ့ရမှာ မဟုတ်ပါဘူး။ စူပါ ပါဝါတွေရလို့ ကျေနပ်နေတဲ့ သူကိုပဲ မြင်ရမှာပါ။

၎. မင်းသား ဂျော်နီဒပ်ကို Pirates of the Caribbean ရုပ်ရှင်တွေနဲ့ အကောင်းဆုံးမင်းသားတစ်လက် စာရင်းသွင်းထားပါတယ်။ သူ့နေရာမှာ မစ္စတာဘင်းန် ဝင်သရုပ်ဆောင်ရင်ရော ဂျော်နီဒပ်ထက်ပိုပြီး ရုံဝင်ငွေ ရနိုင်မလား။

၅. ဝမ်းနည်းစရာရုပ်ရှင်ကားထဲက အထာကျကျ ပိုစတာမှာ မစ္စတာဘင်းန်ကို ကွက်တိထည့်သွင်းကြည့်ပါ။ ပိုစတာကနေ ပေးနေတဲ့ စိတ်ထိခိုက်မှုတွေ အတော်လေးလျော့ကျသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် အထာကတော့ တကယ်မိုက်တယ်နော်။

၆. စူပါဟီးရိုးဖန်တွေအတွက် The Joker ဟာ Icon တစ်ခုဆိုလည်း မမှားပါဘူး။ ပြောချင်လွန်းလို့ အနေနဲ့ သူ့ကို တစ်ခါလောက်တော့ အခွင့်အရေးပေးပြီး ရိုက်ကူးကြည့်စေချင်တာ အမှန်ပါပဲ။ ဂျင်ကာရေးရဲ့ Riddler ထက်တော့ သာမှာပါနော်။

Comments are closed.