အချိန်မပေးရပဲ ကိုယ်အလေးချိန်လျော့ချင်စေမယ့်နည်းလမ်းများ

အချိန်မပေးရပဲ ကိုယ်အလေးချိန်လျော့ချင်စေမယ့်နည်းလမ်းများ

လာမယ့် ဘယ်ရက်ဘယ်နေ့ကနေစပြီးတော့ ဝိတ်လျော့တော့မယ် ဆိုပြီးတွေးနေပြီး Gymသွားဖို့ကျလည်း အချိန်မပေးချင်၊ အိမ်တွင်းလေ့ကျင်ခန်းလုပ်ဖို့ကျလည်းမလုပ်ချင် ဘူးဆိုရင်တော့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။ အဲ့ဒီနည်းလမ်းကောင်းလေးတွေကို ပြောချင်လွန်းလို့ ပရိသတ်ကြီးဆီအရောက်ပို့ပေး လိုက်ပါရစေ ။

၁။ ရေအေးအေးသောက်ပါ
ရေရဲ့အရသာဟာ အပူချိန်ပေါ်မှာမူတည်နေတယ်လို့ဆိုကြလေ့ရှိပါတယ်။ အဲ့ဒီလိုပြောကြခြင်းဟာ မှန်ပါတယ်။လူတော်တော်များများဟာ ရေနွေးနွေးသောက်ရတာမကြိုက်ဘဲ ရေခဲရေသောက်ရတာကိုကြိုက်ကြတယ်ဆိုတာကတော့ အငြင်းပွားနေစရာမလိုပါဘူး ။ အဲ့ဒီလိုသောက်ခြင်းက ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ မလိုလားအပ်တဲ့ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။

၂။ လမ်းလျှောက်ပါ
လမ်းလျှောက်ပါဆိုလို့ လန့်မသွားပါနဲ့ အကွာအဝေးအများကြီးကိုလျှောက်စရာမလိုပါဘူး။ သင့်ရဲ့နေ့စဉ်သွားလားလှုပ်ရှားမှုတွေထဲကနေပြီး စက်တပ်ယာဉ်အသုံးပြုမှုအနည်းငယ်လောက်လျော့ချပြီး လမ်းလျှောက်ပေးခြင်းအားဖြင့် သွေးကြောတွေရဲ့လုပ်ငန်းလုပ်ဆောင်မှုကိုပိုပြီးကောင်းမွန်စေပြီး ကယ်လိုရီတွေလောင်ကျွမ်းစေမှာဖြစ်ပါတယ်။

၃။ သင့်မျက်လုံးကိုအရူးလုပ်ပါ
ခေါင်းစဉ်ကိုကြည့်လိုက်ပြီးကြောင်တောင်တောင်ဖြစ်မသွားပါနဲ့။ ဒီနည်းလမ်းဟာ သင့်ကိုဝိတ်ကျစေမယ့်အကောင်းဆုံးနည်းလမ်းတစ်ခုလို့တောင်ပြောလို့ရပါတယ်။ နောက်ပြီးဒီနည်းလမ်းဟာသင့်မျက်လုံးကိုပဲ အရူးဖြစ်စေမှာမဟုတ်ပဲ အစာအိမ်ပါ ရူးသွပ်သွားစေမှာပါ။အဲ့ဒီနည်းလမ်းလေးကတော့ ဥပမာ – သင်စားနေကျဖြစ်တဲ့ ပန်းကန်ဆိုဒ်ထက်ပိုသေးတဲ့ပန်းကန်နဲ့ စားနေကျပမာဏထက်လျော့စားလိုက်ရုံပါပဲ။

၎။ပန်းသီးစားပါ
ပန်းသီးစားခြင်းလည်းကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါ။ အဲ့ဒီလိုပန်သီးစားခြင်းကနေပြီးတော့ အစာအိမ်ရဲ့အစာခြေစနစ်အတွက်လိုအပ်တဲ့ gastric အက်ဆစ် ကို ပိုထုတ်လုပ်နိုင်စေလို့ပါပဲ။ဒီနည်းလမ်းအသုံးပြုပြီးပန်းသီးကိုစားမယ်ဆိုရင်တော့ အစားမစားမီ၁၅မိနစ်အလိုမှာစားထားခြင်းဟာအကောင်းဆုံးဖြစ်ပါတယ်။၅။ အရောင်ပါတဲ့ ပန်းကန်တွေကိုအသုံးပြုလိုက်ပါ

ဒီနည်းလမ်းကတော့ သင့်ရဲ့အစားများများစားချင်တဲ့အလိုဆန္ဒကို သိသိသာသာကြီးလျော့ကျစေမှာပါ။ ဒီနည်းလမ်းအတွက်အကောင်းဆုံး ပန်းကန်အရောင်ကတော့အပြာရောင်ဖြစ်ပါတယ်.။ အပြာရောင်ပန်းကန်ကိုအသုံးပြုပြီးစားသုံးခြင်းက သင့်စားမယ့်အစားစာတွေဟာအရသာမရှိဘူးဆိုပြီးထင်ယောက်ထင်မှား ဖြစ်စေတာကြောင့်သင့်ကိုအစားနည်းနည်းပဲစားစေမှာဖြစ်ပါတယ်။ အဲ့တာကြောင့် သင့်ဝိတ်ကိုလျော့ကျစေမယ့်နည်းလမ်းကောင်းထဲကတစ်ခုအဖြစ်ဖော်ပြပေးလိုက်ပါတယ်။
ကဲဝိတ်လည်းလျော့ချင်တယ် အပျင်းလည်းကြီးနေတယ်ဆိုရင်တော့ အထက်ကနည်းလမ်းလေးတွေကိုလိုက်လုပ်ကြည့်ကြနော်။ပြီးလို့အမှန်တကယ်အကျိုးရှိခဲ့တယ်ဆိုရင် သင့်ပတ်ဝန်းကျင်ကို ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။

Comments are closed.