ရမည်းသင်းက​နေ တစ်​နိုင်​ငံလုံးကို သွား​နေတဲ့ ဆိတ်သားနှင့်ဆတ်သားခြောက်​(သို့) ခွေးသား

ရမည်းသင်းက​နေ တစ်​နိုင်​ငံလုံးကို သွား​နေတဲ့ ဆိတ်သားနှင့်ဆတ်သားခြောက်​(သို့) ခွေးသား

ယနေ့ ရမည်းသင်းမြို့နယ် ဆိတ်သား/ဆတ်သားခြောက် လုပ်ငန်းအား မန္တလေးတိုင်း စားသုံးသူစီစစ်ရေးဌာနမှ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ ယခုကဲ့သို့ပြင်ဆင်ထုတ်လုပ်နေသည်ကို တွေ့ရစဉ်။

အသားအားလုံးမှာ ဆိတ်သားများမဟုတ်ဘဲ ပုတ်သိုးအမဲသားနှင့် အခြားအမည်မသိအသားများလည်း ပါဝင်ကြောင်းတွေ့ရသည်။

ယမ်းစိမ်းစိမ်ခြင်း၊ ဆေးဆိုးခြင်းနှင့် ကြပ်တိုက်ကာ ဈေးကွက်အတွင်းသို့ တံဆိပ်အမျိုးမျိုးနှင့် ဖြန့်ဝေကြောင်း သိရသည်။မြန်မာနိုင်ငံသား​​တွေ အတွက် ဆတ်​သား​ခြောက်​ဆိုတာတကယ်မရှိခဲ့ဘူး။

ခေါင်းစဉ်ကတော့ နည်းနည်းဆန်းလိမ့်မယ်။ဆတ်​သား​ခြောက်​ဆိုတာ မြန်​မာနိုင်​ငံကလူ​တွေ အတွက် ထမင်းမြိန်​​စရာ၊ ​ရေ​နွေးကြမ်းနဲ့မြည်းဖို့ အ​ကောင်းဆုံးအရာ အဖြစ် သိကြမှာပေါ့။ ကြာရှည်​ထားခံတဲ့ စားမြိန်စာဆိုလည်း မမှားဘူး။ဒါပေမယ့် တကယ့်နောက်ကွယ်က အကြောင်းတွေကတော့ လူသိပ်မသိကြသေးတာတွေ ရှိပါသေးတယ်။

တကယ်​​တော့ ဆိတ်​သား​ခြောက်​ဆိုတာ ဟာ Schatochrenia လို့ခေါ်တဲ့ ​​​ခွေးသားကို လုပ်​ထားတဲ့ အသား​ခြောက်​တစ်​မျိုးပါ။ အဲ့ဒီအသားကို လွယ်လွယ်ပြောရရင် မရှိတဲ့ဆတ်​သားကို ထုတ်ေ​နတယ် မြင်နေတယ်လို့ ထင်​​စေတဲ့အသားပါ။ ကျ​နော်​တို့ အသက်​ ၁၀ နှစ်​မှာ ဆတ်​သား​ခြောက်​ဆိုတဲ့ စားစရာနဲ့ တွေ့ခဲ့ရတယ်။

တကယ်တွေ့ခဲ့တာမဟုတ်ဘူး။ ကျ​နော်​တို့ ဦးနှောက်က Schatochrenia ကိုဆတ်​သား​ခြောက်​အဖြစ်​ လက်​ခံလာ​အောင်​လုပ်​လိုက်​တာပါပဲ။ ကျ​နော်​တို့ဟာ အာ့ဒီအသားကိုစားပြီးပတ်​၀န်းကျင်​မှာ၊ ​ကျောင်းမှာ လမ်း​ဘေး​ခွေး​လေး​တွေ ​တ​နေ့တခြား ​ပျောက်​​ပျောက်​လာတာကို ​သတိထားမိတယ်​။တကယ်​တမ်းက ကျ​နော်​တို့ ​ခွေးသားစား​နေတာပါ။

ဒီလိုနဲ့ ​ခွေးသားကို ဆတ်​သား​ခြောက်​အဖြစ်​မှတ်ယူရင်း ကျနော် အသက် 19 နှစ်ရောက်တဲ့အခါကျန်းမာရေးဆိုင်ရာ ဗဟုသုတ​တွေ​ကြောင့်​ဆတ်​သား​ခြောက်​ဆိုတာ ကျနော့်ဘဝမှာ တကယ်မရှိခဲ့တဲ့အရာဆိုတာ ကျနေိာသိသွားခဲ့ရတယ်။စဉ်းစားကြည့်နော်…

ကိုယ်​စိတ်​ထဲ တစ်ဘဝလုံး စားမယ်​လို့ယုံကြည်ထားတဲ့ စားစရာဟာ ကိုယ့်ဘဝမှာ တကယ်မရှိခဲ့ဘူးဆိုတဲ့ ခံစားချက်။ ခင်ဗျားတို့သာဆို တကယ် shock ဖြစ်သွားမယ်ထင်ပါတယ်။တကယ်လည်း ကျနော် ဟာ ဆတ်​သား​ခြောက်​ဆိုတာဝိသမ​လောဘသား​တွေ ပုံ​​ပြောင်းထုတ်​လုပ်​တဲ့ ​ခွေးသာ့းဆိုတာသိပြီးပြီးချင်း အရမ်းကိုစိတ်ထိခိုက်နာကျင်ခဲ့ရပါတယ်။

တစ်လောကလုံးမှာ ဆတ်​သား​ခြောက်​တမျိုးတည်းနဲ့အဖော်ပြုခဲ့ရတဲ့ ကျနော်ဟာ ပြန်ပြီး ငတ်​ပြတ်​လာပါတယ်။ကျနော့်အတွက် ဆတ်​သား​ခြောက်​ဆိုတာလည်းမရှိတော့ပါဘူး။ဒါပေမယ့် ကျနော် က ဆတ်သား​ခြောက်​ တကယ်မရှိခဲ့ဘူးဆိုတာကို လက်ခံနိုင်အောင်ကြိုးစားရင်း အသက် ၂၅နှစ်မှာပဲ ကိုယ့်​အိမ်​က​ခွေးကို ဆတ်​သား​ခြောက်​လုပ်​ပစ်​ခဲ့ပါတယ်

တကယ်တော့ ဒီဇာတ်လမ်းဟာ မြန်မာမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ပါ။တကယ့်အဖြစ်အပျက်တွေကိုလူတွေက ဒီအကြောင်းကိုသိပြီးပြီးချင်းကျနော်နဲ့ ဆတ်​သား​ခြောက်​ဇာတ်လမ်းလေးကိုပြန်ပြောင်းပြောကြရင်း ​ခွေးသားစားချင်​​နေကြမှာပါ။

ဒါပေမဲ့ ခင်ဗျားတို့ ​ခွေးသားကျပ်​တင်​​နေချိန်​မှာကျနော်ကတော့ ရှိတော့မှာမဟုတ်တော့ပါဘူး၊ကျနော်ရဲ့ ဆတ်​သား​ခြောက်​ကို ရှာ​ဖွေဖို့ဆတ်​​တွေရှိနေတဲ့နေရာကို လိုက်ရှာနေပါပြီ။

Aung Bhone Mrat Minn

Comments are closed.