ချောင်းသာတွင် နိုင်ငံခြားသားတစ်ဦး ရေနစ်သေဆုံးပြီး ငါးစားထားသော ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိ

ချောင်းသာတွင် နိုင်ငံခြားသားတစ်ဦး ရေနစ်သေဆုံးပြီး ငါးစားထားသော ဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိ

ချောင်းသာတွင် ၆ နှစ်ခန့် နေထိုင်နေသူ ဆလိုဗေးနီးယားနိုင်ငံသားတစ်ဦး ရေနစ်သေဆုံး

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ပုသိမ်မြို့နယ်၊ ချောင်းသာမြို့၊ (၇)ရပ်ကွက်ရှိ Hill Garden ဟိုတယ်တွင် လွန်ခဲ့သော (၆)နှစ်ခန့်မှစ၍ တည်းခို နေထိုင်ကာ Guide လုပ်ငန်းလုပ်ကိုင်နေသူ ဆလိုဗေးနီးယားနိုင်ငံသား Mr.Begovic Drago (၆၅)နှစ်သည် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ဟိုတယ်မှထွက်ခွာသွားရာ ပြန်လည်ရောက်ရှိ လာခြင်းမရှိသဖြင့် ဟိုတယ်မန်နေဂျာဖြစ်သူ ချောင်းသာမြို့နေ ဇင်မာအေး (၃၅) နှစ်မှ ချောင်းသာနယ်မြေ ရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားလာခဲ့၍ ချောင်းသာနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ကျောက်တစ်လုံးကမ်းခြေ၌ ရေနစ်သေဆုံးကာ ငါးစားထားသည့် ဒဏ်ရာများဖြင့် တွေ့ရှိရ၍ ချောင်းသာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ချောင်းသာ နယ်မြေရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် (၃/၂၀၁၉) jဖင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.