“ငါ့မြို့ကကြီးတယ်၊ သူမြို့ကသေးတယ်” ဟု ပြောမနေဘဲ ပြည်ထောင်စုအတွက် အလုပ်လုပ်ရန်လိုအပ်ဟု မန္တလေးတိုင်းဝန်ကြီး ချုပ်ပြော

“ငါ့မြို့ကကြီးတယ်၊ သူမြို့ကသေးတယ်” ဟု ပြောမနေဘဲ ပြည်ထောင်စုအတွက် အလုပ်လုပ်ရန်လိုအပ်ဟု မန္တလေးတိုင်းဝန်ကြီး ချုပ်ပြော

“ငါ့မြို့ကကြီးတယ်၊ သူမြို့ကသေးတယ်” ဟု ပြောမနေဘဲ နိုင်ငံတော်အတွက် လိုအပ်နေသည့်အရာများကို ကြည့်ကာ တစ်နိုင်ငံ လုံးအတွက် လုပ်ဆောင်သွားရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က တိုက်တွန်းပြောကြားလိုက် သည်။

မန္တလေးတိုင်း ဒေသကြီး လွှတ်တော်တွင် ကျင်းပပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ၃ နှစ်ပြည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။“ငါကသာတယ်၊ သူကသာတယ်။ ငါ့မြို့ကကြီးတယ်။ သူ့မြို့ကသေးတယ် ပြောစရာမလိုဘဲ နိုင်ငံမှာ ဘာတွေလိုအပ်နေလဲ။ ပြည်ထောင်စုကြီး ဘာတွေ လိုအပ်နေလဲ။ တစ်နိုင်ငံလုံးအရေးက ကြည့်ရမယ်။ နိုင်ငံရေးဆိုတာ တစ်နိုင်ငံလုံးကို ခြုံကြည့်ပြီး ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။နိုင်ငံအပေါ်တွင် သစ္စာရှိပြီး မိမိတို့၏ ယုံကြည်ချက်ကို ဖောက်ဖျက်၍ မဖြစ်ကြောင်းနှင့် ပါတီအပေါ်တွင် သစ္စာရှိရန်လည်း ၎င်းက ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ ရှေ့ဆက်ရမယ့် ခရီးရှိပါတယ်။ အဲဒီ ခရီးမှာ မညီညွှတ်ဘဲနဲ့တော့ ကျွန်တော်တို့ပန်းတိုင်ကို သွားလို့မရပါဘူး” ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့သည် စက်ဝိုင်းပုံသဏ္ဍန်ရှိပြီး မန္တလေးမြို့မှာ နယ်မြို့ပုံစံသာ ရှိကြောင်း ပြောကြားခဲ့ဖူးပြီး ယင်းသို့ ပြောဆိုမှုအပေါ် ပြစ်တင်ဝေဖန်မငများလည်း မြင့်တက်ခဲ့သည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit-Akonthi

Comments are closed.