
ကမ္ဘာ့အပြင်ဘက်ကိုရောက်သွားသလို ခံစားစေရမယ့် ကမ္ဘာ့ထူးခြားအရပ်ဒေသ ၇ခု
ကမ္ဘာမြေပေါ်မှာ နိုင်ငံပေါင်း ၂၀၀ ဝန်းကျင်ရှိပြီး မြို့ပေါင်း ၂.၅ သန်းကျော် အရေအတွက်ရှိနေပါတယ်။ တစ်နေရာချင်းဆီကတော့ ကိုယ်ပိုင်ဆွဲဆောင်မှုအပြည့်နဲ့ရှိနေပြီး မသေခင် သက်တမ်းတစ်ခုစာနဲ့ အပြီးအပြတ်သွားလည်ဖို့တော့ မဖြစ်နိင်လှပါဘူး။ ဒီလိုစိတ်ဝင်စားစရာ အရပ်ဒေသတွေထဲက ကမ္ဘာ့အပြင်ဘက်ကိုရောက်သွားသလို ခံစားစေရမယ့် ကမ္ဘာ့ထူးခြားအရပ်ဒေသ ၇ ခု ကို တင်ဆက်ပေးမှာပါ။ ရုပ်ရှင်လေးများရိုက်မယ်ဆို သိပ်ကိုမိုက်မယ့် ရုပ်ရှင်လိုကေးရှင်းတွေအနေနဲ့ လိုက်ဖက်လှတဲ့ နေရာတွေလည်းဖြစ်ပါတယ်။
၁။ ဗင်နီဇွဲလားက လျှပ်စီးမိုးကြိုးမြစ် Catatumbo

ဒီမြစ်ဝကြီးမှာ လျှို့ဝှက်သည်းဖိုဇာတ်ကားတွေ၊ ကြောက်မက်ဖွယ်ဇာတ်လမ်းသွားတွေ ရိုက်ကူးဖို့ အပြည့်စုံဆုံးနေရာတစ်ခုဖြစ်နေပါတယ်။ တစ်နှစ်မှာ ညပေါင်း ၂၀၀ လောက်က မြစ်ကမ်းတစ်လျှောက်မှာ လျှပ်စီးတွေတလက်လက်ဖြစ်နေတတ်ပြီး ဇုနတ်မင်းကြီးနေထိုင်ခဲ့တဲ့ ဒဏ္ဍာရီနေရာလိုမျိုး အမြင်ဆန်းစေတယ်။ လျှက်စီးတွေတလက်လက်ပြက်နေပုံက တက်စ်လာတီထွင်ခဲ့တဲ့ ဓာတ်ငွေ့အိမ်လေးလို ခံစားရစေတဲ့နေရာပါ။
၂။ ရုရှားနိုင်ငံရဲ့ Kaluga အရပ်က ကျေးရွာ


Kaluga အရပ်က ရွာငယ်လေးပါဖြစ်ပါတယ်။ 2000 ခုနှစ်မှာ အဆင့်မြှင့်ဖန်တီးတည်ဆောက်မှုထားတဲ့ အဆောက်အအုံတွေနဲ့ ခေတ်ပြိုင်ဖန်တီးမှုအနုအလှ ကို ရစေတဲ့ နေရာဖြစ်လာခဲ့တယ်။ တဖြည်းဖြည်းနဲ့ ပွဲတော်ပေါင်းများစွာကျင်းပတဲ့ ပန်းခြံကြီးတစ်ခုဖြစ်လာခဲ့ပြီး တချို့ခေတ်မီရုပ်ရှင်တွေမှာလည်း ဇာတ်ဝင်ခန်းနောက်ခံအနေနဲ့ ရိုက်ကူးလို့ကောင်းတဲ့ ထူးခြားနေရာပါ။
၃။ အရိုးစုကမ်းရိုးတန်း၊ နမီဘီးယားနိုင်ငံ


ဖားတွေ တအုံအုံနဲ့ တောက်လျှောက်အသံထနေပြီး ကျောက်တုံးဧရာမကြီးတွေ၊ အကြီးအကျယ်မုန်တိုင်းတွေ၊ နဲ့ အအေးလှိုင်းဖြတ်နေတဲ့ နမီးဘ်ကန္တာရကြီးရဲ့ရိုးတန်းကြီးတစ်ခုလို့ဆိုရမှာပါ။ ဒီသဘာဝသီးသန့်ဖောက်ပြန်မှုကြောင့်ပဲ ဝေလငါးတွေ နဲ့ ပင်လယ်ကူးသဘောင်္တွေအတွက် ဘာမြူဒါတြိဂံနေရာလက်သစ်လို့ နာမည်ကြီးပါတယ်။ အရိုးစုပေါင်းထောင်နဲ့ချီပြီး ကိန်းအောင်းသွားခဲ့ရတဲ့ အရပ်ကြီးက ကာရစ်ဘီယံပင်လယ်ဓားပြဇာတ်ကားထဲက ဂျက်စပဲရိုး ပုလဲနက်ကြီး ရှာဖွေနေခဲ့တဲ့ ကန္တာရကြီးလို အသွင်တူနေပါတယ်။
၎။ ဟန်ဂေရီ၊ ဘူဒါပတ်စ်မြို့က Szimpla Kert အဆောက်အအုံ
ပစ္စည်းတွေအမြောက်အမြားကို နံရံမှာချိတ်ဆွဲတတ်တာမျိုးက ဟန်ဂေရီသားတွေရဲ့ ရူးသွပ်မှုလို့ပဲ ဆိုပါရစေ။ ဒီလိုခံစားမှုမျိုးကို ဒီနှစ်ထပ်အိမ်လေးမှာ အပြည့်အဝရရှိနိုင်တယ်။ ဘူဒါပတ်စ် မြို့လယ်ခေါင်မှာတည်ရှိတာဖြစ်ပြီး ဟောခန်းပေါင်းများစွာရှိနေတော့ ကော်ဖီပူပူသောက်မလား၊ မီးပုံနားမှာလှုံနေမလား၊ အလွင့်အမျောဂီတတွေနဲ့ ကခုန်မလား၊ ကြိုက်ရာရွေးရုံပါပဲ။ အနုပညာခံစားမှုနဲ့ပတ်သက်ပြီး ပုံဖော်ဖန်တီးချင်တဲ့ ရုပ်ရှင်ဒါရိုက်တာတွေအတွက်လည်း ဒီလိုနေရာမျိုးက အိပ်မက်လိုဖြစ်နေမှာအသေအချာပါပဲ။


၅။ ဘာဟားမားစ်ကျွန်းစုနိုင်ငံရဲ့ တောဝက်ကမ်းခြေ


ကာရေဘီယံပင်လယ်ထဲမှာ လူသူမရှိတဲ့ကျွန်းကြီးဖြစ်နေပါတယ်။ လူမရှိဘူးဆိုပေမယ့် တောဝက်ကြီးတွေကတော့ ဒီကျွန်းအနံ့မှာ မှီတင်းနေထိုင်နေပါတယ်။ လူသူမရှိတဲ့အရပ်ကို တောဝက်တွေဘယ်လိုရောက်လာလဲဆိုတာတော့ ခန့်မှန်းခြေအရ သဘောင်္ကြီးတွေပျက်ပြီးကျန်ခဲ့တာ ဒါမှမဟုတ် ပင်လယ်ဓားပြတွေအတွက် စားနပ်ရိက္ခာအနေနဲ့ ကျွန်းပေါ်ကိုပါလာခဲ့ပုံရပါတယ်။ ကျွန်းပေါ်မှာ နယ်မြေကျွမ်းကျင်စွာနေနိုင်ကြပြီး ရေကူးလို့တောင်တတ်နေပြီဖြစ်တဲ့ တောဝက်တွေပါ။ အတွေးအခေါ် သို့ စိတ်ခံစားမှုအသားပေးရုပ်ရှင်တွေမှာတော့ ထည့်ရိုက်လို့ အကောင်းဆုံးနေရာလို့ ဆိုန်ုင်ပါတယ်။ ပင်လယ်ကိုငေးနေမယ့် လူတစ်ယောက်ရယ်၊ အနောက်ဘက်မှာ ရေကူးနေကြတဲ့ တောဝက်တွေရယ်… မျှော်လင့်ချင်စရာရုပ်ရှင်မျိုးတစ်ကားလောက်ပေါ့လေ။
၆။ ဘိုလီဗီးယားရဲ့ ဆားခြောက်ကန် Salar de Uyuni



ရုတ်တရက်ကြည့်လိုက်ရင် ရေခဲရေကန်ကြီးလို ထင်ရပေမယ့် တကယ်ရ ဘိုလီဗီယားရဲ့ ပူပြင်းတဲ့ဒေသတစ်ခုက ဆားခြောက်ကန်ကြီးပါ။ ရာသီအလိုက် ပုံစံအမျိုးမျိုးပြောင်းသွားတတ်ပါတယ်။ မုတ်သုန်ရာသီဆို ရေလွှာပါးပါးပေါ်မှာ ကောင်းကင်ကြီးထင်ဟပ်နေပုံပေါ်တတ်ပြီး ခြောက်သွေ့ရာသီဆို ခြောက်မြှောင့်ပုံ ကျောက်တုံးပုံတွေဖြစ်လေ့ရှိတယ်။ အထူးခြားဆုံးကတော့ ညနေနေဝင်ချိန်ဆို ပန်းရောင်ပြောင်းသွားတတ်တာပါ။ လှပတဲ့ ကြိုးကြာနီငှက်တွေကိုလည်းတွေ့နိုင်ပြီး ရှားစောင်းပင်တွေလည်း ကမ်းစပ်တစ်လျှောက်ပေါက်ရောက်နေတာ မြင်ရမှာပါ။
၇။ ပြင်သစ်ပါရီမြို့ရဲ့ Père Lachaise



ဒီနေရာက သေလူတွေကို တန်ဖိုးရှိရှိ ထိန်းသိမ်းပေးထားတဲ့နေရာပါ။ ပြင်သစ်မြို့တော်ကြီး၊ ပါရီရဲ့ ဂန္တဝင်သုသာန်ကြီးဖြစ်ပြီး ကမ္ဘာ့ပုဂ္ဂိုလ်ကျော်တွေကို အတူတကွပေါင်းစည်းထားရှိထားတဲ့နေရာပါပဲ။ ပြင်သစ်စာရေးဆရာ အော်နေရဒီဘော့ဇက်၊ Molier ၊ ဂီတပညာရှင် ဂျင်မော်ရစ်ဆင်၊ ဂန္တဝင်ဂီတဂရု ရှိုပင်၊ ရိုမန်တစ်ခေတ်က ဂန္တဝင် ဂီတပညာရှင်ကြီး Georges Bizet၊ တို့အပါအဝင်ပါ။ ဂျင်မော်ရစ်ဆင်ရဲ့ သချိုင်းအုတ်ဂူဆိုရင် အားပေးကြမ်းတဲ့ပရိသတ်တွေက အုတ်ဂူမှာ သီချင်းတွေဆို၊ ဆေးခြောက်ရှူ ၊ အမှိုက်တွေပစ်လုပ်ကြတာကြောင့် အသစ်ပြန်ပြင်ဖို့အထိဖြစ်လာခဲ့ရတယ်။ အော်စကာဝိုင်းရဲ့သချိုင်းဂူဆိုရင် သူ့ရဲ့ပရိသတ်ထုက အမျိုးသမီးတွေရဲ့နှုတ်ခမ်းရာတွေနဲ့ပြည့်နှက်နေပြီး Paris, I love you ဆိုတဲ့ ရုပ်ရှင်ထဲမှာ ဒီဓလေ့အကြောင်းကို ထင်ဟပ်ရိုက်ပြထားပါတယ်။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။