ရုပ်ရှင်ဇာတ်လမ်းကောင်းဖြစ်လာနိုင်တဲ့ ဂျက်ကီချန်းရဲ့ ဖြစ်ရပ်မှန်ဘဝ

ရုပ်ရှင်ဇာတ်လမ်းကောင်းဖြစ်လာနိုင်တဲ့ ဂျက်ကီချန်းရဲ့ ဖြစ်ရပ်မှန်ဘဝ

ရုပ်ရှင်မင်းသားကြီး ဂျက်ကီချန်းဟာ ဘဝမှာ အနိမ့်အမြင့်ပေါင်းစုံ ကြုံတွေ့ခဲ့ရဖူးပြီး သူ့ရဲ့ဘဝကိုယ်တိုင် ရုပ်ရှင်ကားများစွာ ပြန်အသက်သွင်းလို့ရလောက်တဲ့ ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် ဂျက်ကီချန်းရဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေ အရှုံးပေးရမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. ဂျက်ကီချန်းရဲ့ မိခင်ဟာ ဒုစရိုက်လောကနဲ့ အဆက်အသွယ်ရှိပြီး သူ့ဖခင်ကတော့ တကယ့်သူလျှို တစ်ယောက်ပါ။ သူ့မိဘနှစ်ဦးလုံးဟာ တရုတ်ပြည်မကြီးမှာ ဆူပူမှုတွေဖြစ်လာတာကြောင့် ဟောင်ကောင်သို့ ထွက်ပြေးလာခဲ့စဉ်မှာ ဆုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ရုပ်ရှင်ဒါရိုက်တာ Mabel Cheung က သူ့မိသားစုအကြောင်း ဒိုကူမန်ထရီတစ်ခု ရိုက်ကူးခဲ့ပြီး Traces of the Dragon: Jackie Chan and His Lost Family လို့အမည်ပေးကာ ဂျက်ကီချန်း ကိုယ်တိုင်တောင် မသိသေးတဲ့ သူ့ဘဝနောက်ကြောင်းတွေကို လိုက်လံစုံစမ်းရိုက်ကူးခဲ့တယ်။ ဒီအခါ သူ့မိခင်ဟာ ဘိန်းမှောင်ခိုတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး ဒုစရိုက်လောကမှာ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ခဲ့ဖူးတာကို သိရတဲ့အခါ ဒါရိုက်တာတင်မက ဂျက်ကီချန်း ကိုယ်တိုင်ပါ ရှော့ခ်ရသွားခဲ့ပါတယ်။

၂. ဂျက်ကီချန်း မွေးဖွားလာချိန်မှာ သူ့မိဘတွေဟာ အရမ်းဆင်းရဲခဲ့ပါတယ်။ နှစ်ဦးစလုံး ဟောင်ကောင်ကို ထွက်ပြေးလာခဲ့သူတွေဖြစ်ပြီး ယခင်ကလည်း အိမ်ထောင်အသီးသီး ကျခဲ့ဖူးတယ်။ ဂျက်ကီချန်းဟာ သူ့မှာ အမေတူအဖေကွဲ ညီအစ်မနှစ်ဦးနဲ့ အဖေတူ အမေကွဲ ညီအစ်ကိုနှစ်ဦး ရှိတာကို တော်တော်ကြီးမှ သိခဲ့ရပါတယ်။ မွေးဖွားခဲ့စဉ်က ပိုက်ဆံလုံးဝမရှိတဲ့အတွက် သူ့ကို ရောင်းစားဖို့တောင် သူ့မိဘတွေက စဉ်းစားခဲ့ဖူးတယ်လို့ ဂျက်ကီချန်းက နောင်မှာပြန်ပြောပြခဲ့တယ်။

၃. ဂျက်ကီချန်းဟာ ထိုင်ဝမ်သရုပ်ဆောင် Joan Lin နဲ့လက်ထပ်ထားပေမယ့် ၉၀ ခုနှစ်များက မယ်အာရှ တစ်ဦးဖြစ်တဲ့ Elaine Ng နဲ့လည်း ငြိစွန်းခဲ့ဖူးတယ်။ Ng ဟာကိုယ်ဝန်ရှိသွားခဲ့ပေမယ့် ဂျက်ကီချန်းကတော့ ဒါဟာ သူ့ကလေးလို့ အသိအမှတ်ပြုဖို့ ငြင်းဆိုခဲ့သလို တစ်ပြားတစ်ချပ်မှပေးဖို့လည်း စိတ်ကူးမရှိဘူးလို့ သိရပါတယ်။ ကလေးငယ်ဟာ ၁၉၉၉ မှာမွေးဖွားခဲ့ပြီး Etta Ng လို့ခေါ်ပါတယ်။

၎. ဂျက်ကီချန်းဟာ သူ့ရုပ်ရှင်တွေထဲမှာ အင်မတန်အန္တရာယ်များတဲ့ အက်ရှင်တွေကိုသာ ထပ်ခါတလဲလဲ ပြုလုပ်လေ့ရှိတာကြောင့် ခန္ဓာကိုယ်ထဲမှာ မကျိုးဖူးတဲ့ အရိုးမရှိဘူးလို့ သတ်မှတ်ခံထားရသူပါ။ ဒါကြောင့်လည်း အာမခံကုမ္ပဏီတွေက သူ့ကို အာမခံပေးဖို့ ငြင်းဆိုထားကြပါတယ်။ တကယ်လို့ သူ့ရုပ်ရှင်ထဲမှာ ပါဝင်တဲ့သူတွေ အနာတရဖြစ်ရင်လည်း သူကပဲ စိုက်ထုတ်လျှော်ကြေးပေးရတာပါ။

၅. ဂျက်ကီချန်းဟာ အလွန်တင်းကြပ်တဲ့ ဖခင်ပါ။ သူ့ရဲ့သားဖြစ်သူ Jaycee Chan ဟာ ၂၀၁၄ ခုနှစ်က ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနဲ့ တရုတ်ပြည်မကြီးမှာ အဖမ်းခံခဲ့ရတယ်။ အချုပ်ခြောက်လကျခံခဲ့ကာ ဒေါ်လာသုံးရာ ဒဏ်ကြေးဆောင်ခဲ့ရပါတယ်။ ဂျက်ကီချန်းဟာ သူ့သားအဖမ်းခံရချိန်မှာ ပြစ်ဒဏ်လျော့ပေါ့ဖို့ ကြိုးစားသွားမှာမဟုတ်ကြောင်း တရားဝင်ဖွင့်ပြောခဲ့သလို ဒီပြစ်ဒဏ်က သူ့သားကို ရင့်ကျက်စေလိမ့်မယ်လို့ မှတ်ချက်ချခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.