ဖအေတူသမီးဖြစ်တဲ့ “မစု”လေးကိုတွေ့ချင်လို့ မိုင်ရာချီခရီးကိုနှင်ခဲ့တဲ့ အသက် (၉၂) နှစ်အရွယ် အဖွား

ဖအေတူသမီးဖြစ်တဲ့ “မစု”လေးကိုတွေ့ချင်လို့ မိုင်ရာချီခရီးကိုနှင်ခဲ့တဲ့ အသက် (၉၂) နှစ်အရွယ် အဖွား

ဖအေတူသမီးဖြစ်တဲ့ “မစု”လေးကိုတွေ့ချင်လို့ မိုင်ရာချီခရီးကိုနှင်ခဲ့ခြင်းဖြစ်ကြောင်း၊ဒီနိုင်ငံမှာ ဒီသားအဖကိုမှမယုံရင်ယုံကြည်ရမယ့်သူရှာဖွေဖို့ ခက်ခဲနေဦးမှာဖြစ်ကြောင်း၊”မစု”လေးကိုပြည်သူ လူထုကြီးကဝန်းရံပေးကြဖို့နဲ့”မစု”လေးကိုမြင်ပြီး ဗိုလ်ချုပ်အောင်ဆန်းကိုသတိရကာမျက်ရည်ကျ မိတယ်””ဟုဗိုလ်ချုပ်အောင်ဆန်းနှင့်အတူပင်လုံ စာချုပ်ချုပ်ဆိုရာမှာပါဝင်ခဲ့တဲ့တိုင်းရင်းသား ခေါင်းဆောင်လင်းခေးဦးထွန်းမြင့်၊၏။သမီး အသက်(၉၂)နှစ်ရှိသမီးဖြစ်သူမှမျက်ရည်များနှင့် ပြောကြား။

အဖွားကအသက်(၉၂) နှစ်ရှိပါပြီ၊လင်းခေးမြို့ကနေပြီးဒီပွဲရှိရာကို အရောက်လာတက်တာပါ၊ ဘာလို့များဒီလောက်အဝေးကြီးကိုလာတက်တာလည်းဆိုတော့”မစု”လေးကိုအဖွားအသက်ရှင်နေချိန် လေးမှာတွေ့မြင်ချင်လို့ပါ၊ရှမ်းပြည်နေ့မှာမစုလေးရောက်လာပြီးမိန့်ခွန်းပြောမယ်၊သွေးချင်းညီအစ်ကိုမောင်နှမတွေနဲ့ပွဲတော်ကြီးကိုစည်းစည်းလုံးလုံး ကျင်းပတာမြင်ရတော့အလွန်ကျက်သရေရှိသွားတာပေါ့”လို့ ဗိုလ် ချုပ်အောင်ဆန်းနဲ့အတူပင်လုံစာချုပ် ချုပ်ဆိုစဉ်မှာဦးဆောင်ပါဝင်ခဲ့တဲ့ရှမ်းတိုင်းရင်းသား ခေါင်းဆောင်လင်းခေးဦးထွန်းမြင့်ရဲ့ဒုတိယသမီး အသက်(၉၂)ရှိပြီဖြစ်တဲ့အဖွားဒေါ်ခင်စောမြင့်က (၇၂)နှစ်မြောက်ရှမ်းပြည်နေ့အခမ်းအနားမှာ “First News.ကိုအခုလိုပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

”လင်းခေးမြို့ကနေတောင်ကြီးမြို့ကိုလာဖို့ဆိုတာ မိုင်ပေါင်းရာနဲ့ချီပြီးဝေးပါတယ်။အဖွားအသက်နဲ့ ဆိုရင်အတော်လေးကိုပင်ပန်းပါတယ်။မနက်(၂)နာရီ ကတည်းကကားစီးပြီးဒီအခမ်းအနားကိုအချိန်မီ အောင်လာခဲ့တာပါ။”မစု”လေးကိုမြင်ချင်တာရယ် ကြောင့်အခုလိုအပင်ပန်းခံပြီးလာခဲ့တာပါ။”မစု”လေးရဲ့အသံကိုတော့သိပ်ပြီးမကြားနိုင်တော့ပါဘူး။ အဖွားနားကလည်းသိပ်မကြားတော့ဘူးလေ။ပင်ပန်းမယ်ဆိုတာသိပေမယ့်လဲစိတ်ကတားလို့မှမရတာ၊ အသံမကြားရပေမယ့်တစ်ချိန်ကဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးထွေး”မစု”လေးအခုလိုမျိုးတိုင်းရင်းသား  ပြည်သူ့ရှေ့မှောက်ကိုအရောက်လာခဲ့ပြီးမိန့်ခွန်းတွေ ခြွေနေပုံလေးကိုတွေ့ရမြင်ရတာဝမ်းသာလို့ကို မဆုံးပါဘူး။တိုင်းပြည်နဲ့လူမျိုးအပေါ်မှာအကြား အလပ်မရှိမေတ္တာစေတနာထားတဲ့သူတော်ကောင်း သားအဖတွေဖြစ်ပါတယ်။

သူ့အဖေများသာအခုလို အချိန်ရှိခဲ့မယ်ဆိုလေဘယ်လောက်များဝမ်းသာနေရှာလိမ့်မလဲနော်လို့တွေးပြီးစိတ်ထဲမှာဝမ်းနည်းနေမိတယ်။မျက်ရည်လည်းကျမိတယ်။”မစု”လေးကို ပြည်သူများကဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါသမီးတို့ရယ်”လို့ အသက်(၉၂)နှစ်ရှိအဖွား ဒေါ်ခင်စောမြင့်ကသူ့ရဲ့ခြုံထည်တဘက်လေးနဲ့ စို့လာတဲ့သူ့ရဲ့မျက်ရည်စတွေကိုသုတ်နေရင်းက First News ကိုအခုလိုပြောပါတယ်။ (၇၂)မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်လာသောပထမပင်လုံစာချုပ်တွင် ဗိုလ်ချူပ်အောင်ဆန်းနှင့်အတူလက်မှတ်ရေးထိုးခဲ့သူတိုင်းရင်းသားခေါင်းဆောင်များထဲမှလင်းခေး ဦးထွန်းမြင့်ရဲ့သမီး၊ခွန်ကြာပု၏။သမီးနှင့်အခြား တိုင်းရင်းသားခေါင်းဆောင်များရဲ့သားသမီးများ လည်းတက်ရောက်လာကြကာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပြည်သူများအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့၊တစ်ဖွဖွပြောကြားခဲ့ကြတာလည်းဖြစ်ပါတယ်။အဖွားတို့ဒီနိုင်ငံမှာဒီသားအဖကိုမှမယုံရင်ယုံရမယ့် သူ အတော်ရှားပါးသွားပြီ”လို့လည်းယင်းအခမ်းအနားမှာ င်္FirstNewsသတင်းအဖွဲ့မှသွားရောက်တွေ့ဆုံမေး မြန်းခဲ့ရာမှာတိုင်းရင်းသားခေါင်းဆောင်ကြီးများရဲ့သားသမီးများကအခုလိုပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

နောင်နှစ်တွေမှာဆက်လက်ကျင်းပမယ့်ရှမ်းပြည်နယ်နေ့အခမ်းအနားတွေကိုနိုင်ငံမှာကြီးမြတ်တဲ့ ခေါင်းဆောင်”မစု”ကိုအခုလိုတွေ့မြင်လိုသော ဆန္ဒပြင်းပြပြီးငြိမ်းချမ်းတည်ငြိမ်လုံခြုံဖွံ့ဖြိုးသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီးအဆင့်မှာ ကျင်းပမယ့်ပြည်နယ်နေ့ကိုနောက်တစ်ခေါက်ထပ် တက်နိုင်ဖို့ အဖွားကြိုးစားပါဦးမယ်လို့လည်းပင်လုံ စာချုပ်မှာဗိုလ်ချုပ်အောင်ဆန်းနဲ့အတူလက်မှတ်ထိုး ခဲ့ကြတဲ့တိုင်းရင်းသားခေါင်းဆောင်လင်းခေး ဦးထွန်းမြင့်ရဲ့သမီးဖြစ်သူအဖွားဒေါ်ခင်စောမြင့်က အခုလိုပြောကြားပါတယ်။ပထမပင်လုံစာချူပ်တောင်တန်းပြည်မအတူပူးပေါင်း ရေးစာချူပ်မှာဗိုလ်ချူပ်အောင်ဆန်းနဲ့အတူလက်မှတ် ရေးထိုးခဲ့တဲ့တိုင်းရင်းသားခေါင်းဆောင်ခွန်ကြာပုရဲ့ သမီးကြီးအသက်{၉၂}နှစ်ရှိဖွားသက်ရှည်လည်းတက်ရောက်ခဲ့ကြပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

မှတ်ချက်။ ။သတင်းအပြည့်အစုံကိုမနက်ဖြန် စနေနေ့ထုတ်”First News journal. တွင်ဖော်ပြထားပါကြောင်း။ {အယ်ဒီတာ}

Comments are closed.