ညီညီ ကွယ်လွန်ခြင်း (၉)လပြည့်တဲ့နေ့လေးမှာ အမှတ် တရလေးနဲ့အတူ ရင်နင့်ကြွေကွဲစရာ စကားလေးကို ပြောလာခဲ့တဲ့ ကိုကို

လူထုလှုပ်ရှားမှုမှာပါဝင်ရင် ကျဆုံးခဲ့တဲ့ အာဇာနည် သူရဲကောင်းလေး ညီညီအောင်ထက်နိုင်ကိုတော့ ပရိသတ်တွေ အမှတ်တရှိနေဦးမှာပါ။

ညီညီအောင်ထက်နိုင်ဟာ ဖေဖော်ဝါရီလ (၂၈) ရက်နေ့က ကျဆုံးသွားခဲ့တာ ဖြစ်ပြီး ယနေ့ နိုဝင်ဘာ(၂၈) ရက်နေ့မှာတော့ ကွယ်လွန်ခြင်း (၉)လပြည့်ခဲ့ပြီဖြစ်ပါတယ်။ မိဘတွေကလည်း အမြွှာသားလေး တစ်ယောက်ကို ဆုံးရှုံးလိုက်ရတာကြောင့် ဒီနေ့အချိန်ထိ ခံစားနာကျင်နေကြဆဲပဲဖြစ်ပါတယ်။

ညီညီကို သတိရတိုင်းမှာ အစ်ကိုအောင်ထက်နိုင်ကလည်း ကုသိုလ်ကောင်းမှူလေးတွေ လုပ်ဆောင်ပေးတာ တွေ့ရပါတယ်။

ဒါ့အပြင် မကြာခဏဆိုရင်လည်း ညီတစ်ယောက်ဆုံးရှုံးလိုက်ရတဲ့ ကိုကိုက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ညီညီနဲ့ပတ် သက်တဲ့ အမှတ်တရတွေကို ပြည်သူတွေအတွက် အမြဲဖော်ပြပေးပါတယ်။

Advertisement

ညီညီ ကွယ်လွန်ခြင်း (၉)လပြည့်ခဲ့ပြီဖြစ်တဲ့ ယနေ့မှာလည်း ငယ်ငယ်က နှစ်ယောက်အတူ ရိုက်ခဲ့ကြတဲ့ ပုံရိပ်လေးတွေကို ကိုကိုက ဖော်ပြလာခဲ့ပါတယ်။

အရမ်းချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ငယ်ဘဝ ပုံရိပ်လေးတွေကတော့ မြင်ရသူအဖို့ များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ဒီပုံရိပ်လေးတွေနဲ့အတူ ကိုကိုကတော့ ” (၉)လပြည့်ခဲ့ပြီ ခဏလေးပါပဲ..ငါတို့ တစ်ကြိမ်သာ ပြန်တွေ့ခဲ့ကြရင် စကားတွေအများကြီး ပြောပြစရာတွေရှိတယ်”ဆိုပြီး ရင်နင့်စကားတွေ ရေးသားထားပါသေးတယ်။

ပရိသတ်တွေကလည်း ယနေ့မှာ ကွယ်လွန်ခြင်း (၉)လပြည့်ခဲ့ပြီဖြစ်တဲ့ သူရဲကောင်း ညီညီအောင်ထက်နိုင်အား ကောင်းရာမွန်ရာ ရောက်အောင် ဆုမွန်ကောင်းတွေ တောင်းပေးကြပါဦးနော်..။

Advertisement

Source koko

Be the first to comment

Leave a Reply

Your email address will not be published.


*