ရိုနေကြတာမဟုတ်ဘူး ချစ်နေကြတာဆိုတဲ့ ဘေဘီမောင်

ရိုနေကြတာမဟုတ်ဘူး ချစ်နေကြတာဆိုတဲ့ ဘေဘီမောင်

ပရိသတ်တွေ အပြည့်အဝ လက်ခံအားပေးထားတဲ့ အဆိုတော် သားဂန်းနဲ့ သရုပ်ဆောင် ဘေဘီမောင်တို့ စုံတွဲကတော့ ချစ်သူများနေ့မှာ ဘယ်လိုဖြတ်သန်းမလဲဆိုတဲ့ အကြောင်းလေးကိုတော့ ပြောကြားလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ကိုတော့ ပရိသတ်တွေက အရမ်းရိုတယ်လို့ပြောကြတဲ့ အပေါ်မှာလည်း ဖြေရှင်းသွားခဲ့ပါသေးတယ်။

Cele Yatkwat နဲ့ အင်တာဗျူးမှာတော့ ဘေဘီမောင်က ချစ်သူများနေ့ကို ဘယ်လိုဖြတ်သန်းကြမလဲဆိုတဲ့ မေးခွန်းကိုတော့ “ဘေဘီက အဲ့လိုမျိုး ရိုတာတွေ ဝါသနာမပါဘူး။ အခုဖေ့ဘုတ်မှာ တင်တယ်ဆိုတာကလည်း အခုမှ အချစ်ခံရဖူးလို့ ဘေဘီက တင်တာ ပွင့်ပွင့်လင်းလင်းပြောတာ။ အခုချိန်မှာ သူကိုယ့်အပေါ် ဂရုစိုက်မှုလေးတွေ လုပ်ပေးတော့ အရမ်းဖီးလ်ဖြစ်တယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုလေးတွေကို ပရိသတ်တွေကို မျှဝေတဲ့အနေနဲ့ သူရေးတဲ့စာလေးကို တင်တာပေါ့နော်။ တချို့တွေက ရိုတယ်ရိုတယ်ပြောကြတယ်ပေါ့။

လက်ဆောင်တွေ ဘာတွေ ပေးတာကလည်း ဘေဘီ ဝါသနာမပါဘူး။ လုပ်လည်း မလုပ်ပေးတတ်ဘူး။ အဲ့ကြောင့် ချစ်သူများနေ့မှာ ဘေဘီဖက်ကနေ သူ့ကို ပူဖောင်းတွေ ချောကလက်တွေနဲ့ ရိုမန်တစ် ဆန်ဆန် လက်ဆောင်တွေလည်း ပေးမှာ မဟုတ်ဘူး။ အခုဆိုလည်း စားချင်ရင် ဝယ်ကျွေးနေတာပဲကို။ အဲ့လိုမျိုးဆိုတော့ ထွေထွေထူးထူး သူနဲ့ကိုယ်ကြားမှာ မရှိပါဘူး။ ကိုယ်တွေက နေ့ထူးနေ့မြတ်တွေမှ မဟုတ်ဘူး။ နေ့တိုင်းနေ့တိုင်းပဲ ချစ်သူများနေ့လို သူ့ဆီက အချစ်တွေကို ရနေတာပေါ့နော်”

စကားပြောတာနဲ့တင် ရိုနေတယ်ဆိုတဲ့ အပေါ်မှာ “ဟုတ်ပါတယ်။ အဲ့လိုမျိုးကို ဖြစ်နေတယ်။ ကိုယ့်ရဲ့ပြုလုပ်လိုက်တဲ့ အပြုအမူတွေ အားလုံးက ရိုတယ်ရိုတယ် ဖြစ်သွားတာ။ ဘေဘီမှန်တာပြောတာပါ ဘေဘီတို့ ရိုနေကြတာ မဟုတ်ဘူး။ ချစ်နေကြတာ ချစ်တာကို ရိုတယ်လို့ တင်စားလိုက်တဲ့အခါမှာ ရိုတယ်ပဲ ထားလိုက်ပါတော့”

သားဂန်းအတွက် ဘေဘီရှိရင် ပြည့်စုံလားဆိုတဲ့ မေးခွန်းကိုတော့ “အရင်ကတော့ ကျွန်တော့်မှာ မိသားစုလေးရှိရင် ပြည့်စုံတာပေါ့နော်။ အခုတော့ ကျွန်တော့်မိသားစုအတွက် လုပ်ပေးချင်တာတွေ အားလုံးကို မ နဲ့ ပူပေါင်းပြီး လုပ်ပေးရတဲ့ အတွက် ပြည့်စုံပါတယ်။ ကျွန်တော့် ဘဝတခုလုံးအတွက်ကို ပြည့်စုံပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.