အောင်မြင်သူတွေပိုသတိထားရမယ့်ခေတ် ဆိုတဲ့ ဂန္တဝင်

အောင်မြင်သူတွေပိုသတိထားရမယ့်ခေတ် ဆိုတဲ့ ဂန္တဝင်

တခေတ်တခါတုန်းက ပရိသတ်တွေ အသည်းစွဲခဲ့တဲ့ မင်းသမီးတွေထဲက တယောက်ဖြစ်တဲ့ ဂန္တဝင်ကိုတော့ တော်တော်များများ မှတ်မိကြဦးမယ် ထင်ပါတယ်။ မင်းသမီး ဂန္တဝင်ကတော့ လက်ရှိမှာ အနုပညာလောကမှာ သိပ်မတွေ့ရတော့ပေမယ့်လည်း ပရိသတ်တွေကတော့ ရှိနေဆဲပါပဲ။ ဂန္တဝင်ကတော့ သူ့ပရိသတ်တွေအတွက် သူ့ရဲ့လှုပ်ရှားမှုတွေအကြောင်း ပြောကြားသွားခဲ့ပြီး အနုပညာလောကကြီး ပြောင်းလဲသွားတဲ့အကြောင်း ကိုပြောကြားလာခဲ့ပါတယ်။

ဂန္တဝင်ကတော့ Sunday နဲ့ အင်တာဗျူးမှာတော့ “တီဗီချန်နယ်တွေ ပေါ်လာတာက အားလုံးအတွက် ကောင်းပါတယ်။ အချိန်ကုန်သက်သာတာပေါ့။ တယောက်နဲ့ တယောက်တော့ အကြိုက်ချင်းတူချင်မှ တူမှာပေါ့နော်။ တချို့ကလည်း ရုပ်ရှင်ရုံတွေမှာ သွားကြည့်ကြတယ်။ တချို့ကျတော့လည်း ရုပ်ရှင်စီးရီးတွေ ကြည့်ရတာကို ကြိုက်တယ်။ တီဗီချန်နယ်တွေဆို အမတို့ အနုပညာစလုပ်တဲ့အချိန်တုန်းက မြဝတီနဲ့ မြန်မာ့အသံဆိုပြီးတော့ နှစ်မျိုးပဲ ရှိပါတယ်။ အခုချိန်မှာ အများကြီးရှိလာတဲ့အတွက် အနုပညာသမားတွေလည်း အခွင့်ရေးတွေ အများကြီး ဖြစ်လာသလို လုပ်ငန်းရှင်တွေအတွက်လည်း ကောင်းပါတယ်။ နိုင်ငံအတွက်လည်း ကောင်းပါတယ်”

အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့တာနဲ့ ပတ်သက်ပြီး “အနုပညာလောကထဲမှာ အစ်မရှိပါသေးတယ်။ အနုပညာလုပ်တာ နည်းတာနဲ့ များတာပဲ ရှိတာ။ အနုပညာလောကထဲက လူတွေနဲ့လည်း အမနဲ့ အမြဲအဆက်သွယ်ရှိတယ်။ ပွဲတွေဖိတ်ရင်လည်း သွားဖြစ်သလို အမရဲ့ ပရိသတ်တွေနဲ့လည်း အမြဲအဆက်သွယ်ရှိပါတယ်။ အနုပညာလှုပ်ရှားမှုတွေကို အားပေးတဲ့သူတွေလည်း ရှိပါတယ်။ အမ အနုပညာလုပ်တာတွေ နည်းတာကလည်း မိသားစုအတွက် အချိန်ပေးနေရတာလည်း ပါပြီး အမနေမကောင်းတာလည်း ပါပါတယ်။ အမကလည်း နောက်တက်လာတဲ့လူတွေကို လက်ကမ်းကြိုဆိုပြီး နေရာပေးလိုက်တာပေါ့”

“ပွဲတွေဆို အမသိပ်ပြီးတော့ မသွားဖြစ်တော့ဘူး။ အခုနောက်ပိုင်းမှာ ပရိသတ်တွေကလည်း အနုပညာလှုပ်ရှားမှုတွေကို မြင်ချင်တယ် အားပေးကြတယ်ဆိုတော့ ပွဲတွေတက်ဖြစ်လာတာပါ”

အနုပညာလောကမှာ ဘာတွေကွာခြားသွားလဲဆိုတာနဲ့ ပတ်သက်ပြီး “အရမ်းပြောင်းလဲသွားတယ်။ အမတို့ ခေတ်တုန်းက တပတ်လုံးမှာမှ ဂျာနယ်တစောင်ပဲ ထွက်ခဲ့တာ။ အခုခေတ်မှာဆို ကိုယ်က အိမ်ပြန်မရောက်သေးဘူး သတင်းတွေက ဒီလိုမျိုး ဆိုရှယ်မီဒီယာတွေပေါ်မှာ တတ်နေပြီ။ အဲ့ပြောင်းလဲမှုပေါ်မှာ ကောင်းတာလည်း ရှိတယ်။ဆိုးတာလည်း ရှိတယ်။ အောင်မြင်ကျော်ကြားသူ အားလုံးက အကုန်လုံးကတော့ လူတွေ အာရုံစိုက်ခံရတဲ့အချိန်မှာ ပိုပြီး သတိထားလာရတယ်ပေါ့။ အခုဆိုကောင်းသတင်း ဆိုးသတင်းတွေက မီဒီယာတွေပေါ်တက်လာကြတယ်”

အကယ်ဒမီပွဲကိုရော တက်ဖြစ်မှာလားဆိုတဲ့အပေါ်မှာတော့ “ပွဲကတော့ တက်မယ်လို့ စိတ်ကူးထားတယ်။ ဒါပေမယ့် ပွဲအတွက် အစ်မ ဘာမှ မစီစဉ်ရသေးဘူး အချိန်ကလည်း လိုသေးတော့လေ။ ရလည်းမရသေးဘူး တကယ်လည်း ကြိုးစားထားတယ်ဆိုရင်တော့ ရစေချင်ပါတယ်။ ရုပ်ရှင်ကားတွေကတော့ ကြည့်ဖြစ်ပါတယ်။ ဇာတ်ကားတွေက ကောင်းပါတယ်။ အကယ်ဒမီကို ရွေးချယ်ရတာလည်း ခက်ပါလိမ့်မယ်”

“အခုချိန်ထိ ဂန္တဝင်ကို ချစ်ပေးကြတဲ့ ပရိသတ်တွေ ရှိနေလို့ ကိုယ်ဘယ်နေရာ သွားသွား ဂန္တဝင်ဆိုတာကို မှတ်မိပေးနေကြတာပါ။ ကျေးဇူးတင်ပါတယ်” ဟု ဖြေကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.