သီချင်း၃ပုဒ်လောက်ကျက်ပြီး နယ်ပွဲဆိုဖြစ်နေတဲ့ဆုမြတ်နိုးဦး

သီချင်း၃ပုဒ်လောက်ကျက်ပြီး နယ်ပွဲဆိုဖြစ်နေတဲ့ဆုမြတ်နိုးဦး

အခုလောလာဆယ်မှာ ပရိသတ်တွေအမြင်ရနည်းနည်းကျဲနေတဲ့သရုပ်ဆောင်ဆုမြတ်နိုးဦး သရုပ်ဆောင်ဆုမြတ်နိုးဦးတစ်ယောက် သူရဲ့အင်တာဗျူးတစ်ခုမှာ သူ့ရဲ့လတ်တလောလှုပ်ရှားမှုတွေကိုပြောပြခဲ့ပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိရအောင်ပြန်ပြောလိုက်ပါတယ်။

ကားရိုက်တော့မရှိပါဘူး၊ TV အစီစဉ်လေးတွေရိုက်ဖြစ်နေတယ် ၊ နယ်ပွဲတွေလိုက်ပြီးသီချင်းဆိုဖြစ်နေတယ်။ အနုပညာအပြင်တခြားအလုပ်လုပ်ဖို့တော့မရှိပါဘူး ။ဒီအလုပ်ပဲလုပ်တတ်တာလေ။ ဟိုးအရင်ကတည်းကဒီအလုပ်ပဲလုပ်ခဲ့တာဆိုတော့ အခုမှတခြားအလုပ်သွားလုပ်လဲဘာမှမလုပ်တတ်ဘူးလေ။ ဒီအလုပ်ပါးနေချိန်မှာဆိုတော့ ပွဲတတ်လေးတွေ၊ TVအစီစဉ်တွေပဲရိုက်ဖြစ်နေတာပါ။ တချို့ဇာတ်လမ်းလေးတွဲလေးတွေရိုက်ဖို့ပြောထားတာလေးတွေတော့ရှိပါတယ်။နောက်နှစ် ထဲမှာတော့ ရိုက်ထားတဲ့ ဇာတ်လမ်းတွေရုံတင်ဖို့ရှိပါတယ်။

ပရိသတ်တွေကသူအသံကောင်းတယ်ဆိုပြီးပြောကြတဲ့အပေါ်မှာလည်း “မြတ်နိုးကိုအသံပါဝါကောင်းတယ်အသံလုံးကြီးတယ်လိုပြောကြတယ်။ ကိုယ့်ဟာကိုယ်ဆိုရင်တော့ယုံကြည်မှုမရှိဘူး ။ သီချင်းမဆိုဘူး ။ ခုနကပြောသလို အလုပ်အကိုင်တွေရှားပါးလာချိန်မှာ ပရိသတ်နဲ့တိုက်ရိုက်ထိတွေ့ခွင့်ရဖို့အတွက်ကျသီချင်းဆိုတာကအထောက်အကူဖြစ်တယ်လေ။ စင်ပေါ်တတ်ပြီးအိုက်တင်တွေသွားလုပ်ပြနေလိုမှမရတာ။ အဲ့တာကြောင့် ကြောက်ပေမယ့်လည်းကြိုးစားရတာပေါ့။ ဆိုတဲ့သီချင်းတွေကတော့ နည်းပါတယ် ၂ပုဒ်၃ပုဒ်လောက်ကိုအရကျက်ထားလိုက်တာပဲ။ အဆိုတော်လုပ်ဖို့ထိတော့မရည်ရွယ်ထားပါဘူး.။လို့ပြောပြခဲ့ပါတယ်။

ဒီနှစ်အကယ်ဒမီပေါ်မှာထားတဲ့သူ့ရင်ခုန်သံကိုလည်း “ မီနဲ့မုန်းစွဲကို အကယ်ဒမီရစေခြင်တယ်။ ကြည့်ဖူးတဲ့ဟာထဲမှာလည်း အဲ့နှစ်ခုကိုအကြိုက်ဆုံးပဲ။ အကယ်ဒမီပွဲကိုအားပေးဖို့သက်သက်တက်ဖြစ်မယ်လို့မှန်းထားပေမယ့် အလုပ်ပေါ်လာရင်တော့တက်ဖြစ်မယ်မထင်ပါဘူး။”လို့ပြောပြသွားပြီး ပရိသတ်ကြီးကိုလည်း ဆုမွန်ကောင်းတွေတောင်းပေးသွားပေးပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.