ညောင်ပင်ဆယ်ပင်အဓိဋ္ဌာန်အောင်မြင်သွားတဲ့အတွက်သစ်တံခါးဆရာတော်ဆီမှာကုသိုလ်ယူခဲ့တဲ့ခိုင်နှင်းဝေ
ညောင်ပင်ဆယ်ပင်အဓိဋ္ဌာန်အောင်မြင်သွားတဲ့အတွက်သစ်တံခါးဆရာတော်ဆီမှာကုသိုလ်ယူခဲ့တဲ့ခိုင်နှင်းဝေ
[Unicode]
ချစ်ပရိတ်သတ်ကြီးရေ….အနုပညာလမ်းကြောင်းပေါ်မှာနာမည်တစ်လုံးနဲ့အောင်မြင်မှုမှတ်တိုင်ပေါင်းများစွာကိုစိုက်ထူထားနိုင်ခဲ့တဲ့ပရဟိတမင်းသမီး
သူမဟာအချစ်အမုန်းအလွမ်းကျရာဇာတ်ရုပ်ကိုပီပြင်စွာနဲ့ပရိတ်သတ်တွေရင်ထဲကိုစွဲထင်ကျန်ရစ်စေမယ့်အိုက်တင်သရုပ်ဆောင်ချက်တွေအပြည့်နဲ့ အနုပညာကိုဖန်တီးနိုင်စွမ်းရှိသူတစ်ဦးပါနော်။
ဒီလိုသူမဝါသနာကြီးတဲ့အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေရင်းကနေအချိန်ရရင်ရသလိုပရဟိတအလုပ်တွေကုသိုလ်ရေးတွေကို ထိပ်ဆုံးကနေပါဝင်ပြီး ကုသိုလ်ယူခဲ့သူတစ်ဦးပါနော်။
အခုလည်းသစ်တံခါးဆရာတော်ညောင်ပင်ဆယ်ပင်အဓိဋ္ဌာန်အောင်မြင်သွားခဲ့တဲ့အတွက်ခိုင်နှင်းဝေကဝေယျာဝစ္စလေးတွေပြုပြီးမိမိချွေးနဲစာလေးနဲ့ရှာထားတဲ့အလှူငွေကျပ်(၁)သိန်းကိုမွန်မွန်မြတ်မြတ်နဲ့လှူဒါန်းခဲ့ပါတယ်နော်။သရုပ်ဆောင်လည်းကောင်းစိတ်ထားလည်းလှတဲ့သူမဟာနောင်လာနောင်သားတွေအတွက်တော့တကယ့်စံပြပါပဲနော်။ကဲ…သူမသစ်တံခါးဆရာတော်ဆီမှာကုသိုလ်ယူခဲ့တဲ့ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီး ကြည်နူးသာဓုခေါ်လို့ရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။Source : Khine Hnin Wai
Comments are closed.