ရသေ့တောင်မြို့နယ်၊ ခရုချောင်းကျေးရွာတွင် AAသောင်းကျန်းသူအဖွဲ့ ဝင်ရောက်စီးနင်း ဖမ်းဆီးနှိပ်စက်မှုဖြစ်ပွာ

ရသေ့တောင်မြို့နယ်၊ ခရုချောင်းကျေးရွာတွင် AAသောင်းကျန်းသူအဖွဲ့ ဝင်ရောက်စီးနင်း ဖမ်းဆီးနှိပ်စက်မှုဖြစ်ပွာ

ဖေဖေါ်ဝါရီလ ၇ရက် နံနက် ၈နာရီခန့်က AA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ အင်အား ၁၀၀ခန့် သည် မြိုတိုင်းရင်းသားများနေထိုင်သည့် ခရုချောင်းကျေးရွာသို့ ဝင်ရောက်စီးနင်းကာ ရွာသား အချို့ အား ဖမ်းဆီးနှိပ်စက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ နံနက်ပိုင်းက AA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ အင်အား ၁၀၀ခန့်သည် ခရုချောင်းကျေးရွာသို့ရောက်ရှိလာကာ ကျေးရွာအုပ်ချုပ်ရေးမှူး ကိုသာဇံ(အသက် ၄၀၀န်းကျင်ခန့်) နှင့် အဖွဲ့ဝင် ကိုဝေဠု၊ ကိုမော်ကီးတို့ သုံးဦးအား တပ်မတော်သို့ ရိက္ခာထောက်ပံ့သည်ဟူသော စွတ်စွဲ ချက်ဖြင့် ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ကာ ကျေးရွာကိုလည်း ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ထိုသို့ ဖမ်းဆီး နှိပ်စက်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ကိုသာဇံမှာ ဒဏ်ရာအပြင်းအထန်(စိုးရိမ်ရ)ရရှိခဲ့ပြီး၊ ကျန် နှစ်ဦးမှာလည်း ဒဏ်ရာများအသီးသီး(မစိုးရိမ်ရ)ရရှိခဲ့ကြသည်။

ယင်းဖြစ်စဉ်အပေါ် ဒေသခံတစ်ဦးက “သူတို့အစည်းအဝေးခေါ်တာ မလာတာကတစ်ကြောင်း၊ အရင်က စစ်တပ်လာတုန်းက စစ်တပ်က ဆန်ဝယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာထဲမှာဆန်လိုက် ကောက်ပြီး စစ်တပ်ကိုပြန်ရောင်းပေးတယ်။ အဲဒီလိုရောင်းတာကို စစ်တပ်ကိုရိက္ခာပေးတယ်ဆိုပြီး တော့မှ စွပ်စွဲပြီးနှိပ်စက်တာ” ဟုပြောသည်။

ယခုအခါ အဆိုပါကျေးရွာသို့ မြန်မာ့တပ်မတော်အင်အား ၃၀၀ခန့် ရောက်ရှိလာပြီး အခြေအနေကို ထိန်းသိမ်းကာ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။

#YangonMediaGroup

Source: Yangon Media Group (08-Feb-2019)

#ရခိုင်သတင်း #ရသေ့တောင် #AA #ArakanArmy

Comments are closed.