လောကကြီးမှာ ထာဝရအချစ်တွေနဲ့ ရှင်သန်ရပ်တည်သွားမယ်လို့ဆိုခဲ့တဲ့ ဝတ်မှုန်ရွှေရည်

လောကကြီးမှာ ထာဝရအချစ်တွေနဲ့ ရှင်သန်ရပ်တည်သွားမယ်လို့ဆိုခဲ့တဲ့ ဝတ်မှုန်ရွှေရည်

ပရိတ်သတ်ကြီးရေ…. ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာ အရမ်းကိုအောင်မြင်ကျော်ကြာ်းနေတဲ့ အကယ်ဒမီဆုရှင် မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ချစ်စနိုးနဲ့ကစ်လို့ခေါ်ကြတဲ့ သူမကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းပြီး ဖြူစင်တဲ့အမူအရာတွေကြောင့် ယောကျာ်းပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးလျက်ရှိတာဖြစ်ပါတယ်။

သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးများမှာ ပါဝင်ရိုက်ကူးထားပြီး၊ ကြော်ငြာတွေလည်းလက်ခံရိုက်ကူးထားတာဖြစ်ပါတယ်။ ပွဲလမ်းသဘင်တွေမှာလည်း ဖိတ်ကြားခံရတဲ့ မြန်မာပြည်ရဲ့ ထိတ်တန်းမင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ဝက်ဝက်ကွဲအောင်ပွင့်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်လည်း ဖေဖော်ဝါရီလ (၂၈) ရက်နေ့မှာ ရုပ်တင်ပြသတော့မှာ ဖြစ်တဲ့အတွက်ကြောင့် ပရိသတ်ကြီးအနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်မျှော်အားပေးကြရမှာဖြစ်ပါတယ်။

“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း တစ်ကယ့်ကို ဇာတ်ရုပ်ပိုင်နိုင်စွာ သဘာဝကျကျ သရုပ်ဆောင်ခဲ့တာကို သွားရောက်ကြည့်ရှုပြီးတဲ့ ပရိသတ်တို့သိကြမှာဖြစ်ပါတယ်။ ကစ်ကတော့ သူမရဲ့ချစ်ပရိသတ်ကြီးနဲ့အဆက်အသွယ် မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကို ဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း သူမရဲ့ အင်မတန်ချစ်ဖို့ကောင်းတဲ့ အလှပုံရိပ်လေးတွေနဲ့အတူ “လောကကြီးမှာ ကိုယ့်ကိုချစ်တဲ့သူတွေအတွက်ပဲအသက်ရှင်နေတာပါ ” ဆိုတဲ့ statusလေးအား ထုတ်ဖော်တင်ဆက်ပြသထားတာဖြစ်ပြီး ပရိသတ်ကြီးလည်း ကြည့်ရှုခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

source Wutt Hmone Shwe Yi

Comments are closed.