ကော့သောင်းမြို့အနီးရှိ ကျွန်းများသို့ ရဟတ်ယာဉ်ဖြင့် လည်ပတ်နိုင်တော့မည်

ကော့သောင်းမြို့အနီးရှိ ကျွန်းများသို့ ရဟတ်ယာဉ်ဖြင့် လည်ပတ်နိုင်တော့မည်

ကော့သောင်းမြို့အနီးရှိ ကျွန်းများသို့ ရဟတ်ယာဉ်ဖြင့် ခရီးသည် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းအား လာမည့်ခရီးသွားရာသီတွင် ရဟတ်ယာဉ်နှစ်စင်းဖြင့် စတင်နိုင်ရန် စီစဉ်နေကြောင်း Bell Helicopter ၏ မြန်မာကိုယ်စားလှယ်ကုမ္ပဏီ LTR Pte Ltd မှ သတင်းရရှိသည်။“ကော့သောင်းဘက်က ကျွန်းတွေမှာ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်ခွင့်ပြုချက်နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေပါပြီ။ ကော့သောင်းကနေ သင်္ဘောနဲ့ဆိုရင် အချိန် ၃ နာရီလောက် ကြာမယ်။ ရဟတ်ယာဉ်နဲ့ဆို ၁၅ မိနစ်လောက်နဲ့ ရောက်နိုင်တယ်။ အဲဒီက ဟိုတယ်တွေကလည်း အပန်းဖြေဟိုတယ်မျိုးတွေ။ အဲဒီလို ဈေးကွက်အတွက် ရဟတ်ယာဉ်ဝန်ဆောင်မှုက လိုအပ်ပါတယ်။ ဒါကြောင့်မို့ လာမယ့်ခရီးသွားရာသီမှာ ပထမဆုံးရဟတ်ယာဉ်နှစ်စင်းနဲ့ စတင်ဝန်ဆောင်မှုပေးနိုင်ဖို့ စီစဉ်နေပါတယ်” ဟု Bell Helicopter ၏ မြန်မာကိုယ်စားလှယ်ကုမ္ပဏီ LTR Pte Ltd မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးလင်းထက်က ပြောကြားသည်။

ကော့သောင်းမြို့အနီးရှိ ကျွန်းများကို အခြေပြုပြီး ရေပေါ်တွင် ဆင်းသက်ပျံသန်းနိုင်သည့် Sea Plane နှင့် ကျွန်းများအား ရှုခင်းကြည့် ခရီးစဉ်ပျံသန်းနိုင်ရန် ရဟတ်ယာဉ်များဖြင့် ခရီးသွားများအား ဝန်ဆောင်မှုပေးရန် Amata Aviationမှ စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။“ခုလောလောဆယ်တော့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနကနေ ရဟတ်ယာဉ်ပျံသန်းခွင့်လိုင်စင်ရမှ လုပ်ငန်းစတင်နိုင်မှာဖြစ်လို့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ လာမယ့် ၂၀၁၉ အောက်တိုဘာလောက်မှာ ရဟတ်ယာဉ်နဲ့ Sea Plan ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်မှန်းထားပါတယ်” ဟု Amata Aviation အကြံပေး ဦးစိုင်းခမ်းပါ့ခ်က  ပြောကြားထားခဲ့သည်။

Amata Aviation သည် အမတဟိုးလ်ဒင်းအများပိုင်ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး ခရီးသွား ဧည့်သည်များအား ရဟတ်ယာဉ်ဖြင့် ခရီးစဉ်ဝန်ဆောင်မှု ပေးနိုင်ရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ညှိနှိုင်းလျက်ရှိကြောင်း သိရသည်။ အမတဟိုးလ်ဒင်းအများပိုင်ကုမ္ပဏီသည် မြိတ်ကျွန်းစုရှိ ဘာလားနှင့် ဖိုးနီကျွန်းများပေါ်တွင် အပန်းဖြေဟိုတယ်နှစ်ခုတည် ဆောက်ထားကြောင်း သိရသည်။Bell 505 ရဟတ်ယာဉ်မှာ ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် အသုံးပြုနိုင်မည့် ငါးယောက်စီး ရဟတ်ယာဉ်အမျိုးအစားဖြစ်သည့်အတွက် မြန်မာနိုင်ငံခရီး သွားကဏ္ဍတွင် ဝယ်ယူ၍ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း သိရသည်။

Bell 505 ရဟတ်ယာဉ်အား မြန်မာနိုင်ငံရှိ လေကြောင်းဝန်ဆောင်မှုနှင့် ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီအုပ်စုတစ်ခုဖြစ်သည့် Amata Aviation မှ ဝယ်ယူ၍ ခရီးသည်သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။အမေရိကန်အခြေစိုက် Bell ရဟတ်ယာဉ်ကုမ္ပဏီမှ Bell 505 ရဟတ်ယာဉ် အမျိုးအစားအား ရန်ကုန်နှင့် နေပြည်တော်မြို့များတွင် သရုပ်ပြပျံသန်း၍ ဈေးကွက်မိတ်ဆက်ခြင်းကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းက လာရောက် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။“အခုဆိုရင် မြန်မာပြည်ကနယ်ပယ် အသီးသီးမှာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်နေတာကို တွေ့မြင်ရပါတယ်။ ခုလိုတိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာတာနဲ့ အလျှောက် အနာဂတ် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်အချို့ကဝယ်ယူဖို့ စိတ်ဝင်စားမှုရှိတာကြောင့် အခုလို လာရောက်ရောင်းချရခြင်း ဖြစ်ပါတယ်” ဟု အမေရိကန်အခြေစိုက် Bell ရဟတ်ယာဉ်ကုမ္ပဏီမှ Business Development Manager Mr. Eric Ng က ပြောပြသည်။

Bell 505 ရဟတ်ယာဉ်အမျိုးအစားမှာ ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် အသုံးပြုနိုင်မည့် ငါးယောက်စီး ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများမှ ခရီးသွားလုပ်ငန်းများတွင် ဝယ်ယူအသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit-EMG

Comments are closed.