3D animation တွေနဲ့မြင်ရမယ့် စည်သူပလပ်ကျွတ်ရဲ့ ရုပ်ရှင်

3D animation တွေနဲ့မြင်ရမယ့် စည်သူပလပ်ကျွတ်ရဲ့ ရုပ်ရှင်

သီချင်းလေးတွေ ကြော်ငြာလေးတွေ ဇာတ်လမ်းတို ဗီဒီယိုလေးတွေ ရိုက်ရင်း လူသိများလာတဲ့ ဒါရိုက်တာ မြူခိုးကတော့ သူ့အနေနဲ့ မြန်မာနိုင်ငံရဲ့ စူပါဟီးရိုးကြီး စည်သူပလပ်ကျွတ်နဲ့ အတူ ရုပ်ရှင်ရိုက်ဖြစ်မယ့်အကြောင်းကို ပြောကြားလာခဲ့ပါတယ်။ စူပါဟီးရိုးဝတ်စုံတွေနဲ့ ပွဲတွေတက်ခဲ့တာကြောင့် ပရိသတ်တွေကြားမှာ နာမည်ရလာတဲ့ သရုပ်ဆောင် စည်သူပလပ်ကျွတ်ကတော့ ဒါရိုက်တာမြူခိုးနဲ့ရိုက်မယ့်ကားမှာလည်း သူ့ကာရိုက်အတိုင်း ဖြစ်ဖို့များပြီး 3D Animation တွေပါပါလာမယ်လို့ သိရပါတယ်။

Momolay နဲ့ အင်တာဗျူးမှာတော့ ဒါရိုက်တာမြူခိုးက စည်သူပလပ်ကျွတ်နဲ့ ဇာတ်ကားရိုက်မယ့် အပေါ် “ကိုစည်သူနဲ့ ရိုက်မယ့်ကားကတော့ ပြောရမယ်ဆိုရင် 3D Animation ပါတာပေါ့နော်။ သူ့ကိုလည်း ဝတ်စုံချုပ်ခိုင်းထားပါတယ်။ အဲ့လိုမျိုးကားလေး ရိုက်ဖို့ရှိပါတယ်။ သူ့ကိုတော့ ကျွန်တော် ပြောထားတယ်။ ဘောင်းဘီကိုတော့ မထုတ်စေနဲ့ပေါ့လို့။ ကျွန်တော်ဇာတ်ကားမှာ သူ့ကိုသုံးဖို့အတွက် အဝတ်စားက ချုပ်ပေးမယ်လို့ သူကို ပြောထားတယ်။ သူနဲ့လိုက်မယ့် ဇာတ်ကောင်ကို ကျွန်တော့်ကားအတွက် ဝတ်စုံတွေကို စပွန်ဆာတွေနဲ့ ချုပ်ပေးမယ်။ သူ့ကို ဇာတ်တွေက အစ ကျွန်တော်အပ်ပြီးသွားပြီ ခင်ဗျာ”

ဖြူဖြူထွေးနဲ့ အနုပညာအလုပ်တွေ အတူတူတွဲလုပ်ဖြစ်ခဲ့တဲ့ ပုံနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ ဇာတ်လမ်းတိုလေးတွေ ရိုက်တယ်။ ကျွန်တော့်ကိုလည်း ပရိသတ်တွေ သိလာတယ်။ နောက်ပိုင်းဆိုရင် ဖြူဖြူထွေးပါရင် ဒါရိုက်တာမြူခိုးပါတယ်ဆိုတဲ့ အထိ ဖြစ်လာတယ်။ ကျွန်တော်တောင် ပြန်ဖြေရှင်းရတယ်။ ချစ်သူတွေ မဟုတ်ဘူးဆိုတာ အဲ့လောက်ထိတောင် တွဲဖြစ်ခဲ့ကြတယ်။ အခုနောက်ပိုင်းတယောက်နဲ့ တယောက် ခွာသွားတယ်ဆိုတာက သူလည်းသူ့ဘာသူ မအားဘူး။ ကျွန်တော်လည်း ဒီဖက်မှာ ကြော်ငြာတွေ သီချင်းတွေ ရိုက်နေရင်းနဲ့ ကျွန်တော်တို့ နှစ်ယောက် သိပ်မတွဲဖြစ်တာပါ။ နောက်ပိုင်းတွေတော့ ပြန်ပြီး တွဲရိုက်ဖြစ်ပါမယ်ဗျာ”

“ကျွန်တော်ရုပ်ရှင်ကားကြီးကို တော်တော်ကြိုးစားထားတယ်။ ရိုက်ဖို့အတွက် အားလုံးကျွန်တော့်ဖက်က ပြီးသွားပြီ။ မင်းသားတွေ မင်းသမီးတွေဖက်က အိုကေပြီဆိုရင် စရိုက်လို့ရပြီ။ ဒီကြားထဲမှာတော့ သီချင်းနဲ့ ကြော်ငြာရိုက်ဖြစ်တာတွေ များတယ်။ ဒါရိုက်တာတယောက်အနေနဲ့ကတော့ အခက်ခဲတွေ အများကြီးပဲ။ ကျွန်တော့်သီချင်း ဇာတ်ကားတွေ ဆင်ဆာမိတာကများနေတယ်။ ကြော်ငြာရိုက်လည်း ဆင်ဆာမိတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ကတော့ ဆင်ဆာလေးတွေကို လျော့ပေးစေချင်တယ်။ ကျွန်တော်တို့က အကြမ်းကြီးတွေ မရိုက်ဘူး။ ပွင့်ပွင့်လင်းလင်းလေးတွေ ရိုက်ပြတဲ့အတွက် ကျွန်တော်တို့ကို နည်းနည်းတော့ လျော့ပေါ့ပေးစေချင်ပါတယ်။ ကျွန်တော့်ကိုလည်း အားပေးကြပါ။ ပရိသတ်တွေက ကျွန်တော့်အားပါလို့” ဟု ပြောကြားသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.