
သုသုကတစ်နှစ်တစ်ခါမင်္ဂလာဆောင်နေတာပဲဆိုတဲ့ လင်းလင်း
မိတ်ကပ်လင်းလင်းဟာဆိုရင် လှပတဲ့ မိတ်ကပ်ပြင်ဆင်မှုတွေနဲ့ လွန်ခဲ့တဲ့နှစ်အတန်ကြာကတည်းက နာမည်ရလာခဲ့တဲ့ Make Up Artist တစ်ယောက်ဖြစ်ပြီး လင်းလင်း၊မကြီးစန်း၊သုသု(ညီညီမောင် စမ်းချောင်း)၊မထက်တို့ဟာ အချစ်ဆုံးအရင်းနှီးဆုံးပြောမနာဆိုမနာ LGBT တွေလို့ဆိုရမှာပါ။ မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ လင်းလင်းက သူငယ်ချင်းဖြစ်သူ သုသုကို ချစ်စနိုးနဲ့စနောက်ပြီးအချွန်ကြီးကြီးနဲ့မလိုက်ပါပြီ။ လင်းလင်းက ဘာတွေပြောသွားလဲဆိုတော့…

သုသုတစ်ယောက် မကြာခင်မှာ မင်္ဂလာဆောင်တော့မယ်လို့ သတင်းတွေထွက်နေတာနဲ့ပတ်သက်ပြီးလင်းလင်းက “သူကတော့ ဆောင်နေတာပဲတစ်နှစ်တစ်ခါလေ။ ဟိုတစ်ခါကလည်း ဒီမှာ ဒီဇိုင်နာလေးတစ်ယောက်နဲ့ဆောင်နေတာ။ ဒီမှာပဲလေ။ နောက်တစ်ယောက်က ဘာလုပ်နေလဲတော့မသိဘူး။ ဆောင်မှာပါ သူ၊ သူကတစ်နှစ်တစ်ယောက်ဆောင်နေတာပဲ” လို့ အတည်ပေါက်ကြီးနဲ့ ဆေးထိုးထားပါတယ်။


သုသုရဲ့မွေးနေ့ပွဲတွေက အမှန်တော့မင်္ဂလာဆောင်ဖြစ်မယ်လို့လည်း “မဆိုးဘူးနော် တစ်နှစ်တစ်ယောက်ဆိုတော့။ သူကတော့ မွေးနေ့မွေးနေ့ဆိုပြီးလုပ်တာပဲလေ။ အမှန်တော့မင်္ဂလာဆောင်ကြီးပါ ဝတ်စုံနှစ်စုံသုံးစုံလဲနေတာပဲကို”လို့ရယ်မောဖြေကြားထားပြီး မင်္ဂလာဆွမ်းကျွေးတွေကိုမဖိတ်ဘူးလားဆိုတဲ့မေးခွန်းကိုလည်း “ကျွန်မပါရင်သူ့ပွဲကပျက်ပြီလေ။ ကျွန်မက သူ့ကိုထိုင်နှောက်မှာလေ။ သိတယ်မလား။ အဲ့တော့ တော်ရုံတန်ရုံမဖိတ်ဘူး။ သူက စန်းတွေတက်နေတာလေ။ သူပဲသူငယ်တွေရတာပေါ့”လို့လည်း အရွှန်းဖောက်သွားပါသေးတယ်။

လင်းလင်းက မြင့်မြတ်တို့မင်းမော်ကွန်းတို့နဲ့ အတူတူရုပ်ရှင်ရိုက်ရတဲ့ ရင်ခုန်သံကို “ဂုဏ်ယူတာပေါ့။ တကယ့် အကယ်ဒမီမင်းသားတွေနဲ့ လက်ပွန်းတတီး၊ပျော်ပျော်ရွှင်ရွှင်ရိုက်ရတယ်။ အကုန်လုံးကလည်း အနုပညာကို အနုပညာလို့မြင်ပေးပြီးတော့ ကျောသားရင်သားမခွဲခြားပဲနဲ့ ငါတို့ image ကို ထိခိုက်နိုင်မလားဆိုတဲ့ အတွေးမျိုးကိုသူတို့မတွေးပဲနဲ့ သူတို့လည်းလူသားတွေထဲကလူသားတွေပဲဆိုပြီးတော့ တကယ်ကိုမြင့်မြတ်တဲ့ စိတ်ထားတွေနဲ့ ရိုက်ပေးတဲ့အတွက်အရမ်းကိုလေးစားဂုဏ်ယူပါတယ်”လို့ ဖြေကြားထားပါတယ်။

အနုပညာပိုးဝင်သွားပြီဆိုတော့ နောက်လည်း အဆင်ပြေတဲ့ကားဆိုရင်လက်ခံရိုက်ကူးမှာပါလို့လည်း “ကမ်းလှမ်းမှုတွေရှိပြီးတော့ ကိုယ့်အတွက် ဘယ်လိုပြောမလဲ။ ဘုန်းကြီးလူထွက်ပဲရှိတယ်။ မိန်းမလျာလူထွက်မရှိဘူးလေ။ အဲ့လိုမရှိတဲ့ဇာတ်ကားမျိုးဆိုရင်တော့ လက်ခံရိုက်ကူးဖြစ်မှာပါ”လို့ ရင်ဖွင့်ထားပါတယ်။
့ပရိသတ်ကြီးရော လင်းလင်းနဲ့ သုသုတို့ကိုချစ်ကြလား။ သူတို့ရဲ့နောက်ထပ်အနုပညာအလုပ်တွေကိုရော အားပေးဖို့အသင့်ပဲလား။ ကျားကျားကြိုက်ကြိုက်ဇာတ်ကားကြီးကိုရော သွားရောက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။