ဖခင်တစ်ယောက် အနေနဲ့ သမီးကို ဆုံး ရှုံးခဲ့ရတဲ့အတွက် ရင်တွင်းခံစား ချက် တွေကို ဖွင့်ဟလာတဲ့ အဆို တော် ချစ်ကောင်း

ဖခင်တစ်ယောက် အနေနဲ့ သမီးကို ဆုံး ရှုံးခဲ့ရတဲ့အတွက် ရင်တွင်းခံစား ချက် တွေကို ဖွင့်ဟလာတဲ့ အဆို တော် ချစ်ကောင်း

အဆိုတော်ချစ်ကောင်းကတော့ နှစ်ပေါင်းများစွာ ဂီတလောကမှာ ရပ်တည်လာခဲ့ပြီး ပရိသတ်တွေ ရဲဲ့ချစ်ခြင်းကိုရရှိထားသူတစ်ဦးပါ သမီးဖြစ်သူအိမ့်ချစ်နဲ့ ဂျူနီယာချစ်ကောင်းတို့ကိုလည်း ဂီတ အမွေပေးနိုင်ခဲ့ပြီး ဂီတခရီးလမ်းမှာ အေးချမ်းစွာလျှောက်လှမ်းနေတာဖြစ်ပါတယ်

ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ချစ်ကောင်းက သမီးဖြစ်သူအိမ့်ချစ် မင်္ဂလာဆောင် သွားတဲ့အပေါ် ဖခင်တစ်ယောက် အနေနဲ့ သမီးကို ဆုံးရှုံးခဲ့ရတဲ့အတွက် ရင်တွင်းခံစားချက်တွေ ကို ဖွင့်ဟလာခဲ့တာပါ

“သမီး အိမ်ထောင်ပြုသွားတာ တစ်ခုခု ကို လက်လွှတ်လိုက်ရ သလို ခံစားရတယ်။ ဒါပေမယ့် ပျော် လဲ ပျော်ပါတယ်။ သမီး ကို ဆုံးရှုံးခဲ့ရလို့ အဖေ တစ်ယောက် အနေနဲ့ ခံစားလိုက်ရပေမယ့် သူ့ ဘာသာ သူ ရပ်တည်နိုင်တော့မယ် ဆိုတဲ့ အတွက် ဝမ်းသာ ပေးပါတယ်။

ကိုယ်တွေလည်းဒီဘဝကို ဖြတ်သန်းရတာပဲပေါ့နော် လူပျို အပျိုဘဝကနေခဲ့တယ် အိမ်ထောင် တွေ ကျတယ် ကိုယ့်ဘဝကိုယ် ရပ်တည်ကြရတယ် သမီးတစ်ယောက်အနေနဲ့ဆုံးရှုံးတာတော့ အဖေတစ်ယောက်အနေနဲ့ ခံစားလိုက်ရတယ် ဆိုတာကို ဖြေပြီးတော့ တွေးနိုင်တယ် ပီတိဖြစ်ပါ တယ်

“သူ့ကို အိမ်ထောင်ပြုတာကိုယ်ကတောင်နောက်ကျတယ်ပြောနေတာ အသက်လည်း ၃၀ ပြည့် တော့မယ်ဆိုတော့ ကိုယ်ကိုတိုင်ကတောင် အကြံပေးနေတာပါ သမီးနော် အပျိုကြီး ဖြစ်သွားမယ် အကိုတို့လောကမှာဆိုရှိတယ် မကော်တို့ မမီတို့ အဲ့လမ်းစဉ်လိုက်မလို့လားပေါ့ ယူတော့ ချစ်သူ တွေ ဘာတွေရှိရင်လည်းပြော အိမ်ထောင်တော့ကျသင့်ပြီ မငယ်တော့ဘူး နောက်တောင်ကျ တယ် ကိုယ်ကတော့ အားပေးတယ်

“ကိုယ်ကတော့ သားတစ်ယောက်တိုးတယ်ပဲ ခံစားမိပါတယ် အားတစ်ခုတိုးတာပေါ့ သမက်ဆို တာ လည်း သားပဲလေ သူ့ကိုသားမက်ဆိုတာမျိုးထက် သားတစ်ယောက်လို ချစ်ရအားကိုးရတဲ့ ကလေးပဲဖြစ်စေချင်တယ် ဖြစ်လည်းဖြစ်ပါတယ်အချိန်တိုအတွင်းမှာ သူ ဖြစ် တယ် ဝမ်းသာပါ တယ်” လို့ ပြောပြသွားခဲ့တာဖြစ်ပါတယ် ပရိသတ်ကြီးရေ

ချစ်ကောင်းက သမီးဖြစ်သူအိမ့်ချစ် မင်္ဂလာဆောင်သွားတဲ့အပေါ် ဖခင်တစ်ယောက် အနေနဲ့ သမီးကို ဆုံးရှုံးခဲ့ရတဲ့အတွက် ရင်တွင်းခံစားချက်တွေကို ဖွင့်ဟလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်နော်

Comments are closed.