မိုရီဆာကီဝင်းရဲ့ ချစ်စရာအလွဲလေးတွေကို ပြောပြလာတဲ့ အမွန်း

မိုရီဆာကီဝင်းရဲ့ ချစ်စရာအလွဲလေးတွေကို ပြောပြလာတဲ့ အမွန်း

ခေတ်မှီမှီနဲ့ Intrnational ကို ရင်ဘောင်တန်းပြီး သီချင်းတွေဆိုနိုင်တဲ့ အမျိုးသမီးအဆိုတော် တယောက်ကို ပြပါဆိုရင်တော့ အမွန်းကိုပဲ ပြရမှာ ဖြစ်ပါတယ်။ ဆက်ဆံရေးမှာ အထူးကောင်းမွန်ပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနီှ်းရှိနေတဲ့ အမွန်းကတော့ လက်ရှိမှာ ဂျပန် မြန်မာ ချစ်ကြည်ရေးပွဲတော်မှာ ပရိသတ်အချစ်တော် မိုရီဆာကီဝင်းနဲ့ အမှတ်တရလေးတွေကို ပြောကြားသွားခဲ့ပါတယ်။

အဆိုတော်အမွန်းကတော့ Popular Journal နဲ့ အင်တာဗျူးမှာတော့ ဂျပန် မြန်မာ ချစ်ကြည်ရေးပွဲမှာ သီဆိုရတဲ့ စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး “အမွန်းဖျော်ဖြေလာတာ အခုဆိုရင် ၄ နှစ်လောက်ရှိနေပါပြီ။ နှစ်တိုင်းဖျော်ဖြေလာတော့ အစဉ်အလာတခုလို ဖြစ်နေပြီ။ ဖေဖော်ဝါရီကျရင် ဂျပန်ပြည်မှာ ဖျော်ဖြေရမယ်ဆိုတဲ့ အသိလေးတခုကလည်း အစဉ်အလာလေးဖြစ်နေတာပေါ့။ ဒီနှစ်အတွက်လည်း ရင်ခုန်ပါတယ်။ ဒီနှစ်မှာလည်း အမွန်းကိုယ်တိုင် ပါဝင်ရေးစပ်ထားတဲ့ သီချင်းပေါ့။ အမွန်းနဲ့ မိုရီဆာကီဝင်းနဲ့အတူ ဖျော်ဖြေမယ် အမှတ်တရတွေလည်း ထပ်တိုးမှာပေါ့ ဒီနှစ်လဲ။ ဒီပွဲအတွက် ရေးထားတဲ့ အတူပင်ပန်းတဲ့ အနာဂတ်ဆိုတဲ့ သီချင်းကို ရေးထားပြီးဆိုမှာ ဖြစ်တာကြောင့် အမွန်းရင်ခုန်ပါတယ်”

ဂျပန် မြန်မာ ချစ်ကြည်ရေးပွဲတော်က အမှတ်တရတွေနဲ့ ပတ်သက်ပြီး “အမှတ်တရတွေကတော့ တနှစ်တနှစ် ဘာတွေရှိမလဲဆိုတာက မတူပါဘူး။ အမှတ်တရတွေကတော့ အများကြီး ရှိပါတယ်။ နောက်ထပ်မှတ်မှတ်ရရ ကတော့ ပရိသတ်တွေ အများအပြားအားပေးတဲ့ ပွဲတော်ပါ”

အဝင်းနဲ့ သီချင်းတွဲဆိုရတဲ့အခါ အခက်အခဲတွေ အပေါ် “အမွန်းနဲ့ ဝင်းနဲ့က သီချင်းနဲ့ အက တိုက်တာ အကြိမ်ရေတော်တော်များခဲ့ပြီ။ အခက်ခဲမရှိဘူး။ ကြိုတိုက်ထားတာတွေ ရှိပါတယ်။ အချိန်လေးတွေယူကြတယ်။ ဘာတွေရီရလဲဆိုတော့ ဝင်းရဲ့ မြန်မာစကားပြောတာတွေပေါ့။ အဝင်းနဲ့က တချိန်လုံး ပါးစပ်မပိတ်ရဘူး။ သူပြောတဲ့ စာကြောင်း ၁၀ ကြောင်းမှာ ၉ ကြောင်းလောက်က လွဲလွဲလေးတွေ ဖြစ်နေတာဆိုတော့ ချစ်ဖို့ကောင်းတယ်။ သူကိုယ်တိုင်လည်း အလုပ်လုပ်ရတာ အဆင်ပြေတယ်။ သူကလည်း အနုပညာရှင်တွေဆိုရင် လေးစားတဲ့သူတယောက်ပါ”

ဂျပန်မြန်မာ ချစ်ကြည်ရေးပွဲအတွက် ပြောချင်တာတွေက “အမွန်းပြောချင်တာက ဒါက ဂျပန်နဲ့ မြန်မာ ချစ်ကြည်ရေးလုပ်လာတာ နှစ်တွေ တော်တော်များပါပြီ။ အမွန်းချစ်တဲ့ ပရိသတ်တွေ တော်တော်များများလည်း အားပေးမယ်လို့ ထင်ပါတယ်။ ပွဲတော်လုပ်ရခြင်းရဲ့ အနှစ်သာရကို မမေ့ဖို့ တိုက်တွန်းချင်ပါတယ်။ ဂျပန်နဲ့ မြန်မာဆိုတာ စီးပွားရေးတွေ တူတူလုပ်လာတာကြာပါပြီ။ အမွန်းတို့နိုင်ငံမှာလည်း ဂျပန်တွေ အများကြီးရှိသလို ဂျပန်မှာလည်း အမွန်းတို့ မြန်မာလူမျိုးတွေ အများကြီး ရှိပါတယ်။ ဂျပန်နဲ့ မြန်မာချစ်ကြည်ရေး အဓွန့်ရှည်ပါစေလို့ အမွန်းပြောချင်ပါတယ်” ဟု ဖြေကြားသွား ခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.