မင်းသွေးနဲ့ စကားများခဲ့တာကိုပြောပြတဲ့ သံသာမိုးသိမ့်

မင်းသွေးနဲ့ စကားများခဲ့တာကိုပြောပြတဲ့ သံသာမိုးသိမ့်

တက်သစ်စသရုပ်ဆောင် သံသာမိုးသိမ့်က မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေမင်း၊ မင်းသွေး၊ စည်ဖြိုးပိုင်ဖြိုးသု၊ ရွှေသမီးတိုနဲ့အတူတူပါဝင်သရုပ်ဆောင်ထားတဲ့ လေးပါကျော့ရှိန်   ဝရဇိန်ဇာတ်လမ်းရိုက်ကူးေ နရင်း ဖြစ်ခဲ့တဲ့အကြောင်းတွေအမှတ်တရတွေကိုအင်တာဗျူးတစ်ခုမှာပြောပြခဲ့ပါတယ်။သူပြောပြသွားတဲ့အကြောင်းအရာတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြန်ပြောလိုက်ရပါတယ်။

“အမှတ်တရတွေကတော့အများကြီးပါပဲ။ သဲဖြူကျွန်းကိုသွားတဲ့အချိန် ကားတွေတသီကြီးနဲ့သွားကြတာတွေ၊ ညဆိုရင် ဂဏန်းတွေမှာစားကြတာတွေကိုပြန်တွေးရင်တော်တော်ပျာ်ရပါတယ်။ ကိုမင်းသွေးကိုလည်း အခုဇာတ်လမ်းကြည့်နေရင်းနဲ့အကုန်လုံးကသတိရနေကြတာ။ ဒီ ဇာတ်လမ်းက ကိုမင်းသွေးနဲ့ပထမဆုံးစဆုံတဲ့ဇာတ်လမ်းပါ။

ဒါပေမယ့်ဒီဇာတ်လမ်းလေးမတိုင်ခင်မှာ သူနဲ့ညီမ ဒီအနုပညာအကြောင်းစကားပြောဖြစ်ကြရင်းနဲ့ ကတောက်ကဆဖြစ်ဘူးတယ်။ သူကတော့ကိုယ့်ညီမလေးတစ်ယောက်လိုပဲပွင့်ပွင့်လင်းလင်းပြောပြီး ငါကတော့နင်ဒါမျိုးလုပ်တာမကြိုက်ဘူးဆိုပြီး ဇာတ်လမ်းထဲကအတိုင်းဆုံးမတာကို ကိုယ်ကကျလူငယ်ဆိုတော့ ငါ့ကိုဆရာကြီးလာလုပ်တယ်ထင်တာလေ။ ကိုယ်ကလည်းစိတ်တွေဆိုး သူကလည်းစိတ်တွေဆိုး ။

အပြင်မှာတစ်ရက်ပြန်တွေ့တော့မှ သူကနေပြီး ငါကနင့်ကိုအဲ့ဒီလိုမျိုးပြောတာမဟုတ်ဘူးဆိုပြီးပြောတာ။ ပထမတုန်းကဆို မျက်နှာချင်းတောင်မဆိုင်ဘူး ။ ဒီဇာတ်လမ်းသွားရိုက်မယ်ဆိုတော့ သူနဲ့ငါနဲ့အဆင်ပြေပါ့မလားဆိုပြီးတော့ထိဖြစ်ဘူးပါတယ်။ ဒီကားနဲ့ပတ်သက်ပြီးတော့နည်းနည်းတော့မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ပေါ့ပေါ့ပါးပါးပါပဲ။ ပရိသတ်တွေလည်းအကြိုက်တွေ့လိုက်မယ်လို့မျှော်လင့်ထားပါတယ်”လို့ပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.