ဆေးရုံ၆ကြိမ်၇ကြိမ် အထိတက်ခဲ့ရ လော က်အောင် ကျန်းမာရေး အခြေ အနေဆိုးဝါးခဲ့တဲ့ အကြောင်းကို ပြော ပြလာတဲ့ စွမ်းဇာနည်

ဆေးရုံ၆ကြိမ်၇ကြိမ် အထိတက်ခဲ့ရ လော က်အောင် ကျန်းမာရေး အခြေ အနေဆိုးဝါးခဲ့တဲ့ အကြောင်းကို ပြော ပြလာတဲ့ စွမ်းဇာနည်

မင်းသားချောလေးစွမ်းဇာနည်ကတော့ “စွမ်းသဘင်”ကိုလည်း တည်ထောင်သူတစ်ဦးဖြစ်သလို ဗီ ဒီ ယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။စွမ်းဇာနည်ကလည်း ခန့် ညား ချောမောတာကြောင့် နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးရတဲ့ မင်းသားတစ် လက် ဖြ စ်ပါတယ်။စွမ်းဇာနည်က လက်ရှိအချိန်မှာတော့ အနုပညာအလုပ်တွေကို အနည်းအ ကျဉ်းသာလုပ်ဆောင်နေပါတယ်နော်။

စွမ်းဇာနည်ဟာ ကိုဗစ်ကာလမှာ Stay Home နေရတဲ့ ပြည်သူတွေအတွက် Online ကနေ Live လွှင့်ပြီး ဖျော်ဖြေမှုတွေပြုလုပ်ပေးနေတာပါ ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ စွမ်းဇာနည်က သူ့အနေနဲ့ ဆေးရုံခနခန တက်နေရတဲ့အကြောင်း ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်

“ကျန်းမာရေးက ဘာဖြစ်တာလဲလို့ မပြောချင်ဘူး အရင်လိုပဲ ကျွန်တော်ဆေးရုံတက်ရတာက ၆ ကြိမ် ၇ ကြိမ် လောက်ရှိပြီ တခါတက်ရင် တလတလ တက်ရတယ် အရင်တုန်းကတော့ ဆေးရုံ တ က်ရင် ရန်ကုန်မှာတက်ဖြစ်တယ် အခုနောက်ပိုင်းတော့ မန္တလေးမှာတက်ဖြစ်တယ် မန္တလေးမှာ က ဆွေမျိုးတွေ တပည့်တွေ ပိုများလို့ပါ

ကိုဗစ်ကာလမှာ ဆေးရုံတက်ရတယ်ဆိုတော့ ကိုယ့်ကျန်းမာရေးကိုယ်စိတ်ပူရတယ် ကျွန်တော် ဆေး တွေလည်းသောက်နေရတယ် အာရုံကြောဆေးတွေ အသည်းဆေးတွေ ကျောက်ကပ်ဆေး တွေသောက်နေရတာ ၂ နှစ်ကျော်ပြီ

ကျွန်တော်ဆိုလည်း နေ့တိုင်းဆေးသောက်ရတယ် ကိုယ့်ကိုကိုယ်စိတ်ပူရသလို ပရိသတ်တွေအ တွက် ရော လူသားအားလုံးအတွက်ပါ စိတ်ပူရတယ် ဒီကိုဗစ်ကြီးလည်းပြီးစေချင်ပါပြီ ထွက်ချ င်တိုင်းလည်းထွက်မရ တွေ့ချင်တဲ့သူနဲ့လည်းတွေ့မရနဲ့ပါီကိုဗစ်ကာလ ပျောက် ကွယ် သွားစေ ချင်ပါပြီ

ဒီတခေါက်ဆေးရုံတက်ရတာ ဆယ်ရက်ပါ ဆေးကတော့ ဆက်တိုက်သောက်နေရတယ် တရက် ကို အလုံး ၂၀ ကျော်လောက်ပေါ့ ဆေးရဲ့ Side Effect က ဝိတ်ဘယ်လောက်ချချ ဝိတ်တက်တာ ပဲ ထမင်းတစ်နပ်ပဲ စားလည်းတက်တာပဲ သောက်နေတဲ့ဆေးတွေဝတာမျိုးဆိုတော့ ဝိတ်ကတော့ တက်တာပါပဲ

ကျွန်တော်ဖြစ်နေတဲ့ရောဂါတွေက ကျွန်တော်ဆိုးလို့ ဖြစ်တာပါ အဓိကက ကျွန်တော်ပါပဲ ကျွန် တော် မလုပ်တော့ရင် ဒီရောဂါကပျောက်သွားမှာပါပဲ အခုကျွန်တော်လိမ္မာနေပြီဆိုတော့ ပရိ သတ်တွေလည်း ဘာမှမစိုးရိမ်ကြပါနဲ့ ” လို့ ပြောပြသွားခဲ့တာပဲဖြစ်ပါတယ်နော်

စွမ်းဇာနည်ကတော့ ဆေးရုံ၆ကြိမ်၇ကြိမ် အထိတက်ခဲ့ရလောက်အောင် ကျန်းမာရေး အခြေအ နေဆိုးဝါးခဲ့တဲ့ အကြောင်းကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော် စွမ်းဇာနည်တစ်ယောက်နေ ကော င်း ပြီး အမြန်ဆုံး အနုပညာအလုပ်တွေလုပ်ကိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါ တယ် နော်

Comments are closed.