ချစ်စရာမြေးမလေး အတွက် ဖြစ် စေ ချင်တဲ့ အရာတစ်ခုကို ပြောပြ လို က် တဲ့ အကယ်ဒမီချိုပြုံး

ချစ်စရာမြေးမလေး အတွက် ဖြစ် စေ ချင်တဲ့ အရာတစ်ခုကို ပြောပြ လို က် တဲ့ အကယ်ဒမီချိုပြုံး

မင်းသမီးကြီး ချိုပြုံးကတော့ အနုပညာလောကမှာ ထင်ရှားလှတဲ့ အနုပညာရှင်ကြီးဖြစ်ပြီး ပရိ သတ်တွေရဲ့ ချစ်ခြင်းကိုရရှိထားသူတစ်ဦးပါ မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ချိုပြုံးက ချစ်စရာ မြေးမလေး သန့်ဝတ်ရည်မိုး အတွက် ဖြစ်စေချင်တဲ့ အရာတစ်ခုကို ပြောပြလာခဲ့တာပါ

ချိုပြုံးက “သူကအိမ်ထဲကအိမ်ပြင်တောင်မထွက်ဘူး အခုတောင်မနည်းခေါ်လာရတာ သူကသူ့ ဘာသူနေချင်တဲ့ စိတ်ပဲရှိတယ် ကျောင်းသွားမယ် ကျောင်းကပြန်လာရင် အိမ်မှာနေမယ် အိမ် ရောက်ရင် Facebook ပွတ်ပြီးတော့ ဂိမ်းကစားတာပေါ့ အဲ့လိုပဲနေတာ”

ဒါပေမယ့် သူ့ကို မေချိုက သီချင်းလေးတော့ဆိုခိုင်းချင်လို့ပေါ့နော်သမီးရယ် သူ့အသံဘယ်လို နေမလဲတော့မသိဘူး ဒါပေမယ့် မေချိုကဆရာတစ်ယောက်နဲ့တော့ အပ်ထားတယ် သူ့အသံ နည်းနည်းအဆင်ပြေမယ်ဆိုရင် သူ့ကိုသီချင်းဆိုခိုင်းမယ်”

“မြေးမလေးကိုတော့ ရုပ်ရှင်မင်းသမီးလည်းဖြစ်စေချင်တယ် အဆိုတော်လည်းဖြစ်စေချင်တယ် ဒါပေမယ့် မပြောနိုင်ဘူးလေ မေချိုဆိုလို့ရှိရင် ကလေးလေးယောက်ရတော့မှ ရုပ်ရှင်မင်းသမီး ဖြစ်တယ် အဆိုတော်ကတော့ ၁၁ နှစ်သမီးကတည်းကဖြစ်တာပေါ့နော်

ကိုယ်ကဖြစ်စေချင်တိုင်းလည်း မဖြစ်ဘူးလေ ပါရမီပါမှ ပရိသတ်ကလက်ခံမှ ဒါတွေကဖြစ်တာ
ပရိသတ်ကလည်းလက်ခံမယ် ပါရမီလည်းပါမယ်ဆို သူဟာ့သူဖြစ်သွားမှာပဲ မေချိုကတော့အဲ့လို ပါပဲ ဘာလို့ဆို အရမ်းလောဘကြီးလို့မရဘူး မဖြစ်နိုင်တာကြီးကို အတင်းတွန်းတင်လို့မရဘူး

တွန်းလည်းမတင်ဘူး အခုသူအင်တာဗျူးလေးတစ်ခုပါတယ် လူတွေသူ့ကို အရမ်းစိတ်ဝင် စားကြ တယ် ဘာလို့ဖွက်ထားတာလဲတို့ဘာတို့ မဟုတ်ပါဘူး မေချိုတို့က သူကကလေးဆိုတော့လူရာ ကို မသွင်းတာ ဟိုလူကခေါက်သွားလိုက် ဒီလူကကန်သွားလိုက်နဲ့ အကိုတွေအမတွေကချစ်တယ် သူ့ အကိုအကြီးဆုံးဆို တအားချစ်တာ အဓိကက အချိန်မတန်သေးလို့ပါ အချိန်တန်ရင်တော့ ပြမှာ ပါ” လို့ဆိုလာခဲ့တာပါ

မေချိုကတော့ သူ့ရဲ့မြေးမလေးကို ရုပ်ရှင်မင်းသမီးရော အဆိုတော်ပါ ဖြစ်စေချင်ပေမယ့် ပါရမီ ပါဖို့လဲ လိုသေးတဲ့အကြောင်း ပြောပြသွားခဲ့တာပါနော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူး တင်ပါတယ်နော်

Comments are closed.