အသံနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့အပေါ် ပြောပြတဲ့ အောန်ဆိုင်း

အသံနဲ့ ပတ်သက်ပြီး ဝေဖန်တဲ့အပေါ် ပြောပြတဲ့ အောန်ဆိုင်း

စူပါမော်ဒယ် အောန်ဆိုင်းဟာဆိုရင် body နဲ့ ပတ်သက်ပြီး ရေပန်းစားသူတစ်ယောက် ဖြစ်ပါတယ်။ ကချင်တိုင်းရင်းသူ အချောအလှတွေထဲက တစ်ယောက်ဖြစ်ပြီး အနုပညာ လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ Canal+ ရဲ့ brand ambassador တစ်ယောက်ဖြစ်သလို sports အစီအစဉ်မှာ အင်တာဗျူးတွေ ဆောင်ရွက်ပေးနေတဲ့ အောန်ဆိုင်းက gym ဆော့ရတာ ဝါသနာပါပြီး body fit ဖြစ်နေရတဲ့ အကြောင်းရင်းကို အင်တာဗျူးမှာ ပြောသွားပါတယ်။

gym ဆော့ဖြစ်တဲ့ အကြောင်းရင်းကိုလည်း အောန်ဆိုင်းက ခုလို ပြောပြသွားပါတယ်။ “အမြဲတမ်းလှပနေတဲ့ လျှို့ဝှက်ချက်က စိတ်ချမ်းသာလို့ပါ။GYM ကိုနေ့တိုင်း  မသွားဖြစ်ဘူး။ ဘာလို့လဲဆိုတော့ နေ့တိုင်းသွားချင်စိတ် မပေါ်ဘူး။ တစ်ခါတစ်ခါ ပျင်းတဲ့စိတ်ဖြစ်တယ်။ အောန်ဆိုင်းအနေနဲ့က အစားအသောက်ကို အရမ်းကြိုက်တယ်။ အစားသောင်းကျန်းတဲ့သူဆိုတော့ ဆော့မှရမယ်။ ဒါပေမဲ့ တစ်ချို့ တစ်ချို့သော ပျင်းတဲ့ရက်တွေမှာ ဆော့ချင်အောင် motivation ပေးရတယ်။

ဟိုအရင်က အနုအညာ စလုပ်တဲ့အချိန်မှာ အောန်ဆိုင်းက တော်တော်ပြည့်တယ်။ နောက်ပိုင်းတော့ body fit ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် transform လုပ်ဖြစ်တယ်။ fit ဖြစ်ချင်လို့ Gym ဆော့လာတာ နောက်ပိုင်းနှစ်တွေမှာမှ ပရိသတ်တွေ သတိထားမိပြီး သဘောကျတယ်လို့ ကြားရတော့ အများကြီး ဝမ်းသာတယ်။” လို့ ဆိုပါတယ်။

comments တွေကို ခေါင်းထဲ မထည့်ထားတဲ့အကြောင်း အောန်ဆိုင်းက ခုလို ပြောသွားပါတယ်။”အသံနဲ့ ပတ်သက်ပြီး ဝေဖန်တာတော့ ရှိတယ်။ အမှန်တိုင်း ပြောရရင် အောန်ဆိုင်းကလေ comment အဲ့လောက် မဖတ်ဘူး။ အဲ့လိုလျှောက်မကြည့်ဘူး။ များသောအားဖြင့် ကောင်းတာ ပြောတာရှိတယ်။ ဆိုးတာပြောတာရှိတယ်။ ဒါကြီးကို ခေါင်းထဲသိပ်မထည့်ဘူး။” ဆိုပြီး ပြောပြသွားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.