အဆိုတော်မဖြစ်ခင်ခက်ခဲကြမ်းတမ်းတဲ့ဘဝအကြောင်းပြောပြတဲ့ Oasix

အဆိုတော်မဖြစ်ခင်ခက်ခဲကြမ်းတမ်းတဲ့ဘဝအကြောင်းပြောပြတဲ့ Oasix

Oasix ဆိုတာနဲ့ လူငယ်ပရိသတ်တွေရဲ့နားထဲမှာ “ဘယ်တော့မှနောက်ထပ် ထပ်မရှုပ်တော့ပါ မင်းတစ်ယောက်ထဲပဲအမြဲတမ်းချစ်တော့မလို့…”ဆိုတဲ့ နဒီနဲ့အတူတွဲဆိုထားတဲ့သီချင်းလေးကိုကြားယောင်လာကြမှာ သေချာပါတယ်။ လူငယ်ပရိသတ်တွေရဲ့အားပေးမှုအခိုင်အမာရရှိထားတဲ့အဆိုတော် Oasix ရဲ့ ဘဝခရီးလမ်းဟာ အဆိုတော်ဖြစ်ဖို့အတွက်ရေကန်အသင့်ကြာအသင့်ဖြစ်ခဲ့တာတော့မဟုတ်ပါဘူး။ တောအထပ်ထပ်တောင်အစွယ်စွယ်ဆိုသလို ဒုက္ခသုက္ခပေါင်းများစွာထဲကနေ ဝါသနာပါရာကိုရုန်းကန်ကြိုးစားခဲ့ရတယ်လို့ဆိုရမှာပါ။ Oasix Popular Journal နဲ့ အင်တာဗျူးမှာ ခက်ခဲကြမ်းတမ်းခဲ့တဲ့ ဘဝခရီးလမ်းအကြောင်းကိုပြောပြသွားခဲ့ပါတယ်။

အထက်တန်းကျောင်းလောက်ကတည်းက မိသားစုပြဿနာတွေ အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရကြောင်း Oasix က “ကျွန်တော့်အဖေက ခရိုင်တရားသူကြီးလုပ်တယ်။ ကျွန်တော်ကိုးတန်းမှာသူက လေဖြတ်သွားတယ်။ ကိုယ်တစ်ခြမ်းလှုပ်မရတာ။ စကားတွေဘာတွေပြောမရတော့တာ။ ကျွန်တော်က ကျောင်းမှာ ဆယ်တန်းအထိစာအရမ်းလုပ်တာ။ ဆယ်တန်းပြီးတော့ သူတို့ဖြစ်စေချင်တဲ့အတိုင်းဖြစ်မလာဘူး။ ကျွန်တော့်ဖားသားကလည်း ကိုးတန်းမှာအဲ့လိုဖြစ်သွားတယ်ဆိုတော့ ပြဿနာပေါင်းစုံက စုရောက်လာတဲ့အချိန်မှာ ကျွန်တော်က ဒီလိုင်းကိုရွေးသွားတော့ အိမ်က ကျွန်တော့်ကိုတင်းတာပေါ့ အရင်က မိဘတွေက သိတဲ့အတိုင်း စာမှစာပဲသူတို့က”လို့ ပြောပြထားပါတယ်။

အခုအချိန်မှာတော့ ဒီအလုပ်ကိုမိသားစုကလက်ခံသွားပြီဆိုတဲ့အကြောင်းလည်း Oasix က “အခု ဒီအချိန်မှာသူတို့လက်ခံသွားပြီ။ ကျွန်တော်ကအရမ်းဟုမ်းဟုမ်းတောက် နေရာတိုင်းသွားပြီး စည်ကားနေတာ။အဲ့လိုလူမျိုးကြီးဖြစ်နေချင်တာလည်းမဟုတ်ဘူး။ ကျွန်တော့်ကိုသူတို့သိကြတယ်။ ကျွန်တော်ဆိုတဲ့သီချင်းတွေကိုသူတို့သိကြတယ်။ အဲ့လိုမျိုးပေါ့။ အဲ့လောက်ဆိုတော်ပြီ။ ကျွန်တော် အိမ်ကိုလည်းပြောထားတယ်။ ကျွန်တော်သီချင်းတွေဆိုတယ်။ ဒီလိုသီချင်းတွေဆိုတယ်ပေါ့။ ဒီအချိန်မှာသူတို့လည်းလက်ခံသွားပြီ။ကျွန်တော်လည်းအဆင်ပြေတယ်ဆိုတော့ ဒီအလုပ်က ဖြစ်အောင်လုပ်ရင်ဖြစ်နိုင်တယ်ဆိုတာ သူတို့သိသွားတာပေါ့”လို့ မိသားစုအရေးတွေနဲ့ပတ်သက်ပြီးရင်ဖွင့်ထားပါတယ်။

အောက်ခြေကစတက်ပြီးအဆိုတော်လုပ်ရတယ်ဆိုတာ ထင်သလောက်မလွယ်ကြောင်းလည်း “ဒီဟာက ထင်သလောက်မလွယ်ဘူးပေါ့။ ပိုက်ဆံလေးရ၊ဟိုပွဲလေးသွားလိုက်၊show ဆိုလိုက်၊ပိုက်ဆံလေးရလိုက်ဆိုတာ ကျွန်တော်တို့နဲ့ကျွန်တော်တို့သူငယ်ချင်းတွေနဲ့မနီးစပ်တဲ့လူတွေဆီကပဲကြားရင်ကြားရမယ်။ ကျွန်တော်တို့သူငယ်ချင်းတွေဘယ်လိုသွားလာနေထိုင်နေလဲဆိုတာကို သိတဲ့လူတွေကတော့ ဒီစကားပြောမှာမဟုတ်ဘူး”လို့ ဖွင့်ဟထားပါတယ်။

ဖြတ်သန်းခဲ့ရတဲ့အထဲမှာ အခက်ခဲဆုံးအချိန်တွေအကြောင်းကိုတော့ Oasix က “အခက်ခဲဆုံးကဘယ်လိုလဲဆိုတော့ မော်ဒယ်ရှိုးပွဲတွေရှိတယ်။ မော်ဒယ်တွေနားတဲ့အချိန်ရှိတယ်။ ဆယ့်ငါးမိနစ်လောက်။အဲဒီအချိန်မှာကျွန်တော်တို့ကိုသီချင်းလာဆိုခိုင်းတယ်။ လာဆိုခိုင်းတာကလည်း သူတို့အဝတ်လဲမလို့ကျွန်တော်တို့ကိုဆိုခိုင်းတာ။အဲလိုအခြေအနေမျိုးတွေမှာလည်းသွားဆိုဖူးတယ်။ ရှေ့ကလူတွေ၊ရှိပြီးသားအဆိုတော်တွေက အသစ်တွေရဲ့သီချင်းကို ကောင်းကောင်းနားမထောင်ပေးဘူး။အဲဒါလည်းတော်တော်ခက်ခဲတယ်”လို့ ရင်ဖွင့်ထားခဲ့ပါတယ်။

့ပရိသတ်ကြီးရော ရုန်းကန်ကြိုးစားပြီးအဆိုတော်ဖြစ်လာတဲ့ Oasix ကိုချစ်ကြလား။ Oasix ရဲ့သီချင်းတွေထဲမှာဘယ်သီချင်းကိုအကြိုက်ဆုံးလဲ။သီချင်းအသစ်တွေကိုရော နားထောင်ချင်နေကြပြီလား။ ပြောခဲ့ကြပါဦး။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သို့မဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.